စတားလုံး ခန္ဓာကိုယ်မှာ သူ့ခေါင်းတပ်ထားတဲ့ ဖိုတိုရှော့ပုံကို ကိုယ်တိုင်တင်ခဲ့တဲ့ ထရမ့်

သမ္မတဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ စတားလုံးခန္ဓာကိုယ်တပ်ထားတဲ့ သူ့မျက်နှာနဲ့ ဖိုတိုရှော့ပြုလုပ်ထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။

ဒီလိုတင်ခဲ့ရာမှာလည်း Caption လည်း မရေး၊ ဘာကြောင့် ဒီလိုတင်မှန်းလည်း သမ္မတက မရှင်းပြခဲ့ပါဘူး။

လူမှုကွန်ရက်တွေရဲ့  ထုံးစံအတိုင်း လှောင်ပြောင်ရယ်မောကြသူများလည်း ရှိသလို၊ ဒေါ်နယ်ထရန့်ကို ဟာသရှိတဲ့ သမ္မတအဖြစ်လည်း ပြောဆိုနေကြတာပါ။

 

အဆိုပါဖိုတိုရှော့ပ်နဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံရဲ့ မူရင်းဓာတ်ပုံကတော့ စတားလုံးရိုက်ခဲ့တဲ့ လက်ဝှေ့ကားဖြစ်တဲ့ Rocky III ကပဲ ဖြစ်ပါတယ်။နောက်ခံကတော့ ပြောင်းလဲထားတာပါ။ Thanksgiving ပွဲ အတွက် ရယ်စရာတစ်ခုကို လက်ဆောင်ပေးလိုက်တယ်လို့လည်း ပြောနေသူတွေရှိပါတယ်။

Imdb/Rocky4

ဘာပဲဖြစ်ဖြစ် အမြဲတမ်းအဆိုးဘက်ကနေ အပြောချည်းခံနေရတဲ့ သမ္မတဒေါ်နယ်ထရန့်အတွက်တော့ ဒီလို ပြုပြင်ထားတဲ့ ဓာတ်ပုံကို တင်လိုက်လို့ ခဏလေးတော့ အဆဲခံရသက်သာသွားတယ်လို့ဆိုရမှာပါ။

Ye Yint Kyaw

SHARE