ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကား Trailer (၄) ခု

Image:IG/Taylor Swift

ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရတာကြိုက်တဲ့ ပရိသတ်တွေ အတွက် ဒီတစ်ပတ် အတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကား Trailer ကောင်းလေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။

Trolls 2

(2020) မေ (၂၉)မှာ ပြသမှာပါ။animation ဇာတ်ကားလေးပါ။Anna Kendrick ၊ Sam Rockwell Sam Rockwell ၊ Jamie Dornan ၊ Rachel Bloom Rachel Bloom ၊ Justin Timberlake တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

CATS

(2019) ဒီဇင်ဘာ (၂၀)မှာ ရုံတင်ပြသမှာပါ။ဒါရိုက်တာကတော့  Tom Hooper ပါ။ Taylor Swift, Idris Elba, Francesca Hayward တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

The Call of the Wild

READ
"ရည်းစားတဝမ်းကွဲ နဲ့သွားတွေ့ခဲ့တယ်" ဆိုတဲ့ ဖွေးဖွေး

ခွေးတစ် ကောင်နဲ့လူတစ်ယောက်ကြားက မေတ္တာတရားကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။The Call of the Wild ကိုတော့ (၂၀၂၀) ဖေော်ဝါရီ (၂၁)မှာ ရုံတင်ပြသမှာပါ။  Harrison Ford, Dan Stevens, Omar Sy, Karen Gillan, Bradley Whitford နဲ့ Colin Woodell တို့ သရုပ်ဆောင်ထားပါတယ်။

The Irishman

ဒီဇာတ်ကားကတော့ Biography ဇာတ်ကားပါ။I Heard You Paint Houses  ဆိုတဲ့ စာအုပ်ကို အခြေခံ ရိုက်ကူးထားတာပါ။အမေရိကန်မှာတော့ (၂၀၁၉) နိုဝင်ဘာ (၁)ရက်နေ့တည်းက ရုံတင်ပြသခဲ့ပါတယ်။Netflix မှာတော့ (၂၀၁၉)နိုဝင်ဘာ (၂၇)မှာ ပြသမှာပါ။Frank Sheeran ဆိုတဲ့ ကြေးစားလူသတ်သမား ရဲ့ အကြောင်းပါ။ Robert De Niro, Al Pacino နဲ့ Joe Pesci တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

READ
လူတိုင်းငေးလောက်အောင်လှနေတဲ့ ပရိသတ်အချစ်တော် မင်းသမီး အေးသောင်း

Ref; Wiki & imdb

 

SHARE