ဘဝမှာ တစ်ခါလောက် စမ်းကြည့်သင့်တဲ့ တဲ၊ စခန်းချ ခရီးထွက်ခြင်း

တဲ၊ စခန်းချပြီးနေတယ်ဆိုတာဟာ ရုပ်မြင်သံကြား၊ ဗီဒီယိုဂိမ်းတွေနဲ့ ပူပန်သောကတွေကို အိမ်မှာထားခဲ့ပြီး သဘာဝလောကကြီးထဲမှာ ဇိမ်ကျမှုကို ရှာဖွေခြင်းဖြစ်ပါတယ်။ အခု လတ်တလောမှာလည်း အင်စတာဂရမ်မှာ လှပတဲ့ ရှုခင်း၊ ပတ်ဝန်းကျင်တွေထဲ ထွင်းဖောက်မြင်နိုင်တဲ့ ပိတ်သား၊ အစနဲ့ လုပ်ထားတဲ့ တဲစခန်းထိုးပြီးနေတဲ့ ကိစ္စက တော်တော်လေး ခေတ်စားနေတာတွေ့ရပါတယ်။

chuckdeezmt
thetentcommandments

လူတွေက အထူးပြုလုပ်ထားတဲ့ တဲ၊ စခန်းတွေရဲ့အထဲမှာ အနားယူနေပုံ၊ သဘာဝလောကြီးရဲ့ အလှတွေကို ခံစားနေပုံတွေကိုလည်း ပြန်လည် ဖော်ပြကြပါတယ်။ မိုးရာသီနဲ့ လေကြမ်းတဲ့အချိန်မှာတော့ တဲစခန်းချဖို့က မကောင်းပေမယ့် ရာသီဥတုသာယာနေတဲ့အချိန်မှာဆိုရင်တော့ ကောင်းကောင်းအနားယူနိုင်မယ်။ ခြင်နဲ့ တခြားပိုးမွှားတွေကလည်း နေရာတိုင်းတော့ မရှိနိုင်ပါဘူး။ ဒါပေမယ့်လည်း ကာကွယ်ဖို့ ပြင်ဆင်သွားတာတော့ အကောင်းဆုံးပါ။

thetentcommandments
thetentcommandments

တောတွေ တောင်တွေထဲမှာ စခန်းချပြီး နေမယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းတဲ့ စကေးတွေ တော်တော်လေးတက်လာနိုင်တယ်။ လူတိုင်းပဲ ဘယ်လို စခန်းချရမလဲ၊ မီးဘယ်လို မွှေးရမလဲနဲ့ သစ်ခွေတဲ့အခါမှာလည်း တောထဲလည်မနေအောင် လေ့လာရပါတယ်။ တခြား လှုပ်ရှားမှုတွေ ဖြစ်တဲ့ ငါးမျှားတာ၊ တောင်တက်တာနဲ့ လှေငယ်လှော်တာတွေကလည်း ဖြေရှင်းရတဲ့ ကိစ္စတွေထဲမှာပါဝင်တဲ့အတွက် ကိုယ့်မှာလည်း စကေးတွေတက်လာတာကို သိသိသာသာ ခံစားရမှာဖြစ်တယ်။

READ
ရှေးဟောင်းအီဂျစ်အုတ်ဂူတွေကို အများပြည်သူတွေ လေ့လာနိုင်ဖို့ ပြန်လည်ဖွင့်လှစ်မည်
thetentcommandments
thetentcommandments
thetentcommandments

စခန်းချ နေထိုင်ခြင်းက  ခိုင်မာတဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို တည်ဆောက်ရာမှာလည်း အထောက်အကူပေးပါတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံခွင့်၊ အာရုံနောက်စရာ ဘာမှမရှိပဲ ညနက်ရောက်တဲ့အချိန်ထိ လူတွေနဲ့ ဆက်သွယ်မှုပြုနိုင်တယ်။ နောက်ပြီးတော့ ပြောစရာဆိုတာကလည်း အမြဲရှိနေမယ်၊ ကိုယ့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို မီးပုံလေး ဘေးမှာ ၀ိုင်းထိုင်ရင်း ဖလှယ်နိုင်မယ့် အခွင့်အရေးတွေ ရှိနေမှာဖြစ်တယ်။

thetentcommandments
thetentcommandments
thetentcommandments
thetentcommandments

တဲ၊ စခန်းချဖို့ ခရီးထွက်တာက သိပ်ထူးခြားတဲ့ လှုပ်ရှားမှုမျိုးမဟုတ်ပေမယ့် သိပ်ကောင်းတဲ့ အတွေ့အကြုံတွေ၊ စိတ်ကို လန်းဆန်းစေမှုတွေ ပေးစွမ်းပါတယ်။ လူတစ်ယောက်အနေနဲ့ ဘ၀မှာ တစ်ခါလောက်တော့ အလှစားနေရာတွေဆီသွား စခန်းလေးချ အေးအေး အနားယူတာမျိုး လုပ်ကြည့်သင့်တယ်လို့ ယူဆမိပါတယ်။ ကြယ် ငါးပွင့် ဟိုတယ်မှာ နေတာထက်ပို ဇိမ်ကျတဲ့ ခံစားမှုမျိုး ရရှိမှာ အသေအချာပဲဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

READ
ဝိုင်လုပ်ငန်း၊ စပျစ်ခြံတွေကို လေ့လာရင်း စည်ပိုင်းကြီးထဲမှာ အနားယူနိုင်မယ့် ဟိုတယ်
thetentcommandments
thetentcommandments
thetentcommandments

Ref: Bored Panda

Matthew (ShweMOM)
SHARE