အင်္ဂတေတုံးကနေ ဘတ်စ်ကားတစ်စီးအဖြစ် ပြောင်းလိုက်တဲ့ အနုပညာရှင်

Odeith/Facebook

ဒီရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ အကြောင်းအရာတစ်ခုကတော့ Odeith လို့ အမည်ရတဲ့ ဂရပ်ဖစ်တီသမားတစ်ယောက်အကြောင်းပါပဲ။ သူက ကြီးမားတဲ့ အင်္ဂတေတုံးကြီးတစ်တုံးကို ဘတ်စ်ကားတစ်စီးဖြစ်သွားအောင် ပြောင်းလဲပြလိုက်ပြီးတဲ့နောက် သူ့ရဲ့အကြောင်းက ဆိုရှယ်မီဒီယာတွေထက်မှာ ပြောမဆုံးအောင် ဖြစ်သွားခဲ့တယ်။

Odeith က နံရံပေါ်မှာ ဂရပ်ဖစ်တီပုံတွေဖန်တီးရတာကို သဘောကျသူဖြစ်ပြီး သူရေးတဲ့ပုံတွေက လက်ရာမြောက်လွန်းလို့ အားလုံးက အမြဲစောင့်ကြည့်ရသူပါ။

Odeith/Facebook

ပြီးခဲ့တဲ့ သြဂုတ်လ (၉)ရက်နေ့က Odeith နဲ့ သူ့ရဲ့အပေါင်းအပါ ဂရပ်ဖစ်တီ သမား နှစ်ဦးဟာ ကြီးမားတဲ့ အင်္ဂတေတုံးကြီးတစ်တုံးပေါ်မှာ ဂရပ်ဖစ်တီ လက်ရာတစ်ခု ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ အကြံကတော့ အဲဒီ အတုံးကြီးကို ဘတ်စ်ကားတစ်စီးအဖြစ် အသွင်ပြောင်းပစ်ဖို့ပါပဲ။

Odeith/Facebook

ဘတ်စ်ကားကို ဘယ်လိုပုံစံ ပုံဖော်ကြမယ်၊ ဘယ်လိုအနေအထားမျိုး ဆွဲကြမယ်ဆိုတာ တိုင်ပင်ခဲ့ပြီးတဲ့နောက် သူတို့ လုပ်ငန်းစခဲ့ကြတယ်။

READ
အနုပညာမြောက်ဓာတ်ပုံတို့ရဲ့ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားဖွယ်ပုံရိပ်စစ်များ

နောက်ဆုံး အဲဒီ ဘတ်စ်ကားကြီး ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ အားလုံးက အံ့အားသင့်သွားကြတယ်။ တချို့ဆိုရင် အဲဒါကို ဂရပ်ဖစ်တီ လက်ရာတစ်ခုလို့ မထင်ကြပဲ အင်္ဂတေတုံးကြီးကို ထုထွင်းပုံဖော်ထားတယ်လို့တောင် ထင်ခဲ့ကြတဲ့အထိ လက်ရာမြောက်လွန်းခဲ့တာပါ။

Odeith/Facebook

Linn

Source : Odeith Facebook

SHARE