Wonder Woman ကတော့ comic character တွေထဲကမှ လူကြိုက်အများဆုံး အမျိုးသမီး superhero တွေထဲထိပ်ဆုံးမှာပါဝင်လို့နေပါတယ်။ ဒီလို superhero character တစ်ခုကို ဟိုးအရင် ရုပ်ရှင်အဖြူအမည်းခေတ်ကတည်းက မရိုးနိုင်အောင် ဇာတ်ကားတွေရိုက်လာခဲ့ပေမယ့်လို့ ၂၀၁၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Wonder Woman နဲ့ကျမှပဲ ကမ္ဘာကိုကျော်သွားတော့တာပဲ။
လက်ရှိ DC ရဲ့ တရားဝင် Wonder Woman အဖြစ်ကတော့ အစ္စရေးအလှမယ်တစ်ဦးတစ်ဖြစ်ခဲ့တဲ့ Gal Gadot က တာဝန်ယူသရုပ်ဆောင်ထားခဲ့တာပါ။ Gal Gadot ကို စစချင်း Wonder Woman အဖြစ် ရွေးချယ်ခဲ့တုန်းကတော့ DC ပရိတ်သတ်တွေအနေနဲ့ ဝေဖန်မှုတွေတော်တော်လေးကို ဖြစ်ခဲ့ပါသေးတယ်။ မလိုက်ဖက်လို့ပါတဲ့။

တကယ်လည်း Gal Gadot နဲ့ comic ထဲက Wonder Woman ကို စစချင်းတော့ ဘယ်လိုမှတွဲမြင်လို့မရခဲ့ဘူး။ ဘာလို့ဆို comic ထဲက Wonder Woman ဟာ အမေဇုန်မိန်းမကြမ်းကြီးဆိုတဲ့အတိုင်း အမျိုးသားတစ်ယောက်နဲ့ ယှဉ်နိုင်မယ့် ကြွက်သားအဖုအထစ်တွေ၊ အရပ်အမောင်း၊ ခက်ထန်တဲ့မျက်နှာထားတွေရှိနေတာပါ။ တစ်ဖန် Gal Gadot ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ပိန်ပိန်သွယ်သွယ်လေးနဲ့ မိန်းမဆန်တဲ့ကျော့ရှင်းတဲ့မျက်နှာထားလေးကြောင့် Wonder Woman ဇာတ်ကောင်နဲ့မလိုက်ဘူးပေါ့လေ။
ဒါပေမဲ့လည်း ၂၀၁၇ ခုနှစ်မှာ ပထမဆုံး Gal Gadot ရဲ့ Wonder Woman ထွက်ပြီးတဲ့နောက်မှာတော့ အမျိုးသမီးပရိတ်သတ်တွေရော၊ အမျိုးသားပရိတ်သတ်တွေရောရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံခဲ့ရပါတော့တယ်။ အခု လာမယ့် ၂၀၂၀ ဇွန်လ ၄ ရက်နေ့ သို့မဟုတ် ၅ ရက်နေ့မှာတော့ Wonder Woman ဒုတိယမြောက် ရုပ်ရှင်အသစ် ထွက်လာတော့မှာပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်ကတော့ “1984” ပါတဲ့။
One… year… from… TODAY… #WW84 pic.twitter.com/2LQllhixFJ
— Patty Jenkins (@PattyJenks) June 5, 2019
ဇာတ်အိမ်ကိုတော့ ၁၉၈၄ ခုနှစ်မှာ အခြေခံကာ ရိုက်ကူးသွားမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၄ ခုနှစ်ပတ်ဝန်းကျင် Wonder Woman ခေါ် Diana Prince အနေနဲ့ အဲဒီကာလတုန်းက ဆိုဗီယက်နိုင်ငံတွေကြားထဲ နိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက် အဲဒီအရှုပ်ရှင်းထဲ superhero တစ်ယောက်အနေနဲ့ ပါဝင်လာခဲ့ကာ ဗီလိန်အနေနဲ့ကတော့ Cheetah ဆိုတဲ့ super villain တစ်ယောက်ပါဝင်လာပါတယ်။


၁၉၈၄ ခုနှစ်ကို အခြေခံထားတယ်ဆိုတဲ့အတိုင်းပဲ Wonder Woman ရဲ့ ဝတ်စုံမှာပါတဲ့ ဒေါက်ဖိနပ်လေးကအစ ၁၉၈၀ ပြည့်နှစ်တွေတုန်းက ခေတ်စားခဲ့တဲ့ ဒေါက်ပုံစံလေးတွေသုံးထားသလို trailer မှာကြည့်ရလောက် သီချင်းတွေကလည်း disco သီချင်းတွေ၊ လမ်းမမှာ underground ကနေတဲ့ ပုံစံမျိုးတွေ၊ စူပါမားကတ်တို့၊ ရောင်စုံရတဲ့တီဗီ၊ စီစီတီဗီ စတဲ့လျှပ်စစ်ပစ္စည်းတွေကိုလည်း ဦးစားပေးထည့်သွင်းထားပါသေးတယ်။ ဒီအပြင်ကိုမှ Wonder Woman ရဲ့ amour အသစ်ကြီးကိုလည်း ကျွတ်ဆင်ကြီးအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ပထမကားမှာ သေဆုံးသွားခဲ့တယ်ဆိုတဲ့ ချစ်သူ Steve ကိုလည်း မသေခင်ကပုံလေးအတိုင်း ပြန်ထည့်ထားသေးတယ်ဆိုတော့..
Penny