ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တွေလို တစ်ထပ်တည်းသရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်များ

Imdb/my week with Marilyn Monroe

ခေတ်အဆက်ဆက်မှာ လူသိထင်ရှားခဲ့တဲ့ လူပုဂ္ဂိုလ်တွေများစွာရှိကြပါတယ်။ တေးဂီတပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ အားကစားသမားတွေ၊ ခေါင်းဆောင်တွေ၊ သူရဲကောင်းတွေ၊ စွန့်ဦးတီထွင်သူတွေ များစွာ များစွာပါပဲ။ အဲဒီလို ထင်ရှားကျော်ကြားတဲ့ လူတွေရဲ့ အကြောင်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးမှုတွေလည်း ခေတ်အဆက်ဆက်ရှိခဲ့တာပါ။ အဲဒီထဲကမှ လုံးဝကို တစ်ထပ်တည်း သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသား-မင်းသမီးတွေနဲ့ သူတို့ ဘယ်သူတွေနေရာ သရုပ်ဆောင်ခဲ့သလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

၈ – ရေခဲပြင်စကိတ်ချန်ပီယံ Tonya Harding အဖြစ် Margot Robbie

စကိတ်အားကစားသမိုင်းမှာ Tonya Harding နဲ့ Nancy Kerriganတို့ နှစ်ယောက်သားရဲ့ ဇာတ်လမ်းဟာ ပြောစမှတ်ဖြစ်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။  အဲဒီအကြောင်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးရမှာလည်း ဟာလီကွင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးMargot Robbie က Tonya Harding အဖြစ် သရုပ်ဆောင်ခဲ့တာပါ။ ရုပ်ရှင်နာမည်ကတော့ I, Tonya ဖြစ်ပါတယ်။ I, Tonya ရုပ်ရှင်ကားဟာ ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာအတွက် ဇကာတင်ရွေးချယ်တဲ့ ရုပ်ရှင်ကားတွေထဲမှာပါဝင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ I, Tonya ထဲမှာ Margot Robbie ဟာ သူ(မ)ရဲ့ ချစ်စဖွယ်ကောင်းတဲ့ မျက်နှာအလှ ပျောက်သွားပြီး မာကျောတဲ့ အားကစားတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်တစ်ရပ်ပြောင်းပြီး သရုပ်ဆောင်သွားတာ တော်တော်မိုက်လှပါတယ်။

၇ – နိုင်ငံရေးသမား မာတင်လူသာကင်းအဖြစ် David Oyelowo

၁၉၆၅ ခုနှစ်က ဖြစ်ခဲ့တဲ့ လူမည်းတွေ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်အတွက် တိုက်ပွဲဝင်တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ Selma  ဆိုတဲ့ ရုပ်ရှင်ကားတစ်ကားထွက်လာခဲ့ပါတယ်။ အဲဒီ ရုပ်ရှင်ဟာ သမိုင်းကြောင်းထဲမှာ တကယ်ရှိခဲ့တဲ့ လူတွေ၊ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဇာတ်အိမ်ချဲ့ပြီး ရိုက်ကူးထားတာအတွက်ကြောင့်လည်း  သရုပ်ဆောင်တော်တော်များများလည်း ပါဝင်ပါတယ်။

Selma ရုပ်ရှင်ကားထဲမှာတော့ I have a Dream ကျနော့်မှာ အိပ်မက်တစ်ခုရှိတယ်ဆိုတဲ့ ရဲရဲတောက်မိန့်ခွန်းကို ပြောကြားခဲ့တဲ့ မာတင်လူသာကင်းအဖြစ် သရုပ်ဆောင်ခဲ့သူကတော့ David Oyelowo ပါ။

၆ – ရော့ခ်စတားဖရက်ဒီမာကျုရီအဖြစ် Rami Malek

လူတွေ သိတဲ့ နာမည်တွေထဲမှာ ဘုရားသခင်ဆိုတဲ့ စကားလုံးပြီး နောက်သိတဲ့ နာမည်ကတော့ Queen တေးဂီတအဖွဲ့ရဲ့ သီချင်းတွေဖြစ်တယ်လို့ကမ္ဘာကျော်ရိုးလင်းစတုန်းမဂ္ဂဇင်းကြီးရဲ့ ရေးသားချက်ထဲက Queen အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီမာကျုရီနေရာမှာ သရုပ်ဆောင်ခဲ့သူကတော့  Rami Malek ပါ။

Rami Malek ဟာ Queen တေးဂီတအဖွဲ့နဲ့ ဖရက်ဒီမာကျုရီတို့အကြောင်းကို သိုင်းဝိုင်းရိုက်ကူးထားတဲ့ Bohemian Rhapsody ထဲမှာ ဖရက်ဒီမာကျုရီအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ အဲဒီ ရုပ်ရှင်နဲ့ပဲ Rami Malek ဟာ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိသွားခဲ့ပါတယ်။

၅ – ရုပ်သံအစီအစဉ်သူ Fred Rogers အဖြစ် Tom Hanks

တစ်ခေတ်တစ်ခါက အမေရိကန်မှာ နာမည်ကြီးတဲ့ ရုပ်သံအစီအစဉ်ကို ဦးဆောင်ဆွေးနွေးတဲ့လူတစ်ယောက်ရှိပါတယ်။ အဲဒီလူကတော့ Fred Rogers ဖြစ်ပါတယ်။ အဲဒီ Fred Rogers နေရာမှာ သရုပ်ဆောင်ထားသူကတော့ ဂန္ထဝင်မင်းသားကြီး Tom Hanksပဲဖြစ်ပါတယ်။

ရုပ်ရှင်နာမည်ကတော့ A Beautiful Day in the Neighborhood ဖြစ်ပါတယ်။ မင်းသားကြီးတွမ်ဟန့်စ်ရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ကားတစ်ကားဆိုလည်း မမှားပါဘူး။

၎ – လက်ဖြောင့်တပ်သား Chris Kyle အဖြစ် Bradley Cooper

အမေရိကန်-အီရတ် စစ်ပွဲမှာ သမိုင်းတွင်လူတစ်ယောက်ပေါ်ထွက်လာခဲ့ပါတယ်။ သူကတော့ Chris Kyle လို့ ခေါ်တဲ့ လူတစ်ယောက်ဖြစ်ပြီး စစ်ပွဲအတွင်းမှာပဲ ရန်သူတွေ ၂၅၅ ယောက်ကိုတောင် တစ်ယောက်တည်းသတ်နိုင်ခဲ့သူပါ။

သူ့အကြောင်းကို ရုပ်ရှင်ရိုက်ကူးရာမှာတော့ မင်းသားချော  Bradley Cooper က သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ တစ်ချိန်က ကောင်းဘွိုင်ကြီး ကလင့်အိဝုဒ်ကိုယ်တိုင်ပါပဲ။ ရုပ်ရှင်နာမည်ကတော့ American Sniper ဖြစ်ပါတယ်။

၃ – မာရီလင်မွန်ရိုး အဖြစ် Michelle Williams

ကမ္ဘာပေါ်မှာ သက်ရှိထင်ရှားမရှိတော့ပေမယ့် အခုအချိန်အထိ သူ(မ)ရဲ့ အလှတရားကို ပြောဆိုနေကြဆဲဖြစ်တဲ့ မင်းသမီးတစ်လက်ရှိပါတယ်။ အဲဒီသူကတော့ မာရီလင်မွန်ရိုးပါပဲ။

၂၀၁၁ ခုနှစ်က ထွက်ခဲ့တဲ့ My Week with Marilyn ရုပ်ရှင်ကားထဲမှာ မင်းသမီးမာရီလင်မွန်ရိုးအဖြစ် သရုပ်ဆောင်ခဲ့သူကတော့ Michelle Williams ပဲဖြစ်ပါတယ်။ Michelle Williams ဟာ မာရီလင်မွန်ရိုးအဖြစ် သရုပ်ဆောင်ဖို့ အပြင်းအထန်ကြိုးစားခဲ့ရပါတယ်။ အထူးသဖြင့် မာရီလင်မွန်ရိုးရဲ့ ပင်ကိုယ်ဟန်ရှိတဲ့ လမ်းလျှောက်ပုံကို ရဖို့အတွက် ခြေထောက်မှာ အစွပ်တွေတပ်ပြီးတော့တောင် သရုပ်ဆောင်ခဲ့ရတာပါ။

၂ – Malcolm X အဖြစ် Denzel Washington

အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားသူတစ်ယောက် Malcolm X အဖြစ် သရုပ်ဆောင်ခဲ့သူကတော့ Denzel Washington ပဲ ဖြစ်ပါတယ်။  ရုပ်ရှင်နာမည်ကလည်း Malcolm X ပါပဲ။ အဲဒီ ရုပ်ရှင်ဟာ Malcolm X ရဲ့ ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိစာအုပ်အပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ 

၁ – ကန်းထရီးအဆိုတော်ကြီးJohnny Cash အဖြစ် Joaquin Phoenix

Joker ရုပ်ရှင်နဲ့ မြန်မာပရိသတ်တွေ ကြိုက်နှစ်သက်လာတဲ့ မင်းသား Joaquin Phoenix က အဆိုတော်ကြီး Johnny Cash  အဖြစ် သရုပ်ဆောင်ထားတာပါ။ Walk The Line လို့ အမည်ရပါတယ်။ အဲဒီ ရုပ်ရှင်ထဲမှာ Joaquin Phoenix ဟာ Johnny Cash ရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ ခိုင်မာပြီး စိတ်ဓာတ်ပြတ်သားပြီး ဒေါသကြီးတဲ့ Johnny Cash ကြီးကို  Joaquin Phoenix ကို မြင်တွေ့ရဦးမှာပါ။

Ye Yint Kyaw

SHARE