အရမ်းချစ်တဲ့ ချစ်သူစုံတွဲတွေဆိုတာ….

အရမ်းချစ်မိသွားတဲ့စုံတွဲတွေဟာ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲ့ဒီ့တစ်ယောက်အပေါ်မှာပဲ စိတ်တွေအကုန်လုံးနှစ်ပြီး ချစ်တတ်တဲ့ သူမျိုးတွေဖြစ်ကြပါတယ်။ အချစ်ကြီးပြီး တစ်ယောက်ဆိုတစ်ယောက် အစွမ်းကုန်ချစ်တတ်ပြီး သူတို့ရွေးချယ်လိုက်တဲ့လူ မှားသွားခဲ့ရင်တောင် ခေါင်းမာမာနဲ့ ဆုပ်ကိုင်ထားတတ်တဲ့သူမျိုးတွေ ဖြစ်ကြပါတယ်။

(၁) နောက်ကြောင်းပြန်မလှည့်ဘူး။

ချစ်သူကို နှလုံးသားတစ်ခုလုံး ပုံအပ်ပြီးချစ်တတ်တဲ့သူတွေဟာ သူတို့ရွေးချယ်မှုမှားသွားရင်တောင် ဘယ်တော့မှ  နောက်ကြောင်းပြန်မလှည့်တတ်ပါဘူး။ ပတ်ဝန်းကျင်၊ မိဘအသိုင်းအ၀ိုင်းက သူတို့ချစ်သူနှစ်ဦးကြား ၀င်ရောက်နှောင့်ယှက်နေပါစေ ချစ်သူအပြင်ဘယ်သူ့ကိုမှ မချစ်နိုင်တော့သလို၊ တစ်ယောက်ဆိုတစ်ယောက် အစွမ်းကုန်ချစ်တတ်တဲ့သူမျိုးတွေဖြစ်နေတာကြောင့် ဘယ်တော့မှ  နောက်ကြောင်းပြန်မလှည့်တတ်ပါဘူး။

(၂) ယုံကြည်မှုရှိတယ်။

သူတို့ဖက်က နှလုံးသားတစ်ခုလုံးပုံအောပြီး ရင်းထားရတဲ့ အချစ်တစ်ခုကို ဘယ်နည်းနဲ့မှ အပြိုပျက်မခံနိုင်ကြပဲ တစ်ခါတစ်လေ  ပြသာနာတတ်ကြတယ်ဆိုပေမယ့် တစ်ဦးကိုတစ်ဦး နားလည်မှု ၊ ယုံကြည်မှုတွေနဲ့ ဖြေရှင်းတတ်ကြသူတွေပါ။

(၃) ဦးစားပေးတယ်။

ချစ်သူပျော်ရွှင်ဖို့၊ ချစ်သူရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပးနိုင်ဖို့ အမြဲတမ်း ကြိုးစားတတ်ကြပြီး သူတို့ရဲ့ ဆန္ဒတွေထက် ချစ်သူရဲ့ ဆန္ဒတွေကိုပိုပြီး ဦးစားပေးတတ်တဲ့သူမျိုးတွေဖြစ်ပါတယ်။ သူတို့ဘဝရဲ့ အရေးကြီးဆုံးအရာတွေထဲမှာ ချစ်သူပျော်ရွှင်နေဖို့ကအရေးကြီးဆုံဖြစ်ပြီး ချစ်သူစိတ်ညစ်မှာ ၊ စိတ်ဆိုးမှာစိုးရိမ်တာကြောင့် သူတို့ရင်ထဲက တစ်ချို့အကြောင်းအရာတွေကို မသိချင်ယောင်ဆောင်ပြီး ချစ်သူပျော်ရွင်ဖို့ကို ဦးစားပေးတတ်ကြပါတယ်။

READ
အချစ်ကိုတကယ်တန်ဖိုးထားတဲ့ ချစ်သူတွေဆိုတာ ဒီလိုမျိုးပါ…..

(၄) ဘယ်တော့မှသစ္စာမဖောက်ဘူး။

အရမ်းချစ်တဲ့ ချစ်သူစုံတွဲဟာ သူတို့အနားကိုကပ်တဲ့လူတွေ၊ သူတို့ကို ချစ်ခွင့်ပန်တဲ့လူတွေဟာ မိမိချစ်သူထက် အရာအားလုံးသာနေရင်တောင်မှ ချစ်သူကလွဲပြီး ဘယ်သူ့ကိုမှ ခေါင်းထဲမထည့်တတ်ကြပါဘူး။ ချစ်သူအတွက် ဘာလေးလုပ်ပေးရမလဲ၊ ချစ်သူစိတ်ချမ်းသာအောင် ဘယ်လိုလုပ်ပေးရမလဲ၊ ချစ်သူကို ဘယ်လိုဖြည့်ဆည်းပေးရမလဲ ဆိုတာကိုပဲ အချိန်ပြည့်တွေးနေတတ်တဲ့ သူတွေဖြစ်ပါတယ်။

SHARE