Instagram မှာ ခေတ်စားနေတဲ့ မုတ်ဆိတ်မွှေး trend များ

Instagram

မုတ်ဆိတ်တွေဟာ ယောက်ျားပီသမှုကိုပြတယ်ဆိုပေမယ့်လည်း တစ်ခါတစ်လေတော့လည်း အပျော်သဘောနဲ့ မုတ်ဆိတ်တွေ၊ ပါးသိုင်းတွေကို အလှဆင်ကာ ဓာတ်ပုံရိုက်သင့်ပါတယ်။ အမှတ်တရအနေနဲ့ပေါ့နော်။ ဒီတော့ မုတ်ဆိတ်လှလှလေးတွေနဲ့ ဓာတ်ပုံရိုက်ဖို့ စိတ်ကူးပေါက်သွာပြီဆိုလျှင်တော့ ဘယ်လိုပုံစံတွေနဲ့ အလှဆင်နိုင်မလဲဆိုတာကိုတော့ Instagram ပေါ်မှာ ခေတ်စားနေတဲ့ beard trend လေးတွေကို ကြည့်လိုက်ကြရအောင်ပါ။

Glitter beard

Glitter ဆိုတဲ့အတိုင်း လက်လက်လက်လက်အမှုန့်လေးတွေကို မုတ်ဆိတ်မွှေးသတဲ့ဆီသို့မဟုတ် Gel နဲ့ရောကာ အခုလိုလိမ်းပေးနိုင်ပါတယ်။

Instagram
Beard တွေထဲ ပစ္စည်းလေးတွေထည့်ပြီး အလှဆင်ခြင်း

ခရစ်စမတ်ရာသီဆိုတော့ ခရစ်စမတ်သစ်ပင်မှာ အလှဆင်တဲ့ဟာလေးတွေပဲဖြစ်ဖြစ်၊ သကြားလုံးလေးတွေပဲဖြစ်ဖြစ်နဲ့ အလှဆင်ကာ ဓာတ်ပုံတွေရိုက်နေကြပါတယ်။ ဒီအပြင် သစ်သီး၊ ချောကလတ်၊ သကြားလုံး စတဲ့စားစရာတွေနဲ့ပါ အလှဆင်လာကြပါတယ်။

Instagram

အခုလို Flower Beard ကတော့ Instagram ရဲ့ latest trend ဖြစ်ပြီး pre-wedding ရိုက်တဲ့အခါမျိုးမှာ အလှဆင်တာများပါတယ်။

READ
စကော့တလန်မှာ ကျင်းပလျက်ရှိတဲ့ ဥရောပကျောက်တုံးဆင့် ပြိုင်ပွဲကြီး
Instagram
Long beard

ထူထူထဲထဲရှည်ရှည်လျားလျားနဲ့ မုတ်ဆိတ်မွှေးဟာ ရှေးတုန်းက viking တွေရဲ့ ပုံသဏ္ဍာန်ကို မှီငြမ်းထားတာပါ။ သပ်သပ်ရပ်ရပ်တိညှပ်ထားပြီး အခုလို အထာကျကျနဲ့ ဂေါ်နိုင်ပါပြီ။

Instagram
Colored beard

မိမိဆံပင်အရောင်အတိုင်းပဲ မုတ်ဆိတ်တွေ၊ နှုတ်ခမ်းမွှေးတွေဟာ ထွက်လာတယ်ဆိုပေမယ့် အခုလိုမျိုး အရောင်ဆန်းလေးတွေကိုလည်း ဆိုးနေကြပါပြီ။ ဓာတ်ပုံရိုက်ဖို့ပဲဆိုလျှင်တော့ ရေဆေးချလိုက်တဲ့အခါ အရောင်ပျက်သွားတဲ့ temporary hair color spray တွေ၊ hair chalk တွေရှိတာကြောင့် စိတ်ပူစရာမလိုဘဲ အရောင်တင်နိုင်ပါပြီ။

Instagram
Ombre beard

Ombre ကတော့ အရောင်အနုအရင့် ကစားထားတဲ့ ရောင်ပြေးစပ်ကို ဆိုလိုတာပါ။ အပေါ်ကလိုမျိုး အရောင်တစ်ရောင်တည်းတင်ရမှာ ပျင်းစရာကောင်းတယ်လို့ ထင်ရင်တော့ အခုလို ရေစိုပုံစံမျိုးကိုလည်း စမ်းကြည့်သင့်ပါတယ်။

Instagram
Curly Beard

မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေရှည်လာတဲ့အခါ ပုံမှန်အတိုင်းမလိုချင်ဘဲ ပုံစံအသစ်အဆန်းလေးဖြစ်ချင်တယ်ဆိုလျှင်တော့ ကောက်တာပါပဲ။ ကောက်ကောက်ကွေးကွေး မုတ်ဆိတ်မွှေးလေးကို လှလှပပလေးဖြစ်စေဖို့ အမျိုးသမီးတွေ ဆံပင်လိပ်တဲ့ဟာလေးတွေနဲ့လိပ်ပြီး ညအိပ်ကာ မနက်ကျမှဖြည်ပေးလိုက်ပါ။

READ
ချစ်သူအတွက် ခွေးရုပ်ခေါင်းအုံးချုပ်ပေးရာမှ ထူးဆန်းတဲ့ပုံပေါက်သွားတဲ့အဖြစ်
Instagram

Source: Instagram

Penny

SHARE