ချစ်သူက ဒီအရာတွေလုပ်ပေးရင် သင့်ကိုတကယ်ချစ်လို့ပါ…

သင်ချစ်သူက လူတစ်ယောက်ကို လွယ်လွယ်နဲ့ မချစ်တတ်သလို၊ ချစ်မိပြီဆိုရင်လည်း လွယ်လွယ်နဲ့ မေ့မရတတ်တဲ့လူမျိုးဖြစ်ပြီး အခုဖော်ပြပေးမယ့် အရာတွေကိုပါ လိုက်လုပ်ပေးနေတယ်ဆိုရင်တော့ သင့်ကို တကယ်ချစ်တဲ့လူတစ်ယောက်ကို သင်ပိုင်ဆိုင်ထားတာနော်….

(1) Offical တွဲတယ်။

အခုခေတ်မှာ ချစ်သူစုံတွဲတော်တော်များများက ကိုယ့်ချစ်သူရည်စားကို လူသိရှင်ကြားတွဲတယ်ဆိုတဲ့ လူမျိုးက အတော်ကိုရှားလာပါပြီ။ ဘာလို့လူသိရှင်ကြားမတွဲရတာလဲဆိုတော့ ရည်းစားကိုလူသိရှင်ကြားတွဲလိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာကို ဖြေရှင်းမှာ ကြောက်နေကြလို့ပဲဖြစ်ပါတယ်။ တကယ်လို့သင်ချစ်သူက သင်လက်ကိုတွဲပြီး မကြောက်မရွံ့ လူကြားထဲလျှောက်ရဲတဲ့လူမျိုးကို ပိုင်ဆိုင်ထားရင် သူက သင့်ကို တကယ်ချစ်လို့သာမှတ်လိုက်တော့….

(၂) အရာရာ နားလည်ပေးတယ်။

နားလည်ပေးတယ်ဆိုတာ အပြောလွယ်ပေမယ့် အရမ်းခက်ခဲပါတယ်။ တကယ်လို့  ချစ်သူက သင်နဲ့ပတ်သက်ပြီးတော့ ဖြစ်လာသမျှ အဆိုးအကောင်း၊ အကျိုးအကြောင်းတွေကို သည်းခံပြီး သင့်ကို အမြဲနားလည်ပေးတယ်ဆိုတာ သင့်ကိုအရူးအမူးချစ်လို့ပါ။

(၃) သင်နဲ့ ပတ်သတ်ရင် အရာရာကို စိတ်ရှည်တယ်။

READ
သင်က မတောင်းဆိုပေမယ့် ဒီလိုလေးတွေလုပ်ပေးတဲ့ မိန်းကလေးကို လက်ထပ်ပါ

သင့်ဖက်က တစ်စုတစ်ခုအဆင်မပြေတဲ့အခါတိုင်းမှာ စိတ်ရှည်ရှည်နဲ့ နားလည်ခွင့်လွှတ်ပေးတယ်ဆိုတာ သင့်ကို အရူးအမူးချစ်လို့ပါ။ တစ်ခါတလေ သင်ဟာအကြောင်းအမျိုးမျိုးကြောင့် သူ့ကိုမဆက်သွယ်ဖြစ်ရင်၊ သင့်ကိုဆက်သွယ်လို့မရရင် ဒါမှမဟုတ်  သင်အလုပ်တွေများနေတဲ့အချိန်တွေမှာ သူကို ဂရုမစိုက်သလိုဖြစ်နေခဲ့ရင်တောင်မှာ သူဘက်က သင်ဆက်သွယ်လာမယ့်အချိန်မျိုးကို စိတ်ရှည်ရှည်နဲ့ စောင့်နေတတ်တယ်ဆိုတာ အရမ်းချစ်တတ်တဲ့သူမျိုးကို ပိုင်ဆိုင်ထားတာပါ။

(၄) အလျော့ပေးတတ်တယ်။

သင်ဟာ သူ မကြိုက်တဲ့အရာတွေ၊ သူ့ကိုဒေါသထွက်စေမယ့်အရာတွေ ခဏခဏ လုပ်နေမိပေမယ့် သင့်ကို အကြိမ်ကြိမ်ပြန်ပြီး ခွင့်လွှတ်နေတတ်တယ်ဆိုတာ သူ့မာနကိုတစ်ထစ်လျော့ပေးလိုက်ရတာဆိုတာကို သိထားပါ။ ဒီလိုမျိုးသင့်ကို အကြိမ်ကြိမ် အခါအခါ ခွင့်လွှတ်နားလည်ပေးနေတယ်ဆိုတာ သင့်ကို အဆုံးရှုံးမခံနိုင်အောင်ထိ အရမ်းချစ်မိသွားလို့ပဲ ဖြစ်ပါတယ်။

 

SHARE