လူတိုင်းအစဉ်အဆက်မပြတ်လုပ်သင့်တဲ့အမှိုက်သိမ်း challenge သို့မဟုတ် #Trashtag

Hashtag ( #) တွေနဲ့ challenge တွေလုပ်ကြတာဟာ ယနေ့ social media လောကအတွက် သိပ်ကို ခေတ်စားတဲ့အလေ့အထတစ်ခုပါ။ KiKiChallenge တို့ FallingStarChallenge တို့ဟာ သိပ်ကိုခေတ်စားတဲ့ challenge တွေထဲ ပါဝင်ပေမယ့် ကာယကံရှင်ကိုလည်း အကျိုးမပြုတဲ့အပြင် ရည်ရွယ်ချက်ရယ်လို့ ခိုင်ခိုင်မာမာမရှိတဲ့ challenge တွေပါ။

သို့ပေမယ့် လတ်တလောကမှ ခေတ်စားလာတဲ့ #Trashtag ဆိုတဲ့ challenge ကတော့ အရမ်းကို ခေတ်စားနေတဲ့အပြင်ကိုမှ မိမိအတွက်သာမက ကမ္ဘာကြီးနဲ့ချီပြီးကို အကျိုးကျေးဇူးအများကြီးရရှိနိုင်တဲ့ challenge ကောင်းတစ်ခုပါ။ ဒီ challenge ကို မကြာသေးခင်ကမှ လူတွေသတိထားမိခဲ့ကြပေမယ့် Trashtag ဟာ challenge တစ်ခုအဖြစ် မရှိခင်ကတည်းကိုက ပရိဟိတလုပ်ငန်းစဉ်တစ်ခုအဖြစ် ရှိနေခဲ့တာပါ။ ပရဟိတအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အထင်ကရနေရာတွေကို အမှိုက်ရှင်းပေးတဲ့အစဉ်အလာတစ်ခုရှိပါတယ်။

Boredpanda

၂၀၁၈ မေလ ၁၉ ရက်နေ့မှာ အပြီးရှင်းနိင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းကမ်းခြေကတော့ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တဲ့ Trashtag လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး လူတွေဟာ မိမိတို့နေထိုင်ရာ ဒေသအလိုက် ရှိသမျှအမှိုက်ပုံတွေကို ရှင်းလင်းရင်း တဖြည်းဖြည်းနဲ့မှ Trashtag challenge အဖြစ်ပေါ်ပေါက်ကာ အခုဆိုရင် တစ်ကမ္ဘာလုံးက တက်တက်ကြွကြွပါဝင်နေတဲ့ challenge လေးအဖြစ် ရောက်ရှိသွားခဲ့ပါပြီ။

READ
ရုရှားနိုင်ငံက အနုပညာလက်ရာမြောက်ပြီး လှပလွန်းတဲ့ မြေအောက်ဘူတာရုံများ

ဒီ challenge လေးလည်း အရင် challenge တွေကို ကောက်ရိုးမီးလို ခဏအတွင်းမပျောက်သွားဘဲ ရေရှည်တည်တံ့ဖို့အတွက် မျှော်လင့်ရင်း ကမ္ဘာအနှံ့က Trashtag ကြောင့် ပြောင်းလဲသွားတဲ့ အမှိုက်မသိမ်းခင်နဲ့ သိမ်းပြီး ပုံရိပ်လေးတွေကို မျှဝေပေးချင်ပါတယ်။

Social Media မှာတော့ နီပေါက ဒီအမျိုးသားကြောင့် Trashtag challenge ဟာ လူတွေဆီကို မြန်မြန်ပေါက်ကြားသွားခဲ့တာပါ။

Boredpanda

ဒုတိယအနေနဲ့ လူသိများခဲ့တဲ့ အမျိုးသားပါ။

Boredpanda

ကမ္ဘာကျော်မီဒီယာတစ်ခုဖြစ်တဲ့ Boredpanda ရဲ့ Trashtag ဆောင်းပါးမှာ ပါဝင်ခဲ့ကြတဲ့ မြန်မာအမျိုးသမီး ၃ ယောက်ပါ။

Boredpanda

မိသားစုတစ်စု နွေရာသီရောက်တိုင်း သွားနေကျ ကမ်းခြေလေးကို ရှင်းခဲ့ကြတာပါ။

Boredpanda

ဒါကတော့ မနီလာကမ်းခြေပါ။ ၂၀၁၉ ဇန်နဝါရီ ၂၇ နေ့ကစပြီး တရားရုံးမှ လုပ်အားပေးတွေခေါ်ယူကာ ရှင်းခွင့်ပေးခဲ့တာပါ။

Boredpanda

ဗီယက်နမ်မှ ပရဟိတလူငယ်လေးတွေကလည်း ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေဖို့ သတိပေးခဲ့ပါတယ်။

Boredpanda

ဒါကတော့ မက္ကဆီကိုမှာရှိတဲ့ မြို့လေးက မြို့သူမြိ့သားတွေပေါင်းပြီး အမှိုက်ပုံကြီးကို ရှင်းခဲ့ကြတဲ့ပုံရိပ်လေးပါ။

READ
သဘာဝဘေးအန္တရာယ်တွေဖြစ်ပျက်ပြီး ကျန်ရစ်ခဲ့တဲ့ ဆိုးဆိုးဝါးဝါးအနေအထားများ
Boredpanda

လူဆယ်ယောက်အင်အားနဲ့ တစ်မနက်တည်းမှာ စင်အောင်ရှင်းနိုင်ခဲ့ကြပါတယ်။

Boredpanda

အသက် ၇၀ အရွယ်ရှိနေပြီဖြစ်တဲ့ ကျောင်းဆရာမဟောင်းတစ်ဦးရဲ့ လုပ်အားပေးပုံလေးပါ။ Bronx တစ်ဝိုက်မှာ challenge မပေါ်ခင်ကတည်းက တူ၊ တူမတွေနဲ့ပေါင်းကာ အမှိုက်ရှင်းပြီး ရှင်းခဲ့တဲ့ နေရာတိုင်းကို အမှိုက်စနစ်တကျစွန့်ပစ်ဖို့ ဆိုင်းဘုတ်လေးတွေ တပ်ထားခဲ့ကြတယ်လို့သိရပါတယ်။

Boredpanda

ဒီအမျိုးသားကတော့ Washington, DC ရဲ့ Potomac မြစ်ကမ်းဘေတစ်နေရာကို ရှင်းခဲ့ပေမယ့် အခုထိ အမှိုက်ရှိနေသေးတဲ့ နေရာတွေရှိနေသေးတယ်လို့ဆိုပါတယ်။

Boredpanda

ဖလော်ရီဒါကမ်းခြေတစ်လျှောက် ကလေးတွေ ကျောင်းပိတ်တုန်း အားလပ်ရပ်အပမ်းဖြေရင်း အမှိုက်လည်းကောက်ကြတဲ့ ဒေသခံတွေပါ။

Boredpanda

Alta ရှိ Norwegian Folk အထက်တမ်းကျောင်းမှ ကျောင်းသားပေါင်း အယောက် ၄၀ လောက်စုပြီး အမှိုက်ကောက်ခဲ့ကြတာ စုစုပေါင်း ၁၂,၄၀၀ ကီလိုဂရမ်တောင်ထွက်တယ်တဲ့။

Boredpanda

လူတိုင်းလူတိုင်းဟာ ပတ်ဝန်းကျင်ကို ပိုချစ်တတ်လာကြပြီး အခုလို challenge ကောင်းတစ်ခုကို အားတက်သရောပါဝင်လာကြတဲ့အတွက် ဂုဏ်ယူရမှာပါ။

Boredpanda

Source: Boredpanda Lad Bible

Penny

 

SHARE