ပျော်ချင်လို့ခရီးသွားရာမှ စိတ်ဆင်းရဲစရာတွေကြုံသွားနိုင်တဲ့ ဖြစ်ရပ် (၆) ခု

Freepik- standret

ခရီးသွားတယ်ဆိုတာ စိတ်အပမ်းဖြေဖို့၊ ပျော်ရွှင်ဖို့ပဲမဟုတ်လား။ ဒါပေမဲ့ ဒီလို စိတ်အပမ်းဖြေဖို့သွားတဲ့ ခရီးတစ်ခုကို စိတ်မပျော်ရတဲ့အပြင်ကိုမှ စိတ်ပါလုံးဝညစ်သွားစေနိုင်မယ့် အကြောင်းအရာတွေအများကြီးရှိလို့နေပါတယ်။ အဲဒါတွေကတော့..

(၁) ပိုက်ဆံမလုံလောက်ခြင်း

ခရီးသွားတယ်ဆိုဆိုတာ budget နဲ့ သွားခြင်းက စိတ်အပမ်းမပြေစေတဲ့အပြင် စိတ်ဖိဆီးမှုကိုပါ ပိုရစေပါတယ်။ ဒါကြောင့် ပိုက်ဆံကို အတိအကျနဲ့ ခရီးသွားခြင်းကို ရှောင်တာအကောင်းဆုံးပါပဲ။

Freepik- freepik

(၂) စည်းကမ်းတွေကိုမသိခြင်း

သွားမယ့်နေရာရဲ့ စည်းကမ်းတွေကို မသိတာမျိုးကလည်း စိတ်ညစ်စရာဖြစ်လာနိုင်ပါတယ်။ ဥပမာ ကိုယ်သွားမယ့်နေရာမှာ ဘယ်လိုတွေမဝတ်ရဘူးလဲ၊ ဘယ်အချိန်တွေပဲ ဖွင့်တတ်တာလဲ၊ ဘယ်လိုရာသီဥတုမျိုးမှာဆို မသွားသင့်ဘူးလဲ စတာတွေကို မစုံစမ်းဘဲ သွားခြင်းဟာ အဆင်မပြေမှုတွေကို ဖြစ်စေနိုင်ပါတယ်။

(၃) Booking တွေကို သေချာမလုပ်ခြင်း

ဟိုတယ်၊ ကားတွေ၊ ဝင်ခွင့်လက်မှတ်တွေ စတာတွေကို ကြိုတင်ပြီး booking မလုပ်ထားဘဲ သွားမယ်ဆိုရင်လည်း ခရီးရောက်ကာမှ ကမောက်ကမတွေဖြစ်ကာ စိတ်ဆင်းရဲရမှာပါပဲ။ ဒါကြောင့် ကြိုတင်ပြီး booking ကို သေချာအောင်လုပ်ပါ။ သွားခါနီးမှာလည်း သေချာအောင် နောက်တစ်ခေါက်ပြန်ပြီး confirm ပါ။

READ
သွေးစုပ်ဖုတ်ကောင်တွေက ခရီးသွားတွေကို စွဲဆောင်ပေးမယ်လို့ ထင်နေတဲ့ မြို့ငယ်လေး
Freepik- jcomp

(၄) ခရီးအစီအစဉ်သေချာမဆွဲခြင်း

ကိုယ်မရောက်ဖူးတဲ့ တစ်နေရာကိုခရီးသွားတော့မယ်ဆိုရင် ခရီးစဉ်ဆွဲတာဟာလည်း အရေးကြီးပါတယ်။ ကိုယ်က ဘယ်နညနေမှာလဲ၊ ဘယ်နေရာတွေကို သွားချင်တာလဲဆိုတာတွေ သေချာစဉ်းစားပြီးတော့ ခရီးစဉ်ဆွဲသင့်ပါတယ်။ ဘယ်တွေသွားရမယ်မှန်းမသိရင် ကိုယ်တည်းမယ့် ဟိုတယ်ကို အကူအညီတောင်းလို့ရနိုင်ပါတယ်။

(၅) လူမညီခြင်း

ခရီးသွားတယ်ဆိုတာ ဘယ်နယောက်သွားသွား စိတ်တူကိုယ်တူဖြစ်ကာမှ ပျော်စရာကောင်းမှာပါ။ အဖွဲ့ထဲက တစ်ယောက်လေးနဲ့ပဲ သဘောထားကွဲလွဲကြည့် ဘယ်သူမှ အပြည့်အဝစိတ်ပျော်ရွှင်ရမှာမဟုတ်တော့ပါဘူး။

Freepik- freepik

(၆) အဝတ်အစားအဆင်မပြေလို့

ခရီးသွားတာနဲ့ အဝတ်အစားနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ထင်မိကြမှာပါ။ ဒါပေမဲ့ အဝတ်ဆိုတာ လူတစ်ယောက်ရဲ့ မိမိကိုယ်မိမိယုံကြည်မှုကို တည်ဆောက်ပေးတဲ့ အဓိကအရာတွေထဲ တစ်ခုပါဝင်လို့နေပါတယ်။ ဒါကြောင့် ခရီးတစ်ခုသွားတော့မယ်ဆိုရင် နေ့အလိုက် ဘာဝတ်မလဲဆိုတာ အိမ်မှာအရင်ဆုံး ဝတ်ကြည့်ပြီးမှ အတွဲလိုက်စီစဉ်တာ အကောင်းဆုံးပါပဲ။

penny

SHARE