ရုပ်ကြွ 3D ပုံများကို အသက်ဝင်ဝင်ဖန်တီးရေးဆွဲနေတဲ့ Street Artist, Sergio Odeith

Instagram @odeith

Street Art လို့ ဆိုလိုက်တာနဲ့ နံရံတွေပေါ်မှာ စာလုံးအလှတွေ ဆွဲတာချည်းပဲလို့ သတ်မှတ်လို့မရပါဘူး။ Lissabon နေထိုင်တဲ့ Street Artist, Sergio Odeith ဟာ အမြင်အာရုံကို ထွေပြားစေမယ့် 3D illusion ပုံတွေကို အသက်ဝင်အောင် ရေးဆွဲလေ့ရှိပါတယ်။ သူ့ရဲ့ ပါရမီနဲ့ skill တွေကြောင့်ပဲ ကမ္ဘာကျော်တံဆိပ်တွေဖြစ်တဲ့ Coca-Cola, Samsung နဲ့ Shell တို့နဲ့လည်း အလုပ်အတူတူတွဲလုပ်လေ့ရှိပါတယ်။

Instagram/@odeith

ပေါ်တူဂီလူမျိုး Sergio Odeith ဟာ street art ကို စပြီးဆွဲခဲ့တဲ့အချိန်တုန်းက ၁၉၉၀ ဖြစ်ပြီး အဲဒီအချိန် graffiti ဆွဲတာတွေက တရားမဝင်ရုံတင်မဟုတ်ဘဲ ပြစ်မှုတစ်ခုလိုတောင်ဖြစ်နေတဲ့အတွက် အများသူငါတွေလိုပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ဆွဲခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ စာလုံးတွေအပြင် 3D graphic ပုံတွေကိုပါ ရေးဆွဲလာခဲ့ပါတယ်။ အနေအထား၊ ရှုထောင့်၊ အသေးစိတ်နဲ့ အလင်းအမှောင်တို့ကို သေသေချာချာ ကစားပေးခြင်းဖြင့် နံရံတွေပေါ်က ရုပ်လုံးကြွကြွ ပုံရိပ်တွေကို အသက်ဝင်စွာပဲ အခုလိုတွေ့ရှိရပါတယ်။

 

View this post on Instagram

 

A post shared by ODEITH (@odeith) on

Instagram/@odeith
Instagram/@odeith
Instagram/@odeith
Instagram/@odeith
Instagram/@odeith
Instagram/@odeith

Sergio Odeith ကို ပိုပြီး လူသိများလာစေတာကတော့ သူ့ရဲ့ နံရံပေါ်က ပိုးကောင်တွေကြောင့်ပဲဖြစ်ပါတယ်။

READ
ကျောင်းပြောင်းမိန့်ကျလာတဲ့ ဆရာကို ငိုယိုပြီး မသွားဖို့တားမြစ်ခဲ့ကြတဲ့ ကျောင်းသားများ
Instagram/@odeith
Instagram/@odeith
Instagram/@odeith

ဒါ့အပြင် နာမည်ကြီး ပုဂ္ဂိုလ်ပုံတွေကို လည်း အခုလိုပဲ အနုပညာဆန်ဆန် ရေးဆွဲလေ့ရှိပါတယ်။

Instagram/@odeith
Instagram/@odeith
Instagram/@odeith

Source : Bright Side

Penny

SHARE