လကမ္ဘာကို အင်္ဂါဂြိုဟ်ရဲ့အစိတ်အပိုင်းလို့ အထင်ရှိနေတဲ့ သမ္မတကြီးဒေါ်နယ်ထရမ့်

အမေရိကန်ကြီး ဒေါ်နယ်ထရမ့်ကတော့ လကမ္ဘာကို အင်္ဂါဂြိုဟ်ရဲ့အစိတ်အပိုင်းလို့ အထင်ရှိနေပါတယ်။ သူဟာ NASA ရဲ့ လုပ်ရပ်တွေကို ဝေဖန်ရင်းနဲ့ သူရဲ့ထင်မြင်ချက်ကို ထည့်သွင်းရေးသားရာမှာ လကမ္ဘာကို အင်္ဂါဂြိုဟ်ရဲ့အစိတ်အပိုင်းအဖြစ် တိတိကျကျ ဖော်ပြထားပါတယ်။

သူ့ရဲ့တွစ်တာပို့စ်မှာ “ င်ါတို့ အသုံးပြုခဲ့တဲ့ ပိုက်ဆံတွေကို အားနာသောအားဖြင့် NASA အနေနဲ့ နောက်ထပ် လကမ္ဘာကိုသွားမယ် ဘာညာ မပြောသင့်တော့ဘူး … သူတို့ ဒါကို လွန်ခဲ့တဲ့ နှစ်(၅၀)လောက်ကတည်းက လုပ်ခဲ့ပြီးပြီလေ … သူတို့တစ်တွေ ဒီထက်ပိုကြီးတာတွေကို အာရုံစိုက်သင့်တယ် … အထူးသဖြင့် အင်္ဂါဂြိုဟ်လိုဟာမျိုးပေါ့ (လဆိုတာ အဲဒီက အစိတ်အပိုင်းတစ်ခုလေ) ”လို့ ရေးသားခဲ့ပါတယ်။

 

ထရမ့်က NASA ရဲ့ ငွေတွေဗုံးပေါလအောသုံးနေတဲ့ အဖြစ်ကို ဝေဖန်နေခဲ့တာ ဖြစ်ပါတယ်။ NASA ဟာ မကြာသေးခင်က လကမ္ဘာကို ပထမဆုံးအမျိုးသမီး အာကသယာဉ်မှူး စေလွှတ်မယ်ဆိုပြီး စီမံကိန်းချခဲ့ပြီး (၂၀၂၄)မှာ ဒီစီမံကိန်းက အကောင်အထည် ပေါ်လာဖွယ်ရှိနေပါတယ်။ နေးလ်အမ်းစထရောင်းကတော့ လကမ္ဘာကို ပထမဆုံးရောက်ရှိတဲ့ အာကသယာဉ်မှူးပါ။

READ
ဝက်ဝံတွေကို အငတ်ထားတဲ့ တိရစ္ဆာန်ရုံကို ပိတ်ပစ်ရန် တောင်းဆိုသူများရှိလာ

သူဟာ (၁၉၆၇)နှစ်မှာ လကမ္ဘာပေါ်မှာ ပထမဆုံးခြေရာချနိုင်ခဲ့တဲ့ လူသားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး (၁၉၇၂)ခုနှစ် နောက်ပိုင်းမှာ အဲဒီလကမ္ဘာပေါ်ကို လူသားအာကာသယာဉ်စေလွှတ်မှု ရပ်နားထားခဲ့တာဖြစ်ပါတယ်။ လကမ္ဘာပေါ်ကို ရောက်ရှိခဲ့သူတွေထဲမှာ အားလုံး အမျိုးသားတွေဖြစ်ခဲ့ပြီး၊ အခုအခါမှာ လကမ္ဘာက အမျိုးသမီးတစ်ဦးကို စေလွှတ်ဖို့ ပြင်ဆင်ခဲ့တာပါ။

NASA

အင်္ဂါဂြိုဟ်ကို ဂြိုဟ်နီကြီးလို့ခေါ်ကြပြီး၊ ကိုယ်ပိုင်ဂြိုဟ်ပတ်လမ်းကြောင်းနဲ့ ရပ်တည်နေပါတယ်။ ကမ္ဘာနဲ့အနီးစပ်ဆုံးနေရာကို ရောက်ရှိချိန် အကွာအဝေးဟာ ကီလိုမီတာသန်းပေါင်း(၅၀)ကျော် ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာမြေရဲ့အကွာအဝေးဟာ လနဲ့ကမ္ဘာရဲ့အကွာအဝေးရဲ့ အဆပေါင်း(၂၀၀)လို့ သိရပါတယ်။ ဒါကြောင့် NASA အခုအချိန်ထိ လူသားတစ်ဦးတစ်ယောက်မှ ပို့လွှတ်နိုင်ခြင်း မရှိသေးဘဲ၊ ကင်းထောက်ယာဉ်နဲ့ အခြားဆယ်သွယ်ရေးပစ္စည်းအချို့ကိုသာ စေလွှတ်နိုင်ပါသေးတယ်။

လင်းသုတ (Shwemom)

SHARE