ဘ၀မှာ တစ်ခါတစ်ခေါက်တော့ ရောက်သွားသင့်တဲ့ နေရာ(၅)ခု

(၁) Northern Lights in Iceland

Iceland မှာ တည်ရှိတဲ့ Northern Lights လို့ခေါ်တဲ့ မီးစုန်းအလင်းရောင် အလှဟာ ကမ္ဘာကျော်ပါတယ်။ ညဦးယံကောင်းကင်မှာ ဒီလို မီးစုန်းတွေ တောက်ပနေရခြင်းကလည်း Iceland ရဲ့ ရှားရှားပါးပါး သဘာဝအလှတရား ဖြစ်ပါတယ်။ ဒီမီးစုန်းတွေ ဖြစ်ပေါ်လာခြင်းရဲ့ အကြောင်းရင်းကတော့ နေရောင်ခြည်ကနေ လျှပ်စစ်စွမ်အားရရှိခဲ့တဲ့ အမှုန်တွေဟာ ကမ္ဘာ့လေထုထဲမှာရှိတဲ့ အမှုန်တွေနဲ့ ဓာတ်ပြုပြီး အဖြူအပြာ အ၀ါအစိမ်း စတဲ့ မီးစုန်းလေးတွေကို ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ တစ်ခြား ဒေသမှာတော့ ဒီလို ဖြစ်လေ့မရှိပါဘူး။

(၂) ဂရိကျွန်းစု

ရေပြာပြာ ၀ိုင်းရံထားတဲ့ ဂရိကျွန်းစုတွေကလည်း ဘ၀မှာ ဦးစားပေးသွားသင့်တဲ့ နေရာတွေပါဘဲ။ ဂရိရေပိုင်နက် Aegean နဲ့ Ionian ပင်လယ်တွေအတွင်းမှာ ကျွန်းစုပေါင်း ခြောက်ထောင်ကျော်ရှိတဲ့ အနက် 227 ခုသော ကျွန်းတွေမှာသာ လူတွေ အခြေချနေထိုင်ပါတယ်။ ကျန်တဲ့ ကျွန်းတွေကတော့ သဘာဝအတိုင်း တည်ရှိနေဆဲဖြစ်ပြီး ခရီးသွားတွေအတွက် ထူးမြတ်
တဲ့ အလှတရားတွေကို ပေးစွမ်းပါတယ်။

READ
ဇိမ်ခံဟိုတယ်ကြီးဖြစ်လာခဲ့တဲ့ ပျော်ပွဲစားခြင်းပုံစံ (၇)ထပ်အဆောက်အဦးကြီး

(၃) ကမ္ဘာ့အကြီးဆုံး Son Doong ဂူ (ဗီယက်နမ်)

ဗီယက်နမ်နိုင်ငံမှာ 1991 ခုနှစ်က ရှာဖွေတွေ့ရှိခဲ့တဲ့ Son Doong  ဂူဟာလည်း အလွန်သာယာလှတဲ့ သဘာဝပတ်ဝန်း
ကျင်နဲ့ ခရီးသွားတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ 2014 ခုနှစ်မှာ ခရီးသွားတွေအတွက် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ခြောက်ရက် ခရီးစဉ် ကြာမြင့်ပါတယ်။

(၄) မြန်မာ

အသွားသင့်ဆုံး ခရီးထဲမှာ မြန်မာကို Time မဂ္ဂဇင်းက ထည့်သွင်းခဲ့တာ ဂုဏ်ယူစရာပါ။ လူနေမှုအထူထပ်ဆုံး ရန်ကုန်မြို့မှာ ဗြိတိသျှခေတ်က လက်ရာတွေကိုလည်း ရှုစားနိုင်မှာဖြစ်သလို၊ လေးဆူဓာတ်ပုံ ရွှေတိဂုံ၊ ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရား စတဲ့နေရာတွေကလည်း ကမ္ဘာလှည့်ခရီးသွားတွေ များစွာ ၀င်ရောက်ရာ နေရာဖြစ်ပါတယ်။ ပုဂံဘုရားများနဲ့၊ မွန်
ပြည်နယ် ကျိုက်ထီးရိုး၊ မန္တလေး ခရီးစဉ်၊ ရှမ်းပြည်ခရီးစဉ်၊ မကွေး၊ စစ်ကိုင်း၊ ရခိုင် ခရီးစဉ်တို့ကလည်း ထူးခြားတဲ့ အတွေအကြုံတွေကို ပေးစွမ်းမှာပါ။

READ
အမေရိကန်က ပြိုင်စံရှားအလှမြင်ကွင်းများ

(၅) ကာရစ်ဘီယံကျွန်းစုများ

ကနေဒါနိုင်ငံ ၀န်းကျင်မှာတည်ရှိတဲ့ ကျွန်းစုတွေကလည်း ကမ္ဘာပေါ်မှာတော့ အလှဆုံးနေရာတွေ ဖြစ်ပါတယ်။ သာယာလှပတဲ့ ရေမြေတောတောင် သဘာဝတွေကို ပေးစွမ်းပြီး ဟန်းနီးမွန်းခရီးစဉ်တွေအတွက်တော့ အကောင်းဆုံး ထောက်ပံ့မှု
တွေ ပေးစွမ်းနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။

မဒီလေး (Shwemom)

source : time.com/ huffingtonpost.com

SHARE