“ကျွန်တော် သူသေတာမမြင်ချင်ဘူး။”
ဒီစကားဟာ Bay Area Rapid ရဲ့ ရထားလမ်းကြောင်းစနစ်ကြည့်ကြပ်ရေးမှူး John O’Connor က ပြောလာခဲ့တာပါ။ John O’Connor ရဲ့ သတ္တိရှိရှိနဲ့ပြုလုပ်ခဲ့တဲ့ သူရဲကောင်းဆန်ဆန်လုပ်ရပ်တစ်ခုကြောင့် ဝိုင်းဝန်းချီးကျူးထောပနာပြုနေတဲ့သူတွေ သိပ်ကိုများပြားနေခဲ့ပါတယ်။ ဘယ်လိုလုပ်ရပ်ဖြစ်မလဲဆိုတာကိုတော့ Western Journal မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့၊ နိုဝင်ဘာလ ၃ ရက်နေ့တုန်းက John O’Connor ဟာ တခြားပုံမှန်နေ့တွေလိုပဲ Bay Area Rapid ဘူတာမှာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့ဖြစ်တာကြောင့် ဘူတာမှာ လူတွေကတော့ ပုံမှန်ထက်ပိုစီကားနေကြတာပေါ့။
လျှောက်လမ်းမှာ ခရီးသည်တွေကြားထဲ သွားလာပြီး စစ်ဆေးစရာရှိတာစစ်ဆေးနေတုန်း John O’Connor ရဲ့မျက်စိရှေ့မှာတင် ခရီးသည်တစ်ယောက်က လူတွေကိုရှောင်ရှားရင်း ရထားသံလမ်းပေါ်ကို ခြေချော်ကာလဲကျသွားခဲ့ပါတော့တယ်။ ဒါကို အနီးအနားမှာရှိနေတဲ့သူတွေကလည်း အော်ဟစ်နေခဲ့ကြပြီး တိုက်ဆိုင်စွာနဲ့ပဲ ဟိုးဖက်မှာ အရှိန်နဲ့ ရထားကလည်း အဲဒီလူဆီကို တည့်တည့်ကြီးခုတ်မောင်းလာနေပါတော့တယ်။
ဒါနဲ့ John O’Cornnor က မဆိုင်းမတွ ပြုတ်ကျသွားတဲ့လူဆီကို ပြေးသွားကာ အလျှင်အမြန်ပဲဆွဲတင်လိုက်ခဲ့ပါတော့တယ်။ လွတ်သွားမလွတ်သွားကိုတော့ ဗီဒီယိုမှာ အသည်းတယားတယားနဲ့ရှုစားလိုက်ကြပါဦး။
Here is the dramatic platform video of our humble hero John O’Connor saving a man’s life at the Coliseum station Sunday night. John is a Transportation Supervisor and has worked at BART for more than 20 years. An amazing rescue. pic.twitter.com/KrO75nqPYb
— SFBART (@SFBART) November 4, 2019
ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားပြုတ်ကျသွားတဲ့နေရာအနီးဆုံးမှာ လူတွေရှိနေပေမယ့်လည်း ရုတ်တရက်ဆိုတော့ ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ တွေဝေစိတ်တွေကြောင့် ကယ်တင်ဖို့မကြိုးစားခဲ့ပေမယ့်လည်း ဘူတာရုံဝန်ထမ်း John O’Connor ကတော့ “ကျွန်တော် သူသေတာမမြင်ချင်ဘူး။” ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ အချိန်မှီကယ်တင်သွားနိုင်ခဲ့ပါတော့တယ်။
John O’Cornnor ဟာ Bay Area Rapid ဘူတာမှာ တာဝန်ထမ်းဆောင်နေခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ရှိနေခဲ့ပါပြီ။ အဲဒီနေ့၊ အဲဒီအချိန်က သူသာ အမျိုးသားကိုမကယ်ခဲ့ဘူးဆိုရင်ဖြင့်…
This #BART worker just saved this man from falling onto the tracks as the train was approaching! Amazing!! pic.twitter.com/RX3zD36853
— Tony Badilla (@TonyBadilla) November 4, 2019

Penny