“Train To Busan” ရဲ့ အတွဲဆက်ရုပ်ရှင်ဇာတ်ကားအတွက် သရုပ်ဆောင်စာရင်းကြေညာ

from allkpop. kpopmap, osen, asiatoday

ပရိသတ်များစွာ အားပေးခဲ့ကြတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ ‘Train To Busan’ ကတော့ သူရဲ့ အတွဲဆက်ဖြစ်တဲ့ ‘Bando’ ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ‘Train To Busan’  ကားရဲ့ ဒါရိုက်တာကပဲ ဆက်လက်ရိုက်ကူးမှာဖြစ်ပြီး Train To Busan ဇာတ်လမ်းထဲက အဖြစ်အပျက်တွေပြီးနောက် ၄ နှစ်အကြာမှာ ဇွန်ဘီးရောဂါ ပျံ့နှံ့မှုက ကိုရီးယားကျွန်းဆွယ်တစ်ခုနဲ့ ပတ်သက်ဆက်နွယ်နေတဲ့အကြောင်းကို ရိုက်ပြသွားမှာဖြစ်ပါတယ်။

collectors.com

အဲဒီကျွန်းဆွယ်မှာတော့ ဇွန်ဘီးတွေနဲ့ ပြည့်နှက်နေပြီး လူတွေ ခြေချလို့ မရလောက်အောင်ဖြစ်နေတာပါ။ ဒါပေမဲ့ လူအချို့ကလည်း အဲဒီကျွန်းထဲမှာ ပိတ်မိနေဆဲဖြစ်ပါတယ်။

allkpop

‘Bando’ ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တွေကတော့ Kang Dong Won, Lee Jung Hyun, Lee Rae,Kwon Hae Hyo, Kim Min Jae ,Goo Kyo Hwan တို့ဖြစ်ကြပါတယ်။ ‘Bando’ ရုပ်ရှင်ကားကိုတော့ ဇွန်လ ၂၄ ရက်နေ့မှာ စတင်ပြီး ရိုက်ကူးနေပြီဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ ပထမဆုံး teaser ဓါတ်ပုံကိုလည်း ချပြလိုက်ပြီဖြစ်ပါတယ်။

READ
Liam Hemsworthနဲ့ Australiaမှာနေဖို့ LAကပွဲကိုဖျက်လို်က်တဲ့ Miley Cyrus
allkpop

source: Allkpop

SHARE