ဒေသသုံးစကားသိစရာမလိုပဲ ဘယ်နိုင်ငံကိုမဆို အလည်သွားလို့ရနိုင်မယ့် ခရီးသွားတီရှပ်

ခရီးထွက်တာဟာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ နေရာသစ်တွေကို တွေ့မြင်ရသလို မိတ်ဆွေသစ်တွေအပြင် အစားအသောက်သစ်တွေကိုလည်း မြည်းစမ်းကြည့်ခွင့် ရပါတယ်။ ဒါပေမယ့် ကမ္ဘာလှည့်ခရီးသည်တွေ အများစုအတွက် အခက်ကြုံရတာ တစ်ခုက ဘာသာစကားပါပဲ။ အထူးသဖြင့် ဒေသခံတွေက ကိုယ်ပြောချင်တာကို နားမလည်၊ သူတို့ပြောချင်တာကိုလည်း ကိုယ်နားမလည်နဲ့ အတော့်ကို ဒုက္ခတွေ့ ရပါတယ်။

IconSpeak
IconSpeak

ဒီဘာသာစကား အခက်အခဲကိုတော့ အခုတွေ့ရမယ့် icon တီရှပ်လေးက ဖြေရှင်းနိုင်ပါတယ်။ တီရှပ်မှာ icon ပေါင်း အခု(၄၀) လောက် ပါဝင်ပါတယ်။ နိုင်ငံရပ်ခြားမှာ ကိုယ်လိုချင်တာ ဥပမာ အစားအသောက်၊ ရေ၊ လေဆိပ် စတာတွေကို စကားပြောဆိုစရာ မလိုပဲ icon လေးတွေနဲ့ ညွှန်ပြပြီး အကူအညီ တောင်းနိုင်တာမျိုး ဖြစ်ပါတယ်။ တီင်္ကျီလေးကိုတော့ “pen pushers” လို့အမည်ရတဲ့ ပါရမီရှင် ဆွစ်ဇာန်လူမျိုး(၃)ဦးက ဖန်တီးထားပါတယ်။

IconSpeak
IconSpeak

ကော်ဖီမှာချင်တယ်၊ အိမ်သာသုံးချင်တယ်၊ ဆေးပေးခန်းရှာချင်တယ် ဆိုတဲ့ ဝေါဟာရ အနက်တွေကအစ မရှိမဖြစ်သုံး အရာလေးတွေ အားလုံးကို icon အနေနဲ့ စုပေါင်းထည့်ထားတာပါ။  စကားပြောဆိုစရာ မလိုပဲ သင်္ကေတ ပြလိုက်ရုံနဲ့ ဒေသခံတွေက နားလည်မှာ ဖြစ်တာကြောင့် လူမှုဆက်ဆံရေးကို ပိုမိုလွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Icon လေးတွေကို အားလုံးပေါင်းပြီး ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကိုလည်း ပြောနိုင်မှာ ဖြစ်ပါတယ်။

READ
ကမ္ဘာ့အလှဆုံးရေတံခွန်များ
IconSpeak
IconSpeak

တစ်ညတာ တည်းခိုဖို့ နေရာရှာချင်တယ်ဆိုလည်း တစ်ဖက်လူ ဒေသခံကို အရမ်းကြီး အာပေါက်နေအောင် ပြောစရာမလိုပဲ သင်္ကေတလေးတွေ ပေါင်းပြလိုက်ရုံနဲ့ နားလည်စေမှာ ဖြစ်ပါတယ်။ မကြာခဏ ခရီးသွားတတ်တဲ့သူတွေအဖို့ တကူးတက ဒေသသုံးစကားတွေကို လိုက်လေ့လာစရာမလိုပဲ ခရီးပေါက်နိုင်တဲ့ ဒီတီရှပ်လေးမျိုး တစ်ထည်လောက်ရှိရင် မဆိုးပါဘူးနော်။

IconSpeak
IconSpeak

လင်းလင်း (ShweMom)

Ref: elitereaders

SHARE