Trump ရဲ့လုပ်ရပ်ကြောင့် ကသိကအောက်ဖြစ်သွားခဲ့ရတဲ့ အာဂျင်တီးနားသမ္မတ

PA

အဖွဲ့နိုင်ငံပေါင်း (၂၀) စုစည်းပြီး ကမ္ဘာ့အရေး၊ စီးပွားရေး၊ တိုးတက်ရေးတို့ကို ပုံမှန်ကျင်းပလေ့ရှိတဲ့ G20 မိတ်ဆုံပွဲကို ၂၀၁၈ အတွက် အာဂျင်တီးနားနိုင်ငံမှ အိမ်ရှင်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့နဲ့ ဒီဇင်ဘာ (၁) ရက်နေ့၊ (၂) ရက်တိုင်တိုင်ကျင်းပခဲ့ပါတယ်။

၂၀၁၈ G20 ကို အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့မှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ G20 မှာပါဝင်တဲ့ နိုင်ငံများကတော့ အာဂျင်တီးနား၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ မက္ကစီကို၊ ရုရှား၊ ဆော်ဒီအာရေးဗျ၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ တူရကီ၊ ယူကေ၊ အမေရိကန်နဲ့ ယူယိုပီယံယူရီယံတို့ပဲဖြစ်ပါတယ်။

Wiki

ချီလီ၊ ဂျမေကာ၊ နယ်သာလန်၊ ရဝမ်ဒါ၊ ဆနဂယ်လ်၊ စင်ကာပူနဲ့ စပိန်တို့မှ ၂၀၁၈ G20 စုဆည်းပွဲတွင် ဧည့်သည်အနေနဲ့ပါဝင်ဆင်နွဲခဲ့ပါတယ်။

Wiki

ဒီလိုတွေ့ဆုံပွဲတွေ၊ ဆွေးနွေးပွဲတွေမှာဆို သံတမန်ရေးရာအရ တွေ့ဆုံတက်ရောက်တဲ့ နိုင်ငံတစ်နိုင်ငံချင်းစီမှ ပုဂ္ဂိုလ်တွေစုပေါင်းကာ အမှတ်တရဓာတ်ပုံရိုက်ရတဲ့ အစဉ်အလာရှိပါတယ်။ အိမ်ရှင်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်ဟာ နိုင်ငံတစ်နိုင်ငံချင်းဆီကို စင်ပေါ်သို့ဆင့်ခေါ်ကာ ကျေးဇူးတင်ကြောင်းလက်ဆွဲနှုတ်ဆက်ရပါတယ်။ လက်ဆွဲနှုတ်ဆက်ပြီးသွားတဲ့ ပုဂ္ဂိုလ်ဟာ စင်ပေါ်မှာပဲနေရာယူပြီး လူစုံတဲ့အထိစောင့်ကာ ဓာတ်ပုံစုရိုက်ပြီးကာမှ စင်အောက်ကိုဆင်းရတာဖြစ်ပါတယ်။

Mikhail Metzel/TASS

၂၀၁၈ G20 ပွဲမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ G20 အဖွဲ့ဝင်တွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်နိုင်ငံမှ ပုဂ္ဂိုလ်တွေကို အိမ်ရှင်ဖြစ်တဲ့ အာဂျင်တီးနားသမ္မတ Mauricio Marci မှ တစ်ဦးချင်းစင်ပေါ်သို့ဖိတ်ကြားကာ ကျေးဇူးတင်စကားဆိုပြီး လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ အမေရိကန်သမ္မတ Trump ကို ဖိတ်ကြားခဲ့ပါတယ်။ အချင်းချင်းကျေးဇူးတင်စကားအပြန်အလှန်ဆိုကာ လက်ဆွဲနှုတ်ဆက်အပြီးမှာတော့ စင်ပေါ်မှာနေရမယ်ဆိုတာကို သတိမေ့သွားခဲ့ Trump တစ်ယောက် စင်အောက်ကိုဂရုမမူမိပဲ ပြန်ဆင်းသွားခဲ့ပါတယ်။

READ
ချစ်သူ မိန်းကလေးကို ပေသုံးထောင်အမြင့် ဝေဟင်ပေါ်တွင် လက်ထပ်ခွင့်တောင်းခံခဲ့သူ
PA

အာဂျင်တီးနားသမ္မနဲ့ ပွဲစီစဉ်မှုကို တာဝန်ယူထားတဲ့ ဝန်ထမ်းတို့မှ Trump ကို လိုက်ပြန်ခေါ်ခဲ့ရတဲ့အထိ ဖြစ်သွားခဲ့တာပါ။ တီဗီကနေ တိုက်ရိုက်ထုတ်လွှင့် ပြသနေတဲ့ အဆိုပါ အခိုက်အတန့်မှာ အာဂျင်တီးနား Mauricio ခင်ဗျာတော့ စင်ပေါ်မှာတစ်ယောက်တည်း ယောင်လည်လည်ဖြစ်ကာ အရှေ့ဘက်မှ ပရိတ်သတ်နဲ့စာနယ်ဇင်းတွေကိုတောင် မျက်နှာမမူတော့ဘဲ နောက်ကျောပေးခဲ့ရပါတယ်။

Daily Mail Video
Daily Mail Video

Trump ရဲ့ အဖြစ်ကို စင်အောက်မှလူတွေက ရယ်ခဲ့ကြပြီး တပြိုင်နက်တည်းမှာတင် “ငါ့ကိုဒီကနေခေါ်ထုတ်ပေးစမ်း” ဆိုတဲ့ Trump ရဲ့ အသံကြီးကို မိုက်ကနေတစ်ဆင့် မထင်မှတ်ဘဲ ပေါ်လာခဲ့ပါတယ်။

ပွဲစတင်ကျင်းပခဲ့တဲ့ သောကြာနေ့တုန်းက အမေရိကန်သမ္မတနဲ့ အာဂျင်တီးနားသမ္မတို့သီးသန့်တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ အာဂျင်တီးနားသမ္မတဟာ မိခင်ဘာသာစကားနဲ့ ကျေးဇူးတင်စကားပြောနေတဲ့အတွက် Trump ကို ဘာသာပြန်တဲ့ကိရိယာတစ်ခု ပေးထားခဲ့ပါတယ်။ ကိရိယာကိုနားထောင်နေရုံနဲ့ အင်္ဂလိပ်ဘာသာစကားသို့ပြောင်းသွားမှာဖြစ်ပေမယ့် Trump ကတော့ အာဂျင်တီးနားသမ္မတ စကားအဆုံးမှာပဲ ကိရိယာကိုပစ်ချကာ “စက်ကနေနားထောင်တာထက်စာရင် နားနဲ့တိုက်ရိုက်နားထောင်တာ ခင်ဗျားဘာပြောချင်လဲဆိုတာကို ပိုနားလည်တယ်” လို့ဆိုကာ စက်ကိုကြမ်းပြင်ပေါ်သို့ပစ်ချပြီးထွက်သွားခဲ့ပါတယ်။

ဒါတွေဟာ အမေရိကန်သမ္မတတစ်ယောက်ဖြစ်တဲ့ Donald Trump အတွက်တော့ ရှက်ဖို့အကောင်းဆုံးအချိန်တွေထဲကဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း အစ္စရေးသို့သွားရောက်စဉ် လေယာဉ်ပေါ်ကဆင်းလာစဉ် အရှေ့မှာရပ်ထားတဲ့ ကားပေါ်ကိုတက်ရမယ့်အစား ဘေးသို့ချော်ကာထွက်သွားခဲ့ပါသေးတယ်။

READ
မကြာခဏ လူသေလို့ ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ဖို့ရှိနေတဲ့ ပင်လယ်ကွေ့တံတား

 

နောက်တစ်ခါ အစ္စရေးသံအမတ်နဲ့တွေ့ဆုံစဉ်မှာ လက်ဆွဲနှုတ်ဆက်ဖို့တစ်ဖက်ကကမ်းပေးတာကို မသိချင်ယောင်ဆောင်ပြီး တစ်ဖက်သို့လှည့်ထွက်သွားကာ နောက်တော့မှပြန်လာပြီး လက်ဆွဲနှုတ်ဆက်ခဲ့တဲ့အခိုက်အတန့်လည်းရှိခဲ့ပါသေးတယ်။

 

Affordable Care Act အတွက် နိုင်ငံအသီးသီးမှပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆေးနွေးပြီး သဘောတူလက်မှတ်ထိုးရမှာကိုမေ့လျော့သွားကာ လက်ဆွဲနှုတ်ဆက်ခဲ့ရုံသာလုပ်ခဲ့ပြီး ထွက်သွားခဲ့ပါတယ်။ နောက်တော့မှ ဘေးနားက ဒုသမ္မတဖြစ်တဲ့ Mike Pence ကနေပြီး လက်မှတ်ထိုးရမယ်လေလို့ သတိပေးခဲ့ရပါသေးတယ်။

Source: BBC , CNN , Daily Mail

Penny

SHARE