TikTok ကို ban ဖို့ စဉ်းစားနေပြီလို့ ပြောလာခဲ့တဲ့ ဒေါ်နယ်ထရန့်

Instagram/RealDoanldtrump

ပြီးခဲ့တဲ့ ဇွန်လမှာ အိန္ဒိယနိုင်ငံက Tik Tok အပါအဝင် အခြား တရုတ်နိုင်ငံနဲ့ ဆက်နွယ်နေတဲ့ အက်ပလီကေးရှင်း ၅၈ ကို လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ပိတ်ပင်ထားခဲ့ပါတယ်။ အခုတစ်ခေါက်မှာတော့ Tik Tok အက်ပလီကေးရှင်းဟာ အမေရိကန်နိုင်ငံကပါ ပိတ်ပစ်ဖို့ စကားစလာခဲ့ပါပြီ။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ တရုတ်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Tik Tokကို ပိတ်ပစ်ပစ်တော့မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့(ဇူလိုင် ၃၁ရက်နေ့)တုန်းက ပြောကြားခဲ့ပါတယ်။ 

“TikTok ရဲ့ အခြေအနေဟာ လုံးဝ စိတ်ပူပန်စရာမို့လို့ အမေရိကန်နိုင်ငံမှာ ကျနော်တို့ ပိတ်ပစ်သွားတော့မှာပါ”လို့  အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီလို Tik Tokကို ပိတ်ပစ်ဖို့အတွက် သမ္မတဒေါ်နယ်ထရန့်ဟာ အထူးအမိန့်တစ်ခုကို ထုတ်ပြန်ပြီး ပိတ်ပစ်သွားမယ်လို့ သိရပါတယ်။ အခုအချိန်အထိတော့ ဘယ်လိုဥပဒေတွေထုတ်ပြန်ပြီး ပိတ်ပစ်သွားမယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ ဘယ်လိုဥပဒေတွေနဲ့  ပိတ်ပင်သွားမလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးမြန်းခဲ့ရာမှာတော့ “ကျနော့်မှာ ဒီလို ပိတ်ပစ်လိုက်ဖို့ အခွင့်အာဏာရှိတယ်”လို့သာ ဖြေကြားခဲ့ပါတယ်။

သမ္မတထရန့်အနားလေး အလုပ်လုပ်သူတချို့ရဲ့ ပြောစကားအရတော့ Tik Tokဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ယူနေတယ်ဆိုတဲ့ထင်မြင်ယူဆနေပြီး ဒီကိစ္စဟာ နိုင်ငံရဲ အမျိုးသားလုံခြုံရေးစနစ်တွေကို ချိုးဖောက်နေတယ်လို့ သိရပါတယ်။

ဒီလို သန်းနဲ့ချီသုံးစွဲသူပမာဏရှိနေတဲ့  Tik Tokကို အမေရိကန်နိုင်ငံအတွင်း ပိတ်ပင်လိုက်ခြင်းက တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကပ်ရောဂါရဲ့ ဆိုးကျိုးတွေအတွက် အပြစ်ပေးမှုတစ်ခုသာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြားခဲ့ပါတယ်။

 

Tik Tok ဟာ ByteDance လို့ အမည်ရတဲ့ တရုတ်ကုမ္ပဏီတစ်ခုရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးအသုံးပြုနေကျတဲ့ လူမှုကွန်ရက်တစ်ခုလည်းဖြစ်ပါတယ်။ Tik Tok ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ တရုတ်နိုင်ငံအစိုးရနဲ့ ပတ်သက်မှုတွေ ရှိနေတယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Tik Tokဟာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ပိတ်ပင်မှုကို  ဆက်တိုက်ခံနေရတဲ့ လူမှုကွန်ရက်တစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းကလည်း အမေရိကန်ရေတပ်ဟာ အစိုးရသုံး မိုဘိုင်းဖုန်းတွေမှာ Tik Tokအက်ပလီကေးရှင်း ထည့်သွင်းထားမှုကို ပိတ်ပစ်ထားခဲ့ပါသေးတယ်။ ပင်တဂွန်စစ်ဌာနက ထုတ်ပြန်လိုက်တဲ့စာထဲမှာတော့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာအခြေအနေတွေ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီစာထဲမှာပဲ စစ်မှုထမ်းများရဲ့ဖုန်းတွေထဲမှာ ဒီလို ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ မကျိုးပေါက်ဖို့အတွက် Tik Tokကို uninstall လုပ်ဖို့အထိပါညွှန်ကြားထားခဲ့ပါတယ်။

 

 

View this post on Instagram

 

Great meeting today with the CoronaVirus Task Force in the Oval Office. Stay informed at: CoronaVirus.gov.

A post shared by President Donald J. Trump (@realdonaldtrump) on

အဲဒီစာထုတ်ပြန်ခဲ့ပြီး နောက်တစ်ပတ်မှာတော့ အမေရိကန်ရေတပ်ဟာ အစိုးရလုပ်ငန်းသုံးအီလက်ထရောနစ်ပစ္စည်းတွေထဲမှာ Tik Tokအသုံးပြုခွင့်ကို ပိတ်ပင်တားဆီးခဲ့တာပါ။ အမေရိကန်ရေတပ်ထုတ် စာစောင်တစ်စောင်ထဲမှာတော့ Tik Tokအက်ပလီကေးရှင်းကို မိမိရဲ့ မိုဘိုင်းဖုန်းထဲမှာ ထည့်သွင်းထားသူမှန်သမျှကို ရေတပ်အတွင်းသုံး ဆက်သွယ်ရေးစနစ်တွေထဲကနေ ဘလော့ခ်ထားမယ်ဆိုတဲ့ အကြောင်းပါ ရေးသားထားခဲ့ပါတယ်။ ဒီလို အမေရိကန် ရေတပ်က ပိတ်ပင်မှုအပြီးမှာတော့ ကြည်းတပ်ကလည်း Tik Tokကို ပိတ်ပစ်ဖို့ ဒီဇင်ဘာလအလည်မှာပဲ စီစဉ်ခဲ့ပါတယ်။ ဇန်နဝါရီလအစောပိုင်းမှာတော့ အမေရိကန်လေတပ်ဟာ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ပဲ  ပိတ်ပင်ထားခဲ့ပါသေးတယ်။

Tik Tokဟာ အမေရိကန်စစ်တပ်အတွင်း အသုံးပြုမှု ပိတ်ပင်မှုတွေ ဆက်တိုက်ကြုံခဲ့ပြီးချိန်မှာတော့ ဇွန်လ (၂၉)မှာ အိန္ဒိယနိုင်ငံကပါ တစ်နိုင်ငံလုံးအသုံးပြုခွင့်ကိုပါ ပိတ်ပင်ပစ်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ပိတ်ပင်လိုက်မှုကတော့ တရုတ်-အိန္ဒိယ နှစ်နိုင်ငံနယ်နိမိတ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခရဲ့ နောက်ဆက်တွဲကိစ္စဖြစ်တယ်လို့လည်း ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဒီပိတ်ပင်မှုမှာတော့ Tik Tok အက်ပလီကေးရှင်းတစ်ခုထဲ မဟုတ်ဘဲ တခြားတရုတ်နိုင်ငံနဲ့ ဆက်နွယ်နေတဲ့  အက်ပလီကေးရှင်း ၅၈ ပါ ပါဝင်ခဲ့ပါတယ်။

Ye Yint Kyaw

SHARE