Hamburger စာလုံးပေါင်းမှားခဲ့လို့ တစ်နိုင်ငံလုံးမှ ဝိုင်းအလှောင်ခံနေရတဲ့ Donald Trump

ပြီးခဲ့တဲ့ရက်က အမေရိကန်ဘောလုံးအားကစားအသင်းတစ်သင်းနဲ့ သက်ဆိုင်ရာနည်းပြနဲ့ အသင်းတာဝန်ရှိသူတွေကို Alabama အသင်းကို သုံးနှစ်အတွင်းအနိုင်ရရှိတဲ့အနေနဲ့ အမေရိကန်သမ္မတ Donald Trump ဟာ အိမ်ဖြူတော်သို့ဖိတ်ခေါ်ပြီး စားပွဲတည်ခင်းဧည့်ခံခဲ့တဲ့သတင်းကို Shwemom မှ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

AP

တိုက်တိုက်ဆိုင်ဆိုင် အစိုးရဖက်မှ လစာပေးနောက်ကျခဲ့တဲ့ shutdown အခြေအနေမျိုးနဲ့ ကြုံကြိုက်ခဲ့တဲ့အချိန်ဖြစ်တာကြောင့် လစာလည်းမရ၊ လူအယောက် (၈၀) လောက်အတွက် ချက်ပြုတ်ပြင်ဆင်ပေးရမယ့် အိမ်ဖြူတော်မှ စားဖိုဆောင်ဝန်ထမ်းတွေ၊ သန့်ရှင်းရေးဝင်ထမ်းတွေအတွက်ရှေးရှုကာ အစီအစဉ်တစ်ခုကို ပြင်ဆင်ခဲ့ပါတယ်။

စားဖိုဆောင်မှာ အလုပ်ရှုပ်ခံပြီး ချက်ပြုတ်ပေးပြီး အထူးတလည်ပြင်ဆင်ပေးစရာမလိုအပ်တဲ့ အသင့်စား fast food တွေမျိုးစုံမှာယူကာ တည်ခင်းခဲ့ပါတယ်။  Domino’s, McDonald’s, Burger King, Wendy’s နဲ့ အခြားဆိုင်တွေမှ ဟမ်ဘာဂါတွေ၊ ကြက်သားလုံးကြော်၊ အာလူးချောင်းကြော်နဲ့ အအေးတို့ကို ပိုလျှံစွာဝယ်ယူကာ ဘောလုံးကစားမားတွေနဲ့ ဧည့်သည်တွေကို စိတ်ကြိုက်စားစေခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး Trump ဟာ သူစီစဉ်ခဲ့တဲ့အရာတစ်ခုအပေါ် စိတ်ကျေနပ်မှုရှိစွာနဲ့ Twitter ပေါ်မှာ post တစ်ခုတင်ခဲ့ပါတယ်။

Twitter

 

“အိမ်ဖြူတော်မှာတည်ခင်းပေးခဲ့တဲ့ hamberders အလုံးတစ်ထောင် (ကိုယ့်ပိုက်ဆံကိုယ်စိုက်ဝယ်ထားခဲ့) ကို နာရီပိုင်းအတွင်း အကုန်ကုန်အောင် အားပါးတရအားပေးခဲ့ကြတဲ့ နိုင်ငံကိုယ်စားပြု Clemson Tigers ချံပီယံအသင်းနဲ့ အတူတူရှိခဲ့ရတဲ့အတွက် ဝမ်းသာပါတယ်။ အရမ်းတော်ထူးချွန်တဲ့ big eaters တွေပါပဲ။”

Trump ဟာ “hamburgers” လို့ပေါင်းရမယ့်အစား “hamberders” ဆိုပြီး မှာယွင်းစွာ စာလုံးပေါင်းခဲ့တာပါ။

READ
ဆေးခန်းသွားရတော့မယ်ဆိုတာ သိသွားချိန်မှာ ဖြစ်သွားကြတဲ့ ခွေးလေးတွေရဲ့အမူအရာများ

မိနစ်ပိုင်းအတွင်းမှာပဲ Burger King ဟာ Twitter မှ “အခုလိုမနေ့ညက hamberders တွေ အများကြီးမှာခဲ့တဲ့အတွက် ရှိသမျှအကုန်ကုန်သွားခဲ့ပါတယ်။ ဒီနေ့မှာတော့ hamburgers တွေကို အစားထိုးပြီး ရောင်းချပေးသွားပါမယ်” ဆိုပြီး ဟာသဥာဏ်ရွှင်စွာနဲ့ retweet ပြန်လုပ်ခဲ့ပါတယ်။

Twitter

Tweet post နှစ်ခုစလုံးဟာ twitter user တွေအကြား အလျှင်အမြန်ပင်ပျံ့နှံ့သွားခဲ့ပါတယ်။ အချို့လူတွေကတော့ Burger King ရဲ့ tweet အောက်မှာ “Burger King” ဆိုတဲ့နာမည်ကနေ “Berder King” လို့ပြောင်းလဲသင့်ကြောင်း လှောင်ပြောင်ခဲ့ကြပါတယ်။

Twitter

နောက်ထပ် Trump အသစ်တီထွင်ခဲ့တဲ့ “hamberders” ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို အခုလိုပဲဖွင့်ခဲ့ပြန်တယ်။ “Hamberder (နာမ်) – ဟမ်ဘာဂါနှင့်ထပ်တူညီပေမယ့် ကောလိပ်အားကစားသမားတွေကို စားဝိုင်းတစ်ဝိုင်းအတွက် လေးစားမှုမရထိုက်ဘူးလို့ထင်ကာ အရူးလူသားမှတည်ခင်းကျွေးမွေးသောအစားအစာ” ဆိုပြီး tweet လုပ်ခဲ့ပါတယ်။

Twitter

အားကစားသမားတွေကို ဂုဏ်သရေရှိစွာဖြင့် ညစာတည်ခင်းရမှာကို မလေးမစားလုပ်ကာ ဖြစ်ကတက်စမ်းအနေနဲ့ ပေါပေါပဲပဲဝယ်စားလို့ရနိုင်မယ့် fast food တွေသာ ကျွေးမွေးခဲ့လို့ Trump ကို ဝေဖန်နေတဲ့လူတွေရှိပါတယ်။

AP

တချို့ကျပြန်တော့လည်း ဒါဟာ typing error ဖြစ်ပွားတာ မဟုတ်ကြောင်း စနစ်တကျနဲ့ ဖြေရှင်းထားကြပါတယ်။ “D” နဲ့ “E” နဲ့ဟာ keyboard မှာ နေရာချင်းကပ်လျက်မဟုတ်တာကြောင့် ဟမ်ဘာဂါရဲ့စာလုံးပေါင်းအမှန်ကို တကယ်မသိဘဲ ရေးလိုက်တာဖြစ်မယ်လို့ စွတ်စွဲကြပြန်ပါတယ်။

Twitter

တချို့ကျတော့လည်း နိုင်ငံရေးအယူအဆတွေ၊ လူလူချင်းနှိမ်တာမျိုးတွေမလုပ်ဘဲ ဟာသက်သက်သာသဘောထားခဲ့ကြပါတယ်။ Coffee နဲ့ ဟမ်ဘာဂါစားနေတဲ့ပုံကိုတင်ကာ “နေ့သစ်ကို hamberder နဲ့ covfefe နဲ့ စတင်နေပါတယ်” ဆိုပြီး ဟာသလုပ်ကာ tweet ထားပါတယ်။

READ
စတိုးဆိုင်က ဖက်ရှင်မောင်အရုပ်ကို အစ်ကိုဖြစ်သူနဲ့ အမှတ်မှားခဲ့တဲ့ မိန်းကလေး
Twitter

လူတွေအရမ်းဖိပြောနေကြလို့လားတော့မသိဘူး၊ ပြည်သူ့အချစ်တော် သမ္မတကြီးကတော့ သူ့ရဲ့ post မှာ “hamberder” မှ စာလုံးပေါင်းအမှန် “hamburger” သို့ပြန်လည်ပြင်ဆင်ကာ post တစ်ခုထပ်တင်ခဲ့ပါတယ်။

 

Source: People, Daily Mail, Twitter

Penny

SHARE