အခွင့်အရေးကို အသုံးချပြီး ဆူပူလုယက်နေသူတွေကို သတိပေးခဲ့တဲ့ Youtuber တစ်ဦး

Facebook/Trần Nhật Phong Channel

လက်ရှိအချိန် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြဆူပူအကြမ်းဖက်မှုတွေကို တော်တော်များများ သတိထားမိကြမှာပါ။ မေလ ၂၅ ရက်နေ့မှာ သေဆုံးခဲ့တဲ့ အာဖရိကန်-အမေရိကန်အမျိုးသား George Floyd ရဲ့ သေဆုံးမှုအပေါ်မှာ မကျေမနပ်ဖြစ်ခဲ့ကြတဲ့ အမေရိကန်နိုင်ငံသားတွေဟာ နေရာအနှံ့မှာ ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။ အခုလည်း အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားတဲ့ ဗီယက်နမ်လူမျိုး Youtuber တစ်ယောက်ဟာ ဆူပူလုယက်အကြမ်းဖက်နေသူတွေကို သတိပေးခဲ့ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Xin chào những công dân Hoa Kỳ và các thường trú nhân hợp pháp.Trong những ngày qua, những kẻ gây bạo loạn, những tên cướp phá, đặc biệt là những kẻ tự gọi là Antifa, một nhóm khủng bố nội địa, đã phá hủy các thành phố trên toàn quốc của chúng ta.Họ đã cướp quyền biểu tình ôn hòa của người dân, những người lên tiếng đòi công lý cho George Floyd.Những ác quỷ này, họ cướp phá cơ sở thương mại của chúng ta, đốt các toàn nhà của chúng ta, đánh đập người dân của chúng ta.Họ đe dọa sẽ đến thành phố của chúng tôi trong tuần này.Chúng tôi – những cư dân của thành phố Westminster, hoan nghênh những cuộc biểu tình ôn hòa, và ủng hộ tiếng nói của quí vị.Tuy nhiên – Chúng tôi dành quyền để sử dụng Tu Chính Án số 2 để bảo vệ cho gia đình chúng tôi, láng giềng của chúng tôi và cộng đồng của chúng tôi.Những kẻ cướp bóc, những kẻ gây bạo loạn và những tên khủng bố, nên biến khỏi thành phố Westminster của chúng tôi, chúng tôi đã sẳn sàng.

Posted by Trần Nhật Phong Channel on Thursday, June 4, 2020

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Tran Nhat Phong လို့ အမည်ရတဲ့ အမျိုးသားဟာ လက်ရှိအချိန် အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေ၊ Black Lives Matter လှုပ်ရှားမှုတွေကို ထောက်ခံအားပေးတဲ့လူဖြစ်ကြောင်း သူ့ကိုယ်သူအရင်ဆုံး ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဆန္ဒပြပွဲတွေကို အကြောင်းပြုပြီး ဆူပူအကြမ်းဖကက်သူတွေ၊ အိမ်တွေ၊ဆိုင်တွေကို ဖောက်ထွင်းပြီး ပစ္စည်းခိုးသူတွေကိုတော့ ပြင်းပြငးထန်ထန် ရှုံ့ချကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီလို လုယက်ဖောက်ထွင်းသူတွေဟာ သူနေထိုင်တဲ့ California ပြည်နယ်၊ Westminster မြို့အတွင်းကို ဝင်ရောက်လာပြီး သူအပါအဝင် သူ့ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်လာရင်တော့ Second Amendment ဥပဒေကို ပျော်ပျော်ကြီးအသုံးချသွားမှာဖြစ်ကြောင်း သတိပေးပြေကြားခဲ့ပါတယ်။

Già rồi, hết hơi để thổi đèn cầy

Posted by Trần Nhật Phong Channel on Saturday, June 6, 2020

Second Amendment ဆိုတာကတော့ အမေရိကန်နိုင်ငံသားတွေ ကိုယ့်ပြည်နယ်နဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ တရားဝင်လက်နက်ကိုင်ဆောင်ခွင့်ပဲ ဖြစ်ပါတယ်။ အဆိုပါဥပဒေဟာ ၁၇၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက အသက်ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ Tran ဟာလည်း အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်ပြန်တစ်ယောက်ဖြစ်တဲ့အပြင် ဗီဒီယိုထဲမှာ သူကိုင်ထားတဲ့ ရိုင်ဖယ်လက်နက်ကို ကြည့်ခြင်းအားဖြင့် နောက်ပြောင်ပြောဆိုနေတဲ့ပုံတော့ မဟုတ်ပါဘူး။

READ
ခိုးမှုနဲ့ထောင်ဒဏ်15နှစ်ကျခံရတဲ့ အမေရိကန်ကျောင်းသားကို မြောက်ကိုရီးယားပြန်လွှတ်ပေး

“ဒီလို ပစ္စည်းတွေဖောက်ထွင်းခိုးယူတဲ့လူတွေ၊ ဆူပူအကြမ်းဖက်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအတွက် တကယ့် အမှိုက်လိုလူတွေပါ။ တခြားမြို့တွေမှာ သူတို့ခိုးယူဖောက်ထွင်းနေတဲ့ ဗီဒီယိုဖိုင်တွေ တွေ့ရတာ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော့်မြို့ကို လာထိရင်တော့ ကျွန်တော်ကဆော်မှာပဲ။ ကျွန်တော်လုပ်နေတဲ့အရာတွေအားလုံးက တရားဥပဒေဘောင်အတွင်းကပဲဆိုတာကို မမေ့ပါနဲ့” လို့ Tran က ကြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE