ဒေါ်နယ်ထရမ့် ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုကို မျက်ရည်တွေနဲ့ လက်ခံခဲ့တဲ့ တိုက်ဂါးဝုဒ်

ပြီးခဲ့တဲ့ တနလာင်္နေ့ညနေမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂေါက်သီး အားကစားအကျော်အမော် တိုက်ဂါးဝုဒ်ကို Medal of Freedom ဆိုတဲ့ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တဲ့အခမ်းအနားပွဲ Rose Garden မှာ ကျင်းပခဲ့ပါတယ်။

twitter

အဲ့ဒီ့ပွဲကို တိုက်ဂါးဝုဒ်ရဲ့ မိသားစုဝင်တွေနဲ့ လက်ရှိချစ်သူသစ်တို့ တက်ရောက်ခဲ့ကြပါတယ်။ လက်ရှိ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ၀ုဒ်ဟာ အားကစားသမိုင်းမှာ အထူးချွန်ဆုံးသော အားကစားသမားတစ်ယောက်ဖြစ်တယ်၊ သူ့ရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ယူလာတဲ့ အောင်ပွဲတွေနဲ့အတူ  ကမ္ဘာတစ်လွှားက လူတွေကို လွှမ်းမိုးစေ့ဆော်မှုရှိစေတယ်၊ ဒီနှစ်ပြိုင်ပွဲမှာလည်း အောင်ပွဲတွေနဲ့အတူ ပြန်လာခဲ့ပြီလို့ သမ္မတကြီးက ပြောပါတယ်။

twitter

ဒီ့အပြင် ၀ုဒ်ဟာ လူတော် လူကောင်းတစ်ယောက်ဖြစ်ကြောင်း၊ သန်းပေါင်းများစွာသော အမေရိကန်လူငယ်တို့ကို ၄င်းရဲ့ ရင်ဖိုဖွယ် အဆက်အပြတ်သော နိုင်ပွဲတွေနဲ့ လွှမ်းမိုးမှုရှိသူဖြစ်ကြောင်း၊ ၀ုဒ်ဟာ အမေရိကန်ရဲ့ ထူးချွန်မှု၊ မြုပ်နှံမှုနဲ့ ပင်ကိုစေ့ဆော်မှု စတာတွေကို ကိုယ်စားပြုတဲ့ ကမ္ဘာ့သင်္ကေတတစ်ခုဖြစ်ကြောင်း သမ္မတကြီးက ညွှန်းဆိုပြောကြားသွားခဲ့ပါတယ်။

READ
ဘရက်ပစ်နဲ့တူဖို့ ပေါင်(၁)သောင်းခွဲအကုန်ကျခံခွဲစိတ်ခဲ့တဲ့ အမွှာညီအကို
twitter

ဝုဒ်ဟာ မာစတာဆုကိုရရှိခဲ့တဲ့ ပထမဆုံးသော အာဖရိကန်- အမေရိကန် ဂေါက်သီးရိုက် ကစားသမားဖြစ်ပြီး အသက်ငယ်ဆုံး ကစားအဖြစ်နဲ့ ရရှိခဲ့သူဖြစ်တယ်။ ကစားသမား ဘ၀ကို တစ်သက်လုံးနှုတ်ဆက်ရမယ့် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၁၁ နှစ်အကြာ ပြီးခဲ့တဲ့ ဧပြီလက ပထမဆုံးအဖြစ်ပြန်လည်ပြီး ပြိုင်ပွဲကို အနိုင်ရရှိခဲ့ပါတယ်။

twitter

အိမ်ဖြူတော်မှာ ၀ုဒ်ဟာ သူရဲ့ အဖေအကြောင်း၊ ဒီနှစ်ထဲမှာ ပြန်လည်ရှိခဲ့တဲ့ နိုင်ပွဲအကြောင်း၊ အခုလို ဂုဏ်ထူးဆောင်ဆုကို မိခင်၊ သားသမီးတွေ၊ ကယ်ဒီ၊ ချစ်သူ အီရီကာ ဟာမန်း၊ သမ္မတကြီးနဲ့ ကတော်တို့ရှေ့မှာ ချီးမြှင့်ခဲ့ရတဲ့အတွက်လည်း မယုံကြည်နိုင်အောင်ဖြစ်ရကြောင်း ပြောရင်း ငိုခဲ့ပါတယ်။

ဝုဒ်ဟာ မာစတာပြိုင်ပွဲ ဆုကို ၅ ကြိမ်တိုင်တိုင်ဆွတ်ခူးထားပါတယ်။ ပထမဆုံး လူမည်နဲ့ အငယ်ဆုံး ဂေါက်သီးအားကစားသမားဖြစ် ၁၉၉၇ ခုနှစ်မှာ တံခွန်စိုက်ဆုကို စတင် ဆွတ်ခူးခဲ့တယ်။ အခု ၂၀၁၉ ခုနှစ်မှာ ထပ်ဆွတ်ခူးပြီး ဒုတိယ အသက်အကြီးဆုံး ချန်ပီယံဖြစ်လာခဲ့တယ်။

READ
အန္တရာယ်သတိပေးစာပေါ်မှာ လက်မှတ်ထိုးပြီးမှ စားခွင့်ရမယ့် ရေခဲမုန့်တစ်မျိုး
twitter

ပြီးခဲ့တဲ့ လက အားကစားက လောကထဲကို အံသြမှင်သက်ဖွယ်ကောင်းလောက်တဲ့ နိုင်ပွဲနဲ့အတူ ပြန်ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလို မာစတာဆုကို ရရှိပြီးတဲ့နောက်မှာ အခုလို ဂုဏ်ထူဆောင်ဆုကို အိမ်ဖြူတော်မှာ ချီးမြှင့်ခဲ့ရတာဖြစ်ပါတယ်။

တိုက်ဂါးဝုဒ်နဲ့ သမ္မတကြီးဟာ ၂၀၁၄ ခုနှစ်ကတည်းက စီးပွားရေး ပါတနာတွေဖြစ်ခဲ့ကြပါတယ်။ ဖလော်ရီဒါပြည်နယ် ဒိုရယ်မြို့မှာ Tiger Woods Villa ကိုလည်း ပူးပေါင်းဖွင့်လှစ်ခဲ့ကြတယ်။ ၀ုဒ်ဟာ သမ္မတကြီးရဲ့ ဂေါက် ရိုက်ဖော်ရိုက်ဖက်လည်းဖြစ်ပြီး သူရဲ့ ဖလော်ရီဒါက ဗီလာမှာ သူဌေးကြီးတွေနဲ့ အတူကစားလေ့ရှိပါတယ်။

twitter

ဝုဒ်ဟာ ဂျပန်နိုင်ငံမှာ လာမည့် အောက်တိုဘာလမှာ ကျင်းပမယ့် Zozo Championship ကိုလည်း ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သြစတေးလျမှာ ဒီဇင်ဘာထဲ ကျင်းပမယ့် President Cup ကိုလည်း  ယှဉ်ပြိုင်ဖို့ ရှိသေးကြောင်း ဖော်ပြလိုက်ရပါတယ်။

Ref: Dailymail

Matthew (ShweMOM)
SHARE