ကင်ဂျုံအန်နဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့ လက်ခံလိုက်တဲ့ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ လာမယ့်မေလထဲမှာ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး မြောက်ကိုရီးယား နူကလီးယားအရေးကို ဆွေးနွေးသွားမယ်လို့ သူ့ရဲ့ကိုယ်ပိုင် Twitter အကောင့်ထဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါဟာ  အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးတို့ ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး အရင်က ဒီလိုဆွေးနွေးမှုမျိုးမရှိခဲ့ပါဘူး။ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်တို့ တွေ့ဆုံဖို့အတွက် ကြားဝင်စေ့စပ်ညှိုနှိုင်းပေးသူကတော့  တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ချုံအီယောင်းပဲ ဖြစ်ပါတယ်။

Theguardian

ချုံအီယောင်းဟာ ပြီးခဲ့တဲ့တနင်္လာနေ့ (၅.၃.၂၀၁၈)က မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းကို သွားရောက်ခဲ့ပြီး ကင်ဂျုံအန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူတို့နှစ်ယောက် ဘာအကြောင်းကိုဆွေးနွေးခဲ့လည်းဆိုတာ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပေးခဲ့ခြင်း မရှိပါဘူး။ အဲဒီနောက်မှာတော့ ချုံအီယောင်းဟာ မနေ့(၈.၃.၂၀၁၈)က အမေရိကန်နိုင်ငံကို ရောက်လာခဲ့ပြီး အိမ်ဖြူတော်မှာ သမ္မတ ထရမ့်နဲ့ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့မနက်(၉.၃.၂၀၁၈) အစောပိုင်းမှာတော့ အိမ်ဖြူတော် အနောက်ဘက်အဆောင်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ထရမ့်နဲ့ ကင်ဂျုံအန်တို့ တွေ့ဆုံမယ့်အကြောင်း မီဒီယာတွေကို အသိပေးခဲ့ပါတယ်။ ဒီသတင်းကို တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားအစိုး(၂)ခုလုံးက အတည်ပြုပေးခဲ့ပြီး အချိန်အနည်းငယ်အကြာမှာတော့ ထရမ့်ကိုယ်တိုင်ကလည်း သူ့ထုံးစံအတိုင်း Twitter မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

READ
ကြက်သားအစိမ်းက ရုတ်တရက် အသက်ဝင်ပြီး၊ စားပွဲပေါ်မှ ခုန်ဆင်းခဲ့တဲ့ ဗွီဒီယိုမှတ်တမ်း
Twitter

ဒီတွေ့ဆုံဆွေးနွေးပွဲကို စတင်ကမ်းလှမ်းသူက ကင်ဂျုံအန်ဖြစ်ပြီး တောင်ကိုရီးယားရဲ့ လုံခြုံရေးအကြံပေး ချုံအီယောင်းက တစ်ဆင့် သမ္မတဒေါ်နယ်ထရမ့်ကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလိုက်တာလို့လည်း သိရပါတယ်။ မေလထဲမှာ တွေ့ဆုံဆွေးနွေးမှာ သေချာပေမယ့် တွေ့ဆုံမယ့်နေရာကိုတော့ မရွေးချယ်ရသေးပါဘူး။ တောင်ကိုရီးယားအစိုးရကတော့ ထရမ့်နဲ့ကင်ဂျုံအန်တို့ ဆန္ဒရှိမယ်ဆိုရင် ဒီတွေ့ဆုံဆွေးနွေးပွဲအတွက် တောင်ကိုရီးယားရဲ့ သမ္မတအိမ်ပြာတော်ကို အသုံးပြုခွင့်ပေးကြောင်း ချုံအီယောင်းက ပြောကြားခဲ့ပါတယ်။

Koogle
NBC News

အမေရိကန်အစိုးရရဲ့ တာဝန်ရှိသူတွေကတော့ မြောက်ကိုရီးယားနဲ့ ခေါင်းဆောင်ချင်း ထိပ်တိုက်တွေ့ဆုံဆွေးနွေးခွင့်ရမှာကို ၀မ်းသာကြောင်း၊ ဒါပေမယ့် မြောက်ကိုရီးယားဘက်ကလည်း အမေရိကန်တောင်းဆိုထားတဲ့ နူကလီးယားလက်နက်တွေ စမ်းသပ်တာကို ရပ်ဆိုင်ထားမှသာ ဒီဆွေးနွေးပွဲ အကောင်အထည်ပေါ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ (၂၀၁၈)နှစ်ဆန်းပိုင်းလောက်က အမေရိကန်နိုင်ငံအထိလောက်အထိ အကွာအဝေးကိုရောက်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေကို စမ်းသပ်ခဲ့လို့ မြောက်ကိုရီးယားအစိုးရကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က “ဒေါသမီးမိုးတွေ ရွာချတာခံရမယ်” ဆိုပြီး ပြင်းပြင်းထန်ထန် သတိပေးခဲ့ ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲကို ထရမ့်အနိုင်ရခဲ့တုန်းကလည်း ကင်ဂျုံအန်က “ကြပ်မပြည့်တဲ့ US အဖိုးကြီး” လို့ ခေါ်ဝေါ်ခဲ့ပြီး ထရမ့်ကလည်း ကင်ဂျုံအန်ကို “ရော့ကတ်ကောင်လေး” လို့ တုံ့ပြန်ပြီး စကားနာထိုးခဲ့ဖူးပါတယ်။

READ
မီဂန်မာကယ် ကလေးမီးဖွားပြီးပြီဖြစ်ကြောင်း ပရိသတ်တွေ သုံးသပ်နေကြ

Source : CNN

ZARNI

SHARE