ခရီးသွားရတာ နှစ်သက်တဲ့သူတိုင်း follow လုပ်ထားသင့်တဲ့ Instagram အကောင့်(၇)ခု

Instagram/idletheorybus

အင်စတာဂရမ်မှာတင်ထားတဲ့ ထောင်ပေါင်းများစွာသောခရီးသွားပို့စ်တွေကြောင့် ခရီးဆောင်အိတ်ကို(၅)မိနစ်အတွင်း ကောက်ကိုင်ချင်စိတ်တွေကိုဖြစ်စေပါတယ်။ ခရီးသွားအကောင့်တွေကတင်ထားတဲ့ပုံတွေထဲမှာ သက်သောင့်သက်သာ ရှိတဲ့ဟိုတယ်တွေနဲ့ဇိမ်ခံလေယာဉ်ပုံစံတွေကိုပြသထားတာကြောင့် ခရီးသွားမယ်ဆိုရင် ဒီပုံတွေထဲကပြထားတာတွေကို ကြည့်ပြီး သွားလာရ၊စုံစမ်းရတာတွေ ပိုပြီးလွယ်ကူပါတယ်။ သင်ဟာခရီးသွားရတာသဘောကျတဲ့သူတစ်ယောက်ဖြစ် နေမယ်ဆိုရင် အားလပ်ရက်တွေမှာ အင်စတာဂရမ်ကခရီးသွားပို့စ်တွေကိုသာကြည့်လိုက်မိပါက ချက်ချင်းကို ကောက်ထသွားချင်လောက်အောင်ဖြစ်စေမှာအမှန်ပါပဲ။ ဒီခရီးသွားပို့စ်တွေဟာ တစ်ကယ်တန်းခရီးသွားမယ့် သူတွေအတွက် အင်မတန်မှအသုံးဝင်ပါတယ်။ ဘာလို့ဆို ဒီပုံတွေထဲမှာ ဘယ်နေရာမှာဘာရှိလဲဆိုတာသိနိုင်သလို ဘယ်အချိန်၊ ဘယ်လိုသွားသင့်တယ်ဆိုတာတွေပါ လမ်းညွှန်အကြံပြုထားတာကြောင့်ပဲဖြစ်ပါတယ်။

 

 

View this post on Instagram

 

black friday capt lizzy style Opting outside today, and whenever possible for that matter! But if you are in the mood for shopping, please support eco & socially conscious businesses, small businesses, and brands for a cause! Check my stories for some suggestions. This is the raddest surfboard bag made by @paradisedivided from old upcycled sails, retired anchor rode, and used kiteboarding string! I met Jeff last time I was in California, after helping my dad clean out the boat locker. There was an old sail that had been sitting there for years, and badly needed a new purpose! I found out about Jeff’s boardbag business after chatting with a local sailmaker, and delivered him the sail in Sant Barbara, where he surprised me with this awesome boardbag in exchange! Supporting conscious businesses makes the world a better place! ••• @patagonia_surf @highfieldboats @mizulife @loveavasol @zealoptics @changingtidesfoundation #optoutside

A post shared by Captain Lizzy & Swell ⛵️ (@captainlizclark) on

Lizzy Clark (@captainlizclark)

ခရီးသွား Lizzy Clark ဟာ ပင်လယ်ထဲခရီးရှည်ထွက်ပြီး စွန့်စားရတာကိုဝါသနာပါတဲ့သူတစ်ဦးပါ။ သူမအသက်(၇)နှစ် ကတည်းက ပင်လယ်ထဲရွက်လွှင့်နေခဲ့တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ Swell လို့ပေးထားတဲ့လှေကို သူကိုယ်တိုင်မောင်းပြီး ပင်လယ်ထဲကိုရွက်လွှင့်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အခုဆိုရင် သူမဟာရေကြောင်း မိုင်ပေါင်း(၂)သောင်းကျော်ကို ကိုယ်တိုင်ရွက်လွှင့်ပြီးသွားရောက်ခဲ့ပြီးပြီဖြစ်ပါတယ်။

 

Karl Shakur (@karl_shakur)

Karl Shakur ဟာ ဝေးလံခေါင်သီတဲ့နေရာတွေကိုသွားရောက်ပြီး ရင်သပ်ရှုမောဖွယ်ပုံတွေကိုရိုက်ကူးကာ အဲ့ပုံတွေရဲ့ သမိုင်းကြောင်းကို ပြောပြရတာသဘောကျတဲ့လူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့မောင်းသူမဲ့ယာဉ်နဲ့ရိုက်ထားတဲ့ရိုက်ချက်တွေ ကိုကြည့်ရတာ အင်မတန်မှကိုစိတ်လှုပ်ရှားစရာကောင်းပြီး သင်တစ်ခါမှမမြင်ဖူးတဲ့နေရာကို ရင်သပ်ရှုမောဖွယ်တွေ့ရ မှာဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ YouTube channel ကနေတစ်ဆင့် ဓာတ်ပုံတွေကိုပုံကောင်းတစ်ပုံရဖို့ ဘယ်လိုရိုက်ကူး ရမလဲဆိုတာကို သင်တန်းပို့ချပေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Goodbye, White River! It’s sweater-weather here in the Ozarks…which means it’s time for us snowbirds to scoot on south. I told JR that I wasn’t doing snow this year in Sunshine, and that I wanted to wear shorts all year long…and so we’ll be crossing some state lines here in the next few days. We so loved spending the fall here on the rivers and in the forests of Arkansas, skipping through the lakes and eating fried okra and learning about this region’s deep history. Thank you for having us, Natural State. As we head towards the Deep South, we’ll take a piece of you with us. And we will be back. Pinky promise. – : @sarareeves.photo #ARRoadtrip #visitarkansas @arkansas

A post shared by Kit + J.R. + Sunshine (@idletheorybus) on

Kit Whistler and J.R. Switchgrass (@idletheorybus)

READ
အမေရိကန်နိုင်ငံ တစ်ဝန်းက သရဲခြောက်တယ်လို့ နာမည်ကျော်တဲ့ ဟိုတယ်များ

Kit နဲ့ J.R ဟာ သူတို့ရဲ့အ၀ါရောင်တောက်ပတဲ့ဘတ်စ်ကားတစ်စီးနဲ့ ခရီးတွေသွားနေတဲ့ခရီးသွား(၂)ယောက်ပဲ ဖြစ်ပါတယ်။ J.R ဟာဓာတ်ပုံရိုက်ကူးတဲ့ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး Kit ကတော့ သူတို့နှစ်ယောက်ရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ နေရာတွေကိုမှတ်တမ်းတင်ရတဲ့တာဝန်ခံတစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Orange is Optimism လို့ခေါ်တဲ့ photobook ကိုလုပ်ဆောင်ဖို့အတွက် အတူတူခရီးတွေထွက်ပြီး ဓာတ်ပုံရိုက်နေကြတဲ့ခရီး သွားတွေပဲဖြစ်ပါတယ်။ သူတို့ဟာ ဒီစာအုပ်ထုတ်ဖို့အတွက် (၄)နှစ်ဆက်တိုက် အမေရိကန်ကန္တာရထဲမှာ ဓာတ်ပုံလိုက်ရိုက်နေတဲ့သူတွေလည်းဖြစ်ပါတယ်။

 

Beautiful Abandoned Places (@itsabandoned) 

စွန့်ဦးတီထွင်လုပ်ငန်းရှင် Eric Damier ဟာ ကမ္ဘာ့လှည့်ခရီးသွားအကောင့်ကိုတည်ထောင်သူတစ်ဦးဖြစ်ပါတယ်။ သူတင်ထားတဲ့ခရီးသွားပို့စ်တွေမှာရေးသားထားတာကတော့ များသောအားဖြင့် အဲ့ဒီနေရာတွေရဲ့စိတ်ဝင်စားဖွယ် အချက်အလက်တွေနဲ့ အဲ့ဒီနေရာနဲ့ပတ်သက်ပြီး သူ့ရဲ့အတွေးအမြင်တွေကိုရေးသားထားတာပဲဖြစ်ပါတယ်။

 

Hannah Reyes Morales (@hannahreyesmorales)

READ
နင်ဂျာအတွေ့အကြုံတွေကို အပြည့်အ၀ရရှိနိုင်မယ့် ကော်ဖီဆိုင် တိုကျိုမြို့မှာ ဖွင့်လှစ်ဖို့ရှိ

ဖိလစ်ပိုင်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Hannah Reyes Morales ဟာ National Geographic နဲ့ The New York Times အပါအ၀င် ကမ္ဘာပေါ်ရှိအသိအမှတ်အပြုဆုံးသော မီဒီယာအချို့အတွက် ဓာတ်ပုံရိုက်ကူးမှုတွေပြုလုပ်ပေးခဲ့ပါ တယ်။ သူမရဲ့ဓာတ်ပံတော်တော်များများဟာ အရမ်းလှတဲ့သဘောမရှိပေမယ့် လူအများစိတ်ဝင်စားဖွယ်ရာဖြစ်တဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။

 

Marta Greber (@whatforbreakfast)

သင်ဟာ အစားစားရတာကိုသဘောကျတဲ့သူဆိုရင်တော့ Marta Gerber အကောင့်ထဲမှာ သင်သဘောကျလောက်တဲ့ အကြောင်းအရာဓာတ်ပုံတွေရှိပါတယ်။ Marta Gerber ဟာသူမရဲ့မိသားစုနဲ့အတူ တစ်နိုင်ငံကနေတစ်နိုင်ငံကို လှည့်လည်ခရီးထွက်ရတာကိုဝါသနာပါတဲ့သူတစ်ဦးဖြစ်ပြီး သူမရဲ့ဝက်ဘ်ဆိုက်မှာလည်း သူမဘယ်လိုမနက်စာမျိုးကို ဘယ်လိုချက်ပြုတ်ပြင်ဆင်လဲဆိုတာတွေကို ပြောပြထားပါတယ်။ သူမ၀က်ဘ်ဆိုက်မှာ စားသောက်ဆိုင်တွေရဲ့အကြံပြု ချက်တွေအပြင် ခရီးစဉ်နဲ့အစားအစာလမ်းညွှန်တွေကိုပါပြောပြပေးထားပါတယ်။

 

Joel Chia (@idroneman)

တစ်ကယ်လို့များသင်ဟာ ရုပ်ပုံအကြီးတွေကိုကြည့်ရတာကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ စင်ကာပူနိုင်ငံသား Joel Chia ရဲ့အင်စတာဂရမ်ထဲဝင်ကြည့်ပါ။သူ့ရဲ့အင်စတာဂရမ်မှာ ဒရုန်းနဲ့ရိုက်ကူးထားတဲ့ပုံတွေကို ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ လှပတဲ့နေရာတွေကို တွေ့ရမှာအမှန်ပဲဖြစ်ပါတယ်။

Thae Su

SHARE