တရုတ်အကြောင်း မကောင်းပြောတဲ့ Trump ကို အရူးပြန်လုပ်ခဲ့တဲ့ တရုတ်သံအမတ်

(၂၇.၉.၂၀၁၈)ရက်နေ့က ကျင်းပခဲ့တဲ့ UN အစည်းအဝေးပွဲမှာ အမေရိကန်သမ္မတ Donald Trump ဟာ တရုတ်ပြည်ကို US ရဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ကာ လွှမ်းမိုးမှုတွေလုပ်ကိုင်နေတယ်လို့ လူအများရှေ့စွတ်စွဲလိုက်ပါတယ်။

ပေကျင်းဟာ နှစ်နိုင်ငံအတွင်းက ကုန်သွယ်ရေးအင်အားပြိုင်ဆိုင်မှုကြောင့် Trump တာဝန်ကျေပွန်နေတာကို မလိုလားဘူးလို့ဆိုပါတယ်။

သူ့ရဲ့အုပ်ချုပ်မှုပိုင်းနဲ့ ဆန့်ကျင်ကာ လာမယ့်နိုဝင်ဘာမှာပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်လွှမ်းမိုးနေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ Trump ဟာ ကုန်သွယ်ရေးနယ်ပယ်မှာ တရုတ်ကို ပထမဦးဆုံးစိန်ခေါ်ရဲတဲ့ သမ္မတဖြစ်တာကြောင့် Trump ကိုသော်လည်းကောင်း နိုင်ငံကိုသော်လည်းကောင်း အနိုင်မရစေချင်သော်လည်း ကုန်သွယ်ရေးအင်အားပြိုင်ပွဲမှာတော့ US ကို အနိုင်ရနေသလို အရာရာအားလုံးသာလွန်နေတာကြောင့် အသုံးမဝင်တဲ့ လွှမ်းမိုးမှုတွေ အလိုမရှိကြောင်း အစည်းအဝေးပွဲမှာ တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တရုတ်ဘက်မှ အစည်းအဝေးတက်ရောက်တဲ့ သံအမတ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ၀န်ယိကတော့ ဘာတုန့်ပြန်မှုမှ မရှိခဲ့ပေမယ့် စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ချောင်းဟန့်ပြီး မသိချင်ယောင်ဆောင်ကာ ဘာမှ မတတ်နိုင်ဘူးကွာဆိုတဲ့ အဓိပ္ပာယ်နဲ့ ပခုံး တွန့်ပြခဲ့တဲ့ တရုတ်သံအမတ်ရဲ့ အမူအရာကတော့ အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

READ
လပြည့်နေ့ညတွေမှာ ဆိုင်ကယ်တိုက်မှုတွေအဖြစ်များဟု လေ့လာမှုတစ်ခုဆို
Mirror
Mirror
Mirror

ဝန်ယိရဲ့ အမူအယာကတော့ နိုင်ငံတကာက စောင့်ကြည့်နေသူတွေနဲ့ နိုင်ငံရေး စိတ်ဝင်စားသူတွေကြားမှာ ချီးကျူးစရာလည်း ဖြစ်ခဲ့ပါတယ်။  ထရမ့်ပြောချင်ရာပြော ဂရုမစိုက်ပဲ သံတမန်အရေး ကျွမ်းကျင်စွာနဲ့ အရူးကွက်နင်းခဲ့တဲ့ ၀န်ယိရဲ့ ဗီဒီယိုဖိုင်ကိုပါ တစ်ဆက်တည်း ဖော်ပြလိုက်ပါတယ်။

Mirror

Source: Mirror

Penny

 

SHARE