အင်စတာဂရမ်မှာ နာမည်ကြီးနေတဲ့ အန္တရာယ်အများဆုံး အနမ်းပေးဓာတ်ပုံ (၂)ပုံ

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မှာနေထိုင်တဲ့ ဂျင်းန်နဲ့ ကာမီလ် တို့အတွဲဟာ သူတို့ရဲ့အလုပ်တွေကနေ ခွင့်ယူပြီး ဥရောပ-အာရှနိုင်ငံတွေဆီ အလည်အပတ်ခရီးထွက်လာခဲ့ကြပါတယ်။ သူတို့က ခရီးတစ်လျှောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပြီး အဲဒီထဲက ပုံတစ်ပုံဟာ ကြည့်ရှုသူတွေကို အံ့အားသင့်သွားစေခဲ့တာပါ။

သီရိလင်္ကာနိုင်ငံဆီ သွားတဲ့ ရထားတစ်စီးပေါ်မှာ သူတို့နှစ်ဦးသား အနမ်းပေးနေတဲ့ပုံက တကယ့်ကို အန္တရာယ်များလွန်းပြီး အင်စတာဂရမ်ပေါ် တင်လိုက်ချိန်မှာတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

Instagram

အမြန်သွားနေတဲ့ ရထားပေါ်ကနေ ဂျင်းန်က တံခါးပေါက်ကို လက်တစ်ဖက်နဲ့ ကိုင်ထားခဲ့တာဖြစ်ပြီး ကာမီလ်ကတော့ သူ့ရဲ့အပေါ်ကနေ အနမ်းပေးနေခဲ့တာပါ။ သူတို့နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်တွေက ရထားရဲ့ အပြင်ကို ရောက်နေကြပြီး ရထားကလည်း တောင်တွေကြားမှာဖြတ်နေတဲ့ အနေအထားဖို့ တကယ့်ကို အန္တရာယ်များတဲ့မြင်ကွင်းကို ကြည့်နေရသလိုပါပဲ။

READ
မီးသတ်ဆေးဘူးစက်ရုံမှာ ကြီးမားတဲ့မီးလောင်မှုဖြစ်ပွားခဲ့တဲ့အဖြစ်

တချို့ကတော့ မြင်ဖူးသမျှထဲမှာ အကြမ်းဆုံးနဲ့ အန္တရာယ်အရှိဆုံးအနမ်းလို့ မှတ်ချက်ပေးခဲ့ကြပြီး တချို့ကတော့ ဒါဟာ မိုက်မဲမှု သက်သက်ပဲလို့ မှတ်ချက်ပေးကြပါတယ်။ အများစု ဆုံးဖြတ်ကြတာကတော့ ဒါဟာ မိုက်မဲမှု တစ်ခုပဲဖြစ်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံတာနဲ့ အတူတူပဲလို့ ယူဆနေကြတာပါ။

တကယ်တော့ ဒီ့ထက်ဆိုးတဲ့ ဓာတ်ပုံတစ်ပုံက အင်စတာဂရမ်ပေါ်မှာ ရှိနေပါသေးတယ်။

ဒါကတော့ အမေရိကန်ခရီးသွားဆောင်းပါးရှင် ကယ်လီနဲ့ ကိုဒီဝေါ့ခ်မန်း တို့စုံတွဲ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံပါပဲ။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းပေါ်ကနေရာတစ်ခုမှာ ရိုက်ထားတဲ့  ဓာတ်ပုံဟာ လုံးဝကို အန္တရာယ်များလွန်းပြီး ကြည့်လိုက်တာနဲ့ တော်တော်လေး စွန့်စားရမယ်မှန်း သိကြမှာပါ။

Instagram

ဒီပုံကလည်း ပြီးခဲ့တဲ့ လအတွင်းက အင်စတာဂရမ်ပေါ်မှာ အဝေဖန်ခံရဆုံးပုံဖြစ်ခဲ့ပြီး ရေကန်ဘောင်အပြင်ကို ထွက်ပြီး အန္တရာယ်များလွန်းတဲ့အနေအထားနဲ့ အနမ်းပေးနေခဲ့တဲ့ ကယ်လီ ကို ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ဝေဖန်ခဲ့ကြပါတယ်။

READ
ဆဲလ်ဖီအရူးထသူတွေကြောင့် စိတ်မကောင်းဖွယ် ပျက်ဆီးခဲ့ရတဲ့ ပန်းရောင်မြက်ခင်းပြင်

Linn

Source : Dailymail

SHARE