အ၀လွန်နေတဲ့ ကြောင်ကြီးကို ကြောင်ချင်းလဲပြီး checkin ၀င်ခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်

facebook/Mikhail Galin

အမျိုးသားတစ်ဦးဟာ ရုရှားနိုင်ငံက Aeroflot လေကြောင်းလိုင်းပေါ် အင်္ဂါနေ့တုန်းက သူ့ရဲ့ အ၀လွန်နေတဲ့ ကြောင်ကြီးကို လေယာဉ်ပေါ်ခေါ်တင်နိုင်ခဲ့တာကို လူမှုကွန်ယက်မှာ ဖော်ပြပြီးတဲ့နောက် ၄င်းလေကြောင်းလိုင်းက ပေးအပ်တဲ့ အထူးအခွင့်အရေးတွေကို ဆုံးရှုံးခဲ့ရကြောင်း asiaone သတင်းဌာနအရ သိရပါတယ်။

ခရီးသည် မစ်ခ်ဟေးလ်ဂါလင်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက လက်ဗီးယားမြို့ကနေ အရှေ့ပိုင်း ဗလာဒီဗိုစတော့ခ်မှာရှိတဲ့ ၄င်းရဲ့ နေအိမ်ဆီပျံသန်းခဲ့ရာ သူ့ရဲ့ကြောင်ကြီး ဗစ်ခ်တာကိုပါ ခရီးသည်တင်ခန်းထဲ သူနဲ့အတူ တစ်ပါတည်းခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြောင်ကြီးရဲ့ အလေးချိန်ဟာ (၁၀) ကီလိုဂရမ်အထက်ထိ ဖြစ်နေခဲ့တာ ဖြစ်ပြီး ခရီးသည်ခန်းထဲ ခေါ်ခွင့်ရဖို့ဟာ အလေးချိန်(၈) ကီလိုအောက်ပဲ ရှိရမှာ ဖြစ်ပါတယ်။

facebook/Mikhail Galin

ဒါပေမယ့် မစ်ခ်ဟေးလ်ဟာ သူ့ရဲ့ ကြောင်ကြီးကို တစ်ပါတည်း ခေါ်သွားခဲ့ချင်တဲ့အတွက် မော်စကိုမှာ အလေးချိန် (၈) ကီလိုအောက်ရှိတဲ့ ကြောင်ကြီးတစ်ကောင်ကို ရှာခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ မစ်ခ်ဟေးလ်ဟာ ၄င်းကြောင်နဲ့ check-in ၀င်ပြီး လေယာဉ်ထဲဝင်ခါနီးကျမှ သူ့ရဲ့ကြောင်ကြီး ဗစ်ခ်တာကို ပြန်လဲလှယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မစ်ခ်ဟေးလ်ဟာ အောင်မြင်စွာနဲ့ ဗစ်ခ်တာကို လေယာဉ်ပေါ်ခေါ်တင်နိုင်ခဲ့ပါတယ်။

READ
အသက်(၆၀)အရွယ်မှာ သေဆုံးသွားတဲ့ ကမ္ဘာအသက်ကြီးဆုံး ဂေါ်ရီလာမကြီး Colo

မစ်ခ်ဟေးလ်ဟာ ပျော်ရွှင်စွာရှိနေတဲ့ ဗစ်ခ်တာရဲ့ လေယာဉ်ပေါ်ထိုင်နေတဲ့ ဓာတ်ပုံကို အွန်လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။ မစ်ခ်ဟေးလ်ဟာ ရုရှားက ကြောင်ချစ်သူတွေအကြားမှာတော့ နေ့ချင်းညချင်းပဲ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအကြောင်းကို Aeroflot လေကြောင်းလိုင်းက ပြန်ကြားရတဲ့အခါမှာတော့ မစ်ခ်ဟေးလ်ကို ခေါ်ပြီး စစ်ဆေးမေးမြန်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

facebook/Mikhail Galin

မစ်ခ်ဟေးလ်ဟာ လေကြောင်းလိုင်းရဲ့ စည်းကမ်းကို ချိုးဖောက်ခဲ့တာဖြစ်ကြောင်း သိရတဲ့အပြင် စီစီတီဗီထဲမှာလည်း မစ်ခ်ဟေးလ်က ကြောင်ကြီးဗစ်ခ်တာနဲ့ (၇) ကီလိုပဲရှိတဲ့ကြောင်ကို လဲလှယ်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါသေးတယ်။ ဒါကြောင့် Aeroflot လေကြောင်းလိုင်းက မစ်ခ်ဟေးလ်ကို ၄င်းတို့ရဲ့ မကြာခဏလေယာဉ်ပျံသန်းသူ အစီအစဉ်ကနေထုတ်ဖယ်ပစ်လိုက်ပါတယ်။

По многочисленным просьбам. Путешествие кота Виктора по маршруту Рига – Москва – Владивосток выявило 2 лишних кг у…

Posted by Mikhail Galin on Tuesday, November 5, 2019

မစ်ခ်ဟေးလ်ဟာ  Aeroflot လေကြောင်းလိုင်းနဲ့ ခရီးသွားလာခဲ့တာ ကြာပြီဖြစ်ပြီး သူပျံသန်းခဲ့တဲ့ ခရီးမိုင်တွေကိုလည်း အစီအစဉ်ထဲမှာ စုဆောင်းထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ၄င်းခရီးမို်င်တွေနဲ့ မစ်ခ်ဟေးလ်ရရှိမယ့် အထူးအခွင့်အရေးတွေကို လေကြောင်းလိုင်းက သူတို့ကိုလိမ်တယ်ဆိုပြီး မကျေနပ်လို့ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီအကြောင်းသိရတဲ့ တစ်ချို့သော ကြောင်ပိုင်ရှင်တွေကတော့ သူတို့ဟာ သူတို့ရဲ့ ကီလိုကျော်နေတဲ့ ကြောင်ကြီးတွေကို အခုလိုပဲ ခိုးသယ်လေ့ရှိပြီး အခုတစ်ခေါက်တော့ မစ်ခ်ဟေးလ်ကြောင့် လေကြောင်းလိုင်းတွေအနေနဲ့ အိမ်မွေးတိရစ္ဆာန်ခေါ်ယူမှုအပေါ် စည်းကမ်းတွေပိုတင်းကြပ်လာမှာကို စိုးရိမ်လျက် ရှိနေပါတယ်။

READ
Disney ကာတွန်းဇာတ်ရုပ်တွေလို လိုက်လံပြုမူခဲ့တဲ့ ချစ်စရာ အမွှာညီအစ်ကို

လင်းလင်း (ShweMom)

SHARE