အမိုက်စား Halloween Batman ဝတ်စုံကြောင့် IG ကို deactivate လုပ်ခဲ့တဲ့ Travis Scott

[email protected]

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကတော့ Halloween ပွဲတော်နေ့ဆိုတာကို လူတိုင်း သိရှိကြပြီး ဖြစ်မှာပါ။ Halloween ပွဲတော်ကို ကျွန်တော်တို့နိုင်ငံတွေမှာ ကြီးကြီးကျယ်ကျယ် ကျင်းပလေ့ မရှိကြပေမယ့် အနောက်ဥရောပနိုင်ငံတော်တော်များများမှာတော့ တခမ်းတနားနဲ့ကို ကျင်းပလေ့ ရှိကြပါတယ်။ အနုပညာရှင်တော်တော်များများကလည်း သူတို့ရဲ့ အမိုက်စား Halloween ဝတ်စုံတွေကို ဝတ်ဆင်ကြပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ ပုံတွေ တင်လေ့ ရှိကြပါတယ်။ ဒါပေမယ့် အနုပညာရှင်တစ်ယောက်ကတော့ သူ့ရဲ့ အမိုက်စား Halloween ဝတ်စုံကြောင့် လူတိုင်းရဲ့ troll ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ Instagram အကောင့်ကိုတောင် deactivate လုပ်ခဲ့ရကြောင်း Complex သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အပေါ်ကပုံမှာ တွေ့ရတဲ့ လူကတော့ တစ်ခြားမဟုတ်ပါဘူး။ ကမ္ဘာကျော် ရက်ပ်အဆိုတော် Travis Scott ပဲ ဖြစ်ပါတယ်။ ကျွန်တောတို့ အမြဲတမ်းတွေ့နေရတဲ့ Batman ဟာ အမည်းရောင် ဝတ်စုံကြီးကို ဝတ်ဆင်ပြီး တစ်ကယ့်ကို လူကောင်အကြီးကြီးပါပဲ။ ပုံထဲမှာ တွေ့ရတဲ့ Travis ကတော့ Batman ဝတ်စုံကို ချောကလက်ရောင်ပုံစံဒီဇိုင်းနဲ့ ဝတ်ဆင်ခဲ့ပြီး ခန္ဓာကိုယ်ကို မကြီးကြီးအောင် လုပ်ယူထားရတဲ့ ပုံစံကြီး ဖြစ်နေခဲ့ပါတယ်။ Travis ကတော့ တစ်ခြား အနုပညာရှင်တွေရဲ့ Halloween ဝတ်စုံကို အားကျခဲ့ပြီး သူများတွေထက် ထူးခြားအောင် Batman ဝတ်စုံကို ချောကလက်ရောင်ဒီဇိုင်း ဖန်တီးခဲ့ဟန်တူပါတယ်။

READ
အိမ်မှာနေရင်း လွတ်လွတ်လပ်လပ်စတိုင်နဲ့ ကလေးလေးလို ချစ်စရာကောင်းနေတဲ့ ပိုပို

 

Batman ပရိသတ်တော်တော်များများရဲ့ ဝေဖန်ခြင်းကိုလည်း Travis တစ်ယောက် ကောင်းကောင်းကြီးခံခဲ့ရသလို သူ့ရဲ့ ပရိသတ်တော်တော်များများကပါ Travis ရဲ့ ဆိုရှယ်မီဒီယာ အကောင့်က ပို့စ်တော်တော်များများရဲ့ comment မှာ ပုံပေါင်းစုံနဲ့ troll ခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ Travis ဟာ သူ့ရဲ့ Instagram အကောင့်ကို deactivate လုပ်ခဲ့ပြီး ဆိုရှယ်မီဒီယာမြင်ကွင်းကနေ တိမ်းရှောင်ခဲ့ကြောင်း သိရပါတယ်။

 

 

Pyi Hein Kyaw

SHARE