လေယာဉ်ခေတ္တရပ်နားစဉ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ ထိုင်းစားဖိုမှုးတစ်ဦးရဲ့အဖြစ်မှန်

facebook/สถานเอกอัครราชทูต ณ กรุงมอสโก

မော်စကိုလေဆိပ်မှာ လေယာဉ်ခေတ္တရပ်နားစဉ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ ထိုင်းစားဖိုမှုးတစ်ဦးကို (၄၃) ရက်ကြာပြီးနောက်မှ ပြန်တွေ့ခဲ့ရကြောင်း bangkokpost အရ သိရပါတယ်။ သိရတာကတော့ ၄င်းစားဖိုမှုးဟာ ဘန်ကောက်ပြန်ဖို့ (၅) ရက်ကြာအောင် စောင့်ရမယ်ဆိုပြီးသိရတဲ့အတွက် အားရပါးရသောက်စားဖို့ ဆိုပြီး လေဆိပ်အပြင်ကို ထွက်သွားခဲ့တာလို့ ဆိုပါတယ်။

ထိုသူဟာ အသက်(၃၆) နှစ်အရွယ် Uthai Waenbarb  ဆိုသူဖြစ်ပါတယ်။ သူ့ကိုတော့ မော်စကိုလေဆိပ်ကနေ (၂၇) ကီလိုမီတာကွာဝေးတဲ့ ကင်မ်ကီမြို့မှာ အင်္ဂါနေ့တုန်းက အသက်ရှင်လျက် ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Uthai ဟာ ဟန်ဂေရီနိုင်ငံ ဘူးဒါးပက်စ်မြို့မှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ Uthai ရဲ့ဆွေမျိုးတွေကတော့ ထိုင်းကို အလာခရီးစဉ်မှာ မော်စကိုလေယာဉ်ကွင်းမှာ ရုတ်တရုက်ကြီး Uthai ပျောက်ဆုံးသွားတဲ့အတွက် ထိုင်းအာဏာပိုင်တွေဆီကို လူပျောက်တိုင်ထားခဲ့တာပါ။ Uthai ကို နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကတော့ ဇွန်လ(၁၅) ရက်နေ့ လေယာဉ်ပြောင်းစီးဖို့စောင့်ဆိုင်းနေတဲ့အချိန် မော်စကိုလေဆိပ်မှာ ဖြစ်ပါတယ်။

READ
သမ္မတဟောင်းအိုဘားမားနဲ့ ချွတ်စွပ်တူနေတဲ့ ကလေးငါးယောက်ဖခင် သွားလေရာမျက်နှာပွင့်
facebook/สถานเอกอัครราชทูต ณ กรุงมอสโก

Uthai ရဲ့ ဟန်ဂေရီမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကလည်း Uthai ဟာ ထိုင်းမပြန်ခင်မှာ သူတို့နဲ့ စားသောက်သွားခဲ့သေးကြောင်း ပြောပြပါတယ်။ ဒါကြောင့် Uthai ရဲ့ ဆွေမျိုးတွေက ဘူးဒါးပက်စ်ကနေ လေယာဉ်စီးလာပေမယ့် ထိုင်းနိုင်ငံပြန်မရောက်ပဲ လမ်းမှာတင် ပျောက်သွားတဲ့ Uthai ကို စိတ်ပူပြီး လိုက်ရှာခဲ့ကြတာပါ။ Uthai ရဲ့ ဆွေမျိုးတွေဟာ ထိုင်းသံရုံး၊ ရုရှားသံရုံးနဲ့ ဟန်ဂေရီသံရုံးအသီးသီးဆီကိုလည်း အကူအညီတောင်းခဲ့ကြပါတယ်။

facebook/สถานเอกอัครราชทูต ณ กรุงมอสโก

ဒါပေမယ့် နောက်ဆုံးမှာတော့ မော်စကိုကနေ Uthai ကို ကင်မ်ကီမြို့မှာ ပြန်တွေ့ပြီဆိုပြီး ထိုင်းသံရုံးကို အကြောင်းကြားခဲ့တာပါ။ သူ့ကိုတော့ သံရုံးကနေ ကားနဲ့ သွားခေါ်လာခဲ့တယ်လို့ သိရပါတယ်။ Uthai  ပြန်ပြောပြတာက သူဟာ မော်စကိုလေဆိပ်မှာ ထိုင်းနိုင်ငံဆီ ပြန်မယ့် လေယာဉ် transit စောင့်ဆိုင်းနေကြောင်း၊ ဒါပေမယ့် လေကြောင်းလိုင်းအမှုထမ်းကို မေးလိုက်တဲ့အခါ လေယာဉ်ကို (၅) ရက်လောက် စောင့်ရမယ်လို့ ပြောကြောင်း၊ ဒါကြောင့် အပြင်ကို အရက်သောက်ဖို့ ထွက်လာခဲ့ကြောင်း ပြောပြပါတယ်။

READ
ထွက်ပြေးနေရတာကို ငြီးငွေ့လွန်းလို့ လာရောက်အဖမ်းခံတဲ့ ဗြိတိန်အလိုရှိဆုံးရာဇ၀တ်သား
facebook/สถานเอกอัครราชทูต ณ กรุงมอสโก

ထို့နောက်မှာတော့ လေဆိပ်ထဲက စောင့်ဆိုင်းဧရိယာထဲမှာ ဆိုင်ဝန်ထမ်းတစ်ယောက်နဲ့ စကားများပြီး ရဲအဖမ်းခံလိုက်ရကြောင်း၊ နောက်ပိုင်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ သူ့ နိုင်ငံကူးလက်မှတ်နဲ့ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကလည်း အားလုံးပျောက်ဆုံးကုန်ပြီဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။  Uthai ကို သံရုံးကနေ တဆင့် Uthai ရဲ့ မိသားစုဆီ ဖုန်းဆက်ဖို့ စီစဉ်ပေးခဲ့ကာ ထိုင်းနိုင်ငံဆီပြန်ဖို့ ယာယီနိုင်ငံကူးလက်မှတ်ကိုလည်း ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

https://www.youtube.com/watch?v=ZxOM4X5TvYU

လင်းလင်း (ShweMom)

SHARE