ရွေးကောက်ပွဲ ဆိုင်းငံ့ထားဖို့ သမ္မတထရမ့်ရဲ့ တောင်းဆိုမှု၊ ရီပတ်ဘလစ်ကန်ဘက်က ပယ်ချ

Instagram/realdonaldtrump

ရွေးကောက်ပွဲကို ဆိုင်းငံ့ထားဖို့ တောင်းဆိုလိုက်တဲ့ သမ္မတထရမ့်ရဲ့ အကြောင်းပြချက်ကို ရီပတ်ဘလစ်ကန်ဘက်က ထိပ်သီးပုဂ္ဂိုလ်တွေက ဒေါသတကြီး ပယ်ချလိုက်ပါတယ်။ ထရမ့်က လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိနိုင်လို့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားသင့်တယ်လို့ တောင်းဆိုခဲ့တာပါ။

တကယ်က သမ္မတထရမ့်ဟာ ရီပတ်ဘလစ်ကန်ကို ကိုယ်စားပြုပြီး သမ္မတဖြစ်လာသူပါ။ သို့သော်လည်း အခုတောင်းဆိုချက်ကို ပြင်းထန်စွာ ကန့်ကွက်သူတွေအပိုင်းမှာ ဒီမိုကရက်တစ်ဘက်က အသံသိပ်မထွက်ဘဲ၊ ရီပတ်ဘလစ်ကန်ရဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Mitch McConnell က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by President Donald J. Trump (@realdonaldtrump) on

McConnell ဟာ အထက်လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပြီး၊ ဒီအဖြစ်အပျက်ကို ထောက်ရှုခြင်းအားဖြင့် သမ္မတထရမ့်အနေနဲ့ မိခင်ပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်နဲ့တောင်မှ သဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ ကောက်ချက်ချလို့ ရပါတယ်။ McConnell က နိုဝင်ဘာ(၃)ရက်မှာပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံသူပါ။

 

McConnell က “ လွှတ်တော်ရဲ့အပိုင်းမှာ ဘယ်လိုအကြောင်းမျိုးနဲ့မှ ရွေးကောက်ပွဲကိုရွှေ့ဆိုင်းတယ်ဆိုတာ သမိုင်းမှာ မရှိခဲ့ဘူး … စစ်ပွဲတွေ၊ စိတ်ထိခိုက်ကြေကွဲဖွယ်ရာတွေ၊ ပြည်တွင်းစစ်တွေကို ကျော်ဖြတ်ပြီး ရွေးကောက်ပွဲ မဖြစ်မနေ လုပ်ခဲ့ပါတယ် … ကျွန်တော်တို့ သမိုင်းမှာ ဖက်ဒရယ်စနစ်နဲ့သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဆိုတာ မရှိခဲ့ရိုးအမှန်ပါ … ဒီတော့ နိုဝင်ဘာ(၃)ရက်မှာ ဒီရွေးကောက်ပွဲအတွက် အဖြေတစ်ခု ရှာတွေ့မှာပါ ”လို့ ပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

Great to be in Texas!

A post shared by President Donald J. Trump (@realdonaldtrump) on

သူက “ အဲဒီ နိုဝင်ဘာလ(၃)ရက်မှာ ဘယ်လိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါစေ … ပြောထားတဲ့အတိုင်း ကျင်းပသွားပါလိမ့်မယ် …. ”လို့ အခိုင်အမာပြောခဲ့ပါတယ်။ သမ္မတထရမ့်ဟာ Universal Mail-In Voting စနစ်ကြောင့် မဲပေးမှုမှာ မသမာမှုတွေရှိလာနိုင်တယ်လို့ ထင်မြင်ယူဆနေပါတယ်။ Universal Mail-In Voting စနစ်ဆိုတာ မဲရုံကို လူကိုယ်တိုင် သွားစရာမလိုပဲ မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတိုင်း အွန်လိုင်းကနေ တစ်ဆင့် မဲပေးနိုင်မယ့် စနစ်ပါ။ Absentee Voting ဆိုတာကတော့ မဲရုံမှာ လူကိုယ်တိုင် သွားရောက် မဲပေးရတဲ့ စနစ်ပါ။

 

ဒီလိုအခြေအနေတွေ ကြုံနေရပါလျှက်နဲ့ ရွေးကောက်ပွဲကို ဆက်လုပ်ခဲ့မယ်ဆိုရင် အမေရိကန်အတွက် အရှက်ရစရာဖြစ်လိမ့်မယ်လို့ ထရမ့်က စကားနာထိုးခဲ့ပါတယ်။ သူက “ ဒီအတိုင်းဆို အမေရိကန်အတွက် မဟာအရှက်ရစရာ ဖြစ်လိမ့်မယ် … ဒီတော့ ပြည်သူတွေ ပုံမှန်မဖြစ်သေးချိန် … ပုံမှန် လုံခြုံမှုမရသေးချိန် … လွတ်လပ်သော မဲပေးခွင့်အတွက် အဆင်သင့်မဖြစ်သေးချိန်မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်တယ် ”လို့ ပြောခဲ့တာပါ။

ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး သမ္မတထရမ့်က “ ကျွန်တော်က ရွေးကောက်ပွဲ ရွှေ့ဆိုင်းစေချင်တာလားဆိုတော့ မဟုတ်ပါဘူး … မဲမသမာမှုတွေကို ကျွန်တော်က မမြင်ချင်တာပါ … တကယ်လို့သာ ပြောတဲ့အတိုင်းဖြစ်လာရင် သမိုင်းမှာတော့ အမဲစက်တင်သွားနိုင်မယ့် ရွေးကောက်ပွဲပါပဲ ”လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE