ဆိုရှယ်မီဒီယာကို စိတ်ကုန်ပြီး IG စတားအဖြစ်က နှုတ်ထွက်သွားတဲ့ မော်ဒယ်လေး

အသက်(၁၈) နှစ်အရွယ် social media influencer တစ်ဦးဖြစ်သူ အက်စနာ အိုနေးလ်ဟာ အင်စတာမော်ဒယ်အဖြစ် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ သူမဟာ မော်ဒယ်အနေနဲ့ အလုပ်လုပ်ကိုင်ရာမှာ ဒေါ်လာထောင်နဲ့ ချီပြီး ၀င်ငွေရှိပါတယ်။ သူမရဲ့ အင်စတာဂရမ်အကောင့်မှာတော့ follower ပေါင်း (၅၈၀,၀၀၀) နီးပါးရှိပါတယ်။ ဒါပေမယ့် မကြာခင်ကတော့ အက်စနာဟာ သူမအကောင့်ထဲက ပုံ(၂,၀၀၀) ကိုဖျက်ပြီး ဆိုရှယ်မီဒီယာဟာ သူမဘ၀အမှန်မဟုတ်ပါဘူးလို့ ဆိုကာ လူတိုင်းကို မြင်သမျှမယုံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

instagram
instagram

သူမက သူမရဲ့ ဓာတ်ပုံတွေကို စာတွေ ပြန်ရေးပြီး ၄င်းဓာတ်ပုံတွေရဲ့ နောက်ကွယ်မှာ သူမဘယ်လို ဒုက္ခခံခဲ့ရတယ်ဆိုတာကို ပြန်လည်ရှင်းပြခဲ့ပါတယ်။  “မသိလိုက် မသိဘာသာနဲ့ပဲ ကျွန်မဘ၀ရဲ့ ဆယ်ကျော်သက်ဘ၀ အများစုကို ဆိုရှယ်မီဒီယာပေါ်မှာပဲ ဖြုန်းတီးမိခဲ့တယ်။ ကိုယ့်ရဲ့ ရုပ်ပိုင်းသွင်ပြင်ကို လူတွေကြိုက်ဖို့၊ လူတွေထဲဝင်ဆန့်ဖို့ ဒီထဲမှာပဲ အချိန်ကုန်ခဲ့ရတယ်။” လို့ဆိုပါတယ်။

READ
(၉)နှစ်အရွယ်ကလေးကို မညှာမတာရိုက်ခဲ့တဲ့အဖိုးအို ရဲဖမ်းခံရ
instagram
instagram

ဒါ့အပြင် သူမက ဆိုရှယ်မီဒီယာဆိုတာ လူပတ်ဝန်းကျင်က သဘောတူညီတာ ၊ like တွေ၊ သတင်းတွေနဲ့ follower ဘယ်လောက်ရှိတယ်ဆိုတာကို ပြသတဲ့ စနစ်တစ်ခု ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။ သူမက ဆိုရှယ်မီဒီယာရဲ့ ဆိုးဝါးတဲ့အကျိုးသက်ရောက်မှုတွေကို ထောက်ပြခဲ့ပါတယ်။ အမျိုးသမီးငယ်လေးတွေကိုလည်း အင်စတာဂရမ်မှာ တွေ့တဲ့ ပုံလှလှတွေမှန်သမျှကို မယုံကြည်ဖို့ တိုက်တွန်းခဲ့ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ လူတွေဟာ လက်တွေ့မှာ ဆိုရှယ်မီဒီယာထဲမှာ ပုံဖော်ထားသလို မဟုတ်တာကို နားလည်ကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။

instagram
instagram

တစ်ခါတစ်လေ အင်စတာဂရမ်မှာ မြင်ရတဲ့ ပုံတွေမှာ သူမလှနေခြင်းဟာ မိတ်ကပ်ကြောင့် ဖြစ်ကြောင်းနဲ့ ၀က်ခြံတွေရှိပေမယ့် မိတ်ကပ်က အဆင်ပြေလို့ ကျေနပ်နေတဲ့ ပုံတွေသာများကြောင်း ပြောပြပါတယ်။ တစ်ခါတစ်လေမှာတော့ အင်စတာဂရမ်ပေါ်တင်ဖို့ ပုံအဆင်မပြေတဲ့အခါ ဒီပို့စ်တစ်ခုထဲကိုပဲ အကြိမ်(၁၀၀) လောက် အထပ်ထပ်ရိုက်ကူးရတာတွေလည်း ရှိကြောင်း ပြောပြခဲ့ပါသေးတယ်။ သူမအနေနဲ့ တချိန်လုံး ဆိုရှယ်မီဒီယာနဲ့ပဲ အလုပ်များနေရတာကြောင့် ကိုယ့်ကိုကိုယ် ချောင်ပိတ်မိထားသလို ဖြစ်ရတဲ့အပြင် တစ်ခါတစ်ရံမှာ ဒေါသထွက်ရတဲ့အကြောင်းလည်း အက်စနာက ငြီးတွားခဲ့ပါတယ်။ အက်စနာဟာ ဆိုရှယ်မီဒီယာရဲ့ ဖိအားတွေကို မခံနိုင်တော့လို့ အခုအခါ အင်စတာဂရမ်စတားအဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီးဖြစ်ကြာင်း သိရပါတယ်။

READ
အခုကစပြီး သူ့ကိုဟယ်ရီလို့သာ ခေါ်ဝေါ်ဖို့တောင်းဆိုလိုက်တဲ့ မင်းသားဟယ်ရီ
instagram
instagram

လင်းလင်း (ShweMom)

Ref: Boredpanda

SHARE