ဆေးရုံကဆင်းလာတဲ့ ဗီဒီယိုကို ခမ်းခမ်းနားနား ရိုက်ကူးပြီး ပို့စ် တင်ခဲ့တဲ့ Trump

Facebook- Donald J. Trump

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့တုန်းက အမေရိကန်သမ္မတ Donald Trump ဟာ သူ့ရဲ့ Facebook စာမျက်နှာမှာပဲ သူရော၊ သမ္မတကတော်ရောဟာ COVID-19 positive ဖြစ်သွားခဲ့ပြီဆိုတာ ကြေငြာခဲ့ပါတယ်။ ဆေးစစ်ချက် ထွက်ထွက်ပြီးချင်းမှာပဲ နှစ်ယောက်စလုံးကို ချက်ချင်း quarantine ထားခဲ့ပြီး ဆေးကုသမှုတွေကိုလည်း ချက်ချင်း လုပ်ဆောင်ခဲ့ပါတယ်။

The First Lady and I tested positive for COVID-19. We will begin our quarantine and recovery process immediately. We will get through this TOGETHER!

Posted by Donald J. Trump on Friday, October 2, 2020

အောက်တိုဘာလ ၄ ရက်နေ့မှာပဲ ထပ်ပြီး Trump ဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကို ထပ်မံထုတ်ပြောပြခဲ့ပါတယ်။ Walter Reed ကျန်းမာရေးစင်တာမှာ ကုသမှုခံယူနေပြီးတော့ အဲဒီက ဆရာဝန်တွေနဲ့ သူနာပြုတွေဟာလည်း အရမ်းဂရုစိုက်ပေးနေကြောင်း၊ ဆေးဝန်ထမ်းတွေရဲ့အင်အားနဲ့ အမေရိကဟာ ၆ လကျော်တောင် တောင့်ခံခဲ့တာ တော်တော်လေးကို ချီးကျူးဖို့ကောင်းကြောင်း စသဖြင့် ပြောပြလာခဲ့ပါတယ်။ နောက် သူ့အနေနဲ့ ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်ဆဲပါပဲလို့လည်း အသိပေးခဲ့ပါသေးတယ်။

Posted by Donald J. Trump on Tuesday, September 22, 2020

Doctors, Nurses and ALL at the GREAT Walter Reed Medical Center, and others from likewise incredible institutions who…

Posted by Donald J. Trump on Saturday, October 3, 2020

ပြီးခဲ့တဲ့နာရီပိုင်းလောက်တုန်းကပဲ Trump ဟာ သူ့အနေနဲ့ Walter Reed မှ ညနေ ၆ နာရီခွဲမှာပဲ ဆင်းလာပြီဖြစ်ကြောင်း၊ နေလို့လည်း ကောင်းနေကြောင်း post တင်ခဲ့ပါတယ်။ Trump Administration ရဲ့ အောက်မှာ COVID-19 နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ ဆေးဝါးတွေကို ပိုကောင်းအောင် နေ့တိုင်း တိုးမြှင့်နေတဲ့အတွက်ကြောင့် ဒီရောဂါကိုကြောက်စရာမလိုကြောင်းနဲ့ အခုဆိုရင် သူတောင်မှပဲ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကထက်တောင် ပိုပြီး နေလို့ကောင်းနေသေးတယ်ဆိုပြီးလည်း ပြောထားခဲ့ပါတယ်။

Great to be back in Philadelphia. Thank you Pennsylvania, see you again soon! #MAGA

Posted by Donald J. Trump on Tuesday, September 15, 2020

နောက်တော့ ပြီးခဲ့တဲ့ နာရီပိုင်းလောက်တုန်းကပဲ Trump ဟာ သူဆေးရုံက ဆင်းလာပြီးအိမ်ဖြူတော်ကို ပြန်လာခဲ့တဲ့ ပုံရိပ်ကို ခမ်းခမ်းနားနား မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးထားခဲ့ကာ Facebook မှာ တင်လာခဲ့ပါတယ်။

Posted by Donald J. Trump on Monday, October 5, 2020

We are United in our effort to defeat the Invisible China Virus, and many people say that it is Patriotic to wear a face…

Posted by Donald J. Trump on Monday, July 20, 2020

တစ်ဆက်တည်းမှာပဲ Trump ဟာ ဆေးရုံကဆင်းအပြီး ပထမဆုံးမိန့်ခွန်းပြောတာကိုလည်း ဗီဒီယိုရိုက်ကာတင်ခဲ့ပါသေးတယ်။ ဒီအထဲမှာတော့ COVID-19 ဆိုတာ ကြောက်စရာမဟုတ်ကြောင်း၊ အမေရိကမှာ အကောင်းဆုံးဆေးဝါးတွေနဲ့ အကောင်းဆုံးလူတွေရှိနေတာကြောင့် အနိုင်တိုင်နိုင်မှာဖြစ်ကြောင်း စသဖြင့်ပြောကြားခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း သမ္မတကတော် Melania ရဲ့ သတင်းကိုတော့ မကြားမိသေးပါဘူး။

penny

SHARE