ကင်ဂျုံအန်နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ ငြိမ်းချမ်းရေးတွေ့ဆုံပွဲ မွန်ဂိုလီးယားတွင် ကျင်းပဖွယ်ရှိ

CNN

စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံပါက တတိယကမ္ဘာစစ်ဖြစ်ဖို့ အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်သမ္မတတို့ရဲ့ မကြာမီမှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှုဟာ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် စိုက်ထူနိုင်ဖွယ်ရာရှိနေပါတယ်။ ဒီအတွက် ကမ္ဘာ့ရေးရာလေ့လာသုံးသပ်ရေးသမားတွေက အပြုသဘောဆောင်တဲ့ တွေ့ဆုံမှုအဖြစ်မှတ်ယူနေပြီး၊ ကင်ဂျုံအန်က ထရမ့်ကိုတွေ့ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Twitter

ဒါဟာ တောင်ကိုးရီယားဆောင်းရာသီအိုလံပစ်ပွဲတော်အပြီးမှာ မြောက်ကိုရီးယားဘက်က ထူးခြားလာတဲ့ ငြိမ်းချမ်းရေးခြေလှမ်းလည်းဖြစ်ပြီး၊ ယင်းပွဲတော်အတွင်းမှာ တောင်-မြောက်နှစ်နိုင်ငံစလုံးဟာ သမဂ္ဂအလံတော်တစ်ခုတည်းအောက်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ၊ အောင်မြင်မှုမြင့်မြင့်မားမား မရခဲ့ပေမယ့် နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက်တော့ အခြေအနေတွေ များစွာကောင်းခဲ့ပါတယ်။

EPA

ယင်းပြိုင်ပွဲကို မြောက်ကိုရီးယားသမ္မတ ကင်ရဲ့ကိုယ်စား ညီမဖြစ်သူ ကင်ယိုဂျောင်က သုံးရက်ကြာသွားရောက်အားပေးခဲ့ပြီး တောင်ကိုရီးယားသမ္မတ၊ အမေရိကန်ရဲ့ ဒုတိယသမ္မတတို့နဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ ဒါကြောင့် အဲဒီပြိုင်ပွဲအပြီး၊ ရက်သတ္တပတ်အနည်းငယ်အကြာမှာ အခုလို အမေရိကန်သမ္မတထရမ့်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တွေ့ခွင့်တောင်းခဲ့ရာ ထရမ့်ကလည်း မဆိုင်းမတွ လက်ခံခဲ့ပါတယ်။

AP

လက်တလောမှာတော့ နှစ်နိုင်ငံခေါင်းဆောင်းတွေဟာ ဘယ်မှာတွေ့ဆုံမယ်ဆိုတာ တိတိကျကျ ကြေငြာခြင်းမရှိပေမယ့် မွန်ဂိုလီးယားသမ္မတဟောင်းကတော့ ငြိမ်းချမ်းရေးတွေ့ဆုံပွဲကို မိမိတို့နိုင်ငံက တာဝန်ယူကျင်းပလိုကြောင်း တွစ်တာစာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ သူ့ရဲ့တောင်းဆိုမှုဟာ အလားအလာကောင်းနေပြီး၊ ကြားနိုင်ငံတစ်ခုအဖြစ်လည်း အလွန်သင့်တော်တယ်လို့ ဆိုပါတယ်။

READ
ကားခိုးမှုနဲ့ ရုံးတင်စစ်ဆေးခံနေရသူက ထပ်ခိုးထားတဲ့ကားနဲ့ တရားရုံးကိုလာခဲ့တဲ့ဖြစ်ရပ်
EPA

ယနေ့မှာပင် မွန်ဂိုသမ္မတဟောင်း Tsakhiagiin Elbegdorj က သူ့ရဲ့တွစ်တာပေါ်မှာ ” ကာလရှည်စောင့်စားခဲ့ရတဲ့ မှတ်တိုင်တစ်ခုပေါ့ … ကျွန်တော် တောင်းဆိုချင်တာက အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ လာရောက်တွေ့ဆုံဖို့ပါဘဲ … မွန်ဂိုနိုင်ငံဟာ အသင့်တော်ဆုံးပါ … ကျွန်တော်တို့ဟာ ယခင်ကလည်း အရေးကြီးတဲ့ဆွေးနွေးပွဲတွေကို လက်ခံကျင်းပခဲ့ဖူးတာ သက်သေပါဘဲ … ဂျပန်နဲ့ မြောက်ကိုရီးယားတို့ တွေ့ဆုံဆွေးနွေးမှုအပါအဝင်ပေါ့လေ “လို့ ရေးသားခဲ့ပါတယ်။

ALAMY

အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး မကြာမီမှာတွေ့ဆုံမယ့်အကြောင်း ဖော်ပြထားပြီး၊ နေရာနဲ့နေ့ရက်ကို ထပ်မံထုတ်ပြန်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ ယခုတွေ့ဆုံခြင်းဟာ တင်းမာနေတဲ့ ကမ္ဘာကြီးရဲ့ ရန်စွယ်ရန်စတွေကို ထိရောက်တဲ့ ငြှိမ်းသတ်မှုဖြစ်စေလိမ့်မယ်လို့ ကောက်ချက်ချရပါတယ်။

နတ်စည်တော် (Shwemom)

soruce : thesun.co.uk

SHARE