ဒတ်ခ်ျဘူတာရုံတစ်ခုမှာ ရထားတစ်စီးဟာ အရံအတားကိုကျော်လွန်ပြီး မြေထဲဖောက်ဝင်မယ့်အရေး ရုပ်ထုကြီးတစ်ခုက ဟန့်တားနိုင်ခဲ့ကြောင်း standard သတင်းစာမျက်နှာအရ သိရပါတယ်။ ရထားဟာ ဘူတာရုံမှာရှိတဲ့ အရံအတားကို တနင်္လာနေ့မနက် ၁၂း၃၀ အချိန်မှာဝင်တိုက်မိခဲ့တာပါ။ Rotterdam အနီးက Spijkenisse မြို့ De Akkers မီးရထားဘူတာရုံလို့သိရပါတယ်။ ရထားကြီးဟာ လူသွားလမ်းကနေ ၃၂ပေအထက်လေထဲမှာ တွဲလောင်းဆွဲခိုနေခဲ့တာဖြစ်ပြီး ဘူတာရုံထဲက ဝေလငါးကြီးရဲ့အမြီးပေါ်ကို သွားကျနေတာဖြစ်ပါတယ်။
မီးရထားတိုက်မှုဖြစ်ပွားတုန်း ရထားပေါ်မှာ လူတစ်ဦးမှရှိမနေဘူးလို့ သိရပါတယ်။ ရထားမောင်းသူရှိပေမယ့် သူလည်း အန္တရာယ်တစ်စုံတစ်ရာမရှိခဲ့ပါဘူး။ ထို့နောက်မှာတော့ ရထားကြီးကိုနေရာတကျဖြစ်အောင် ပြန်လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ဒေသမီဒီယာကဆိုပါတယ်။
ရထားမောင်းသမားကိုတော့ ကျန်းမာရေးအတွက်စစ်ဆေးပေးဖို့ရန် ဒေသခံဆေးရုံကိုပို့ဆောင်ခဲ့ပါတယ်။ မီးသတ်သမားတွေနဲ့ အရေးပေါ်ဌာနကလူတွေကတော့ ရထားမတော်တဆမှုဖြစ်ပွားပြီးပြီးချင်း ရထားကြီးကို ပုံမှန်အနေအထားပြန်ရောက်ဖို့ အချိန်ယူခဲ့ကြပါတယ်။
ရထားရဲ့အောက်ပိုင်းဘီးအုံကတော့ ပျက်စီးသွားတဲ့အတွက် ပြုပြင်စရာရှိတာတွေ ပြုပြင်ရဦးမှာပါ။ ရထားဦးခေါင်း သောင်တင်ခဲ့တဲ့ ဝေလငါးအမြီးရုပ်ထုကိုတော့ ဒတ်ခ်ျဗိသုကာပညာရှင် Maarten Strujis ဆိုသူက ဖန်တီးခဲ့ပါတယ်။ ရုပ်ထုကို ပေါ်လီအက်စတာနဲ့ပြုလုပ်ပြီး မီးရထားလမ်းအဆုံးမှာ ၂၀၀၂ ခုနှစ်ကတည်းက တပ်ဆင်ခဲ့တာဖြစ်ပါတယ်။ အခုလို မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့ စစ်ဆေးနေဆဲပဲလို့ သိရပါတယ်။
Artful death dodger. Police and fire crews surround scene trying to establish how to release the metro #spijkenisse pic.twitter.com/I36qpxIVK2
— anna holligan 🎙 (@annaholligan) November 2, 2020
ShweMom