Donald Trump နဲ့ Melania တို့ကြားက ကို့ရို့ကားယားနိုင်ခဲ့တဲ့ဖြစ်ရပ်များစုစည်းမှု

Shutterstock-Debby Wong

အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတကတော် Melania တို့နှစ်ယောက် ဆက်ဆံပုံတွေကတော့ တခြားဘယ်သူနဲ့မှမတူတဲ့ ပုံစံမျိုးပါပဲ။ အရင်တုန်းကတော့ ဘယ်လိုနေလဲမသိပေမယ့်လို့ Trump တစ်ယောက် သမ္မတဖြစ်လာခဲ့ပြီဆိုတော့ မီဒီယာတွေက သူ့ကိုတစ်ချိန်လုံး အာရုံစိုက်နေခဲ့တဲ့အတွက် သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ထူးထူးဆန်းဆန်းပြုမူဆက်ဆံပုံတွေဟာ ဘွင်းဘွင်းရှင်းရှင်းသိသာစေခဲ့ပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။

သမ္မတဖြစ်ကြောင်းကြေငြာချက်နဲ့ Melania ရဲ့မျက်ရည်

ပထမဆုံးသတင်းထွက်ခဲ့တဲ့ အကြောင်းကတော့ Melania ဟာ Trump သမ္မတအဖြစ်ရွေးချယ်ခံရတုန်းက မျက်ရည်ကျခဲ့ပါတယ်တဲ့လေ။ ဒါပေမဲ့ အဲဒီမျက်ရည်တွေဟာ ပျော်လွန်းလို့ကျတဲ့ ဝမ်းသာမျက်ရည်တွေ မဟုတ်ပါဘူးတဲ့လေ။ ဒီသတင်းဟာ နောက်မှာတော့ အိမ်ဖြူတော်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်တဲ့ Shephanie Grisham ဟာ မမှန်ပါဘူးဆိုပြီး ပြန်လည်ချေပခဲ့ပါတယ်။

Shutterstock-Debby Wong

Trump ရဲ့အနမ်း

Melania ကို Trump က သမ္မတစစဖြစ်ခါစအချိန် လူရှေ့သူရှေ့နမ်းလိုက်တာ ကို့ရို့ကားယားနိုင်သွားတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ တော်တော်လည်း လူအဝေဖန်ခံခဲ့ရတာလေ။ ဒါကြောင့် အဲဒီနောက်ပိုင်း Melania ဟာ Trump နဲ့အတူတူ ပွဲတက်စရာရှိရင် ဒေါက်ဖိနပ်ပဲစီးတော့တယ်တဲ့။ အကြောင်းကတော့ Trump သူ့ကိုနမ်းရင်မမှီအောင်တဲ့လေ။ Melania ဟာ မော်ဒယ်လည်းဖြစ်၊ အရပ်ကလည်းရှည်ဆိုတော့ ဒေါက်အမြင့်စီးလိုက်ရင် တော်ရုံအမျိုးသားတွေ အမှီမှာတော့အမှန်ပဲ။ ဒါဟာလည်း နာမည်ကြီးနေတဲ့ ကောလဟာလတစ်ခုပါ။ နောက် ဦးထုပ်အကြီးကြီးဆောင်းတာတို့ဘာတို့လည်း ပါတာပေါ့။

READ
တာ့ခ်မင်နစ္စတန်သမ္မတဆီက ခွေးတစ်ကောင်လက်ဆောင် ရခဲ့တဲ့ ရုရှသမ္မတပူတင်

လက်တွဲပြီးလျှောက်ချင်လို့

နောက်တစ်ခုကတော့ လက်ကိုင်တဲ့ကိစ္စပါ။ ကြည့်ရတာ Melania က Trump နဲ့ လူရှေ့သူရှေ့မှာ လက်ကိုင်ရတာမကြိုက်ဘူးထင်ပါရဲ့။ သိချင်ရင် ဒီဗီဒီယိုမှာသာ ကြည့်ကြပါတော့။

ဖောက်ပြန်ပြန်၊ ကျွန်မစိတ်ဝင်စားဖို့မအားဘူး

ဒီလိုကတောက်ကဆလေးတွေ ရှိခဲ့ပေမယ့်လည်း Melania အနေနဲ့ မီဒီယာတွေကရဲရဲတင်းတင်းမေးလာခဲ့တဲ့ Trump ဖောက်ပြန်မှုသတင်းမှာတော့ သူမဟာ “ကျွန်မကမိခင်တစ်ယောက်ဖြစ်သလို တိုင်းပြည်အတွက်လည်း တာဝန်ကျေပွန်တဲ့ သမ္မတကတော်တစ်ယောက်ဖြစ်အောင် လုပ်နေရတာကြောင့် ဒီလိုကိစ္စမျိုးတွေ စိတ်မဝင်စားဘူး” လို့သာ ခပ်ပြတ်ပြတ်ဖြေခဲ့ပါတော့တယ်။ ဆိုလိုချင်တာ ကောလဟာလတွေဟာ သူမနဲ့ Trump လုပ်စရာတွေအများကြီးရှိနေတဲ့အတွက် ပါမွှားပဲလို့ ပြောချပစ်လိုက်တာပါ။

 

“သူကတော့ငိုမှာမဟုတ်ဘူး”

READ
ရှည်လျားလှတဲ့ခြေတံကြောင့် ငယ်စဉ်ကလှောင်ပြောင်ခံခဲ့ရကြောင်းဖွင့်ဟခဲ့တဲ့ အမျိုးသမီး

ဒါကေတော့ အခုလောလောလတ်လတ်မှ Trump ကိုယ်တိုင် Malenia နဲ့ပတ်သက်ပြီး ပြောခဲ့တဲ့စကားလေးပါ။ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းက Washington ရဲ့ Trump Hotel မှာ ပရဟိတရံပုံငွေပွဲတစ်ပွဲကျင်းပခဲ့ပါတယ်။ ပွဲကတော့ ၂၀၁၇ ခုနှစ်တုန်းက baseball ပွဲမှာ သေနတ်နဲ့ဝင်ပစ်ခဲ့တဲ့အကြမ်းဖက်မှုကို ခံခဲ့ရတဲ့နစ်နာသူတွေအတွက်ပါ။

အဲဒီအထဲကမှ Steve Scalise ကတော့ ဒဏ်ရာပြင်းထန်းတဲ့အတွက် Trump တစ်ယောက်ဆေးရုံကိုနောက်နေ့မှာပဲ သွားကြည့်ခဲ့ပါတယ်။ သူရောက်တော့ Steve Scalise ရဲ့ အမျိုးသမီးက ငိုထားတာ မျက်လုံးတွေကို မို့အစ်လို့တဲ့လေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Trump က “ဇနီးမယားတိုင်းကတော့ သူ့လိုခင်ပွန်းသေမလိုဖြစ်လို့ ငိုမိတယ်ဆိုတာ ရှားပေမယ့် ငါ့မိန်းမတော့ ငါသာလုပ်ကြံခံရရင် ဒီလို ငိုမယ့်အထဲမပါဘူး” ဆိုပြီး ခပ်ပြတ်ပြတ်ကိုပြောသွးခဲ့တယ်လို့ Independent မှာ ဖော်ပြထားပါတယ်။

Penny

SHARE