သြဂုတ်လအတွင်းမှာ ထွက်ရှိတော့မယ့် Train To Busan ရဲ့ နောက်ဆက်တွဲရုပ်ရှင် Peninsula

Youtube

လွန်ခဲ့တဲ့ လေးနှစ်လောက်က ထွက်ရှိခဲ့တဲ့ Train To Busan ကိုတော့ လူတိုင်းနီးပါး ကြည့်ဖူးကြမှာပါ။ ဗိုင်းရပ်စ်တစ်ခုကနေ ကူးစက်ခဲ့တဲ့ ရောဂါပိုးဟာ လူသားတွေကို ကူးစက်တဲ့ အချိန်မှာတော့ သွေးစုပ်ဖုတ်ကောင် အသွင်အဖြစ်ပြောင်းလဲသွားတာပဲ ဖြစ်ပါတယ်။ Train To Busan ဇာတ်ကားဟာ ကိုရီးယားနိုင်ငံရဲ့ အမိုက်ဆုံး Zombie ဇာတ်ကားတစ်ခုလို့တောင် သတ်မှတ်နိုင်ပါတယ်။ အခုတော့ မကြာခင်အချိန်မှာ Train To Busan ရဲ့ အဆက် Train To Busan 2: Peninsula ဇာတ်ကားဟာ ထွက်ရှိတော့မှာ ဖြစ်ကြောင်း Scmp သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့အချိန်ကြောင့် ရုံတင်ရက်ကို အရင်သတ်မှတ်ထားတဲ့ ရက်ကနေ ပြောင်းလဲပြီ သြဂုတ်လ ၆ ရက်နေ့ကို တရားဝင်သတ်မှတ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ Trailer နဲ့တင် Train To Busan 2: Peninsula ဇာတ်ကားဟာ တော်တော်ကောင်းမယ့် ဇာတ်ကားအဖြစ် သတ်မှတ်နိုင်ပါတယ်။

မင်းသားမင်းသမီးတွေကတော့ အပြောင်းအလဲရှိပါတယ်။ အရင် Train To Busan ဇာတ်ကားထဲက ဖက်တီးမင်းသားကြီး Ma Dong-Seok နဲ့ မင်းသား Gong Yoo ကတော့ Zombie အကိုက်ခံရလို့ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီ Train To Busan 2:Peninsula ဇာတ်ကားထဲမှတြော့ မိန်းကလေးတွေ အသည်းစွဲ ကိုရီးယာမင်းသားချောလေး Gang Dong-Won က ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

View this post on Instagram

070619 @monotube_official IG 📷 #모노로그 강동원&친구들, Viva L.A Vida #2 오랜만에 화보 촬영에 나서며 미모 뿜뿜한 강동원. "나도 한 번 입어볼래" vs "빨리 벗어, 내놔!" 배정남과의 현실 형제 케미까지! 유튜브 #모노튜브 채널에서 확인하세요. Trans: #Monolog GDW & Friends, Viva L.A Vida #2 It's been a while since come out to shoot pictorial #GangDongWon, who exuded his good looks "Let me try it on too" vs "Take it off, give it to me!" Chemistry reality brother w/ Bae Jung Nam! . . . #강동원 #GangDongWon #kangdongwon #배정남 #BaeJungNam #monotube #강동원브이로그 #스타브이로그 #매주토요일저녁8시업로드 #유튜브채널프필에서확인

A post shared by Gang Dong Won FanPage (@kdwarchive0118) on

ဇာတ်လမ်းကတော့ Zombie တွေ အပြည့်ဖြစ်နေတဲ့ Busan မြို့ကြီးထဲကို Gang Dong-Won တို့ အဖွဲ့ကလာရောက်ပြီးတော့ ဖြေဆေးလာရှာတဲ့အကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Zombie မြို့တော်ကြီးဖြစ်သွားပြီတဲ့နောက် ပြောင်းလဲသွားတဲ့ လူနေမှုပုံစံတွေကြားထဲမှာ Gang Dong-Won တို့အဖွဲ့ ဘယ်လိုရှင်သန်နေထိုင်ရလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် ကြည့်ရှု့ဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။

READ
သရုပ်ဆောင် ကောင်းလွန်းတဲ့ Joaquin Phoenix ရဲ့ အကောင်းဆုံး ရုပ်ရှင်ကား ၅ ကား
Youtube

Pyi Hein Kyaw

SHARE