မင်းသမီးတစ်ယောက်နဲ့ သူ့ရဲ့ အချစ်ရေးအကြောင်းကို ထုတ်ပြောလိုက်တဲ့ တိုင်ရွန်

Image:fb/Tyron Bejay

မော်ဒယ် မင်းသား တိုင်ရွန်ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို  အပြည့်အ၀ ရရှိထားသူ တစ်ယောက်ပါ။လက်တလောမှာ ပရိသတ်တွေကြားမှာလည်း အရမ်းကို  အပြောများနေတဲ့ ကိစ္စတစ်ခု တော့ ရှိပါတယ်။ အဲ့ဒါကတော့ တိုင်ရွန်ရဲ့ အချစ်ရေးကိစ္စပါ။မင်းသမီးတစ်ယောက်နဲ့ တိုင်ရွန်တို့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကောလာ ဟလ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။လက်ရှိထွက်ပေါ်နေတဲ့ အဲ့ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တိုင် ရွန်က သူ့ရဲ့ FB Story မှာ အခုလို ပြန်ရှင်းပြခဲ့ပါတယ်။

Image:fb/Tyron
Image:fb/Tyron Bejay

“ခင်ဗျားတို့ ထင်နေတဲ့ အဲ့ဒီမင်းသမီးနဲ့က ပြတ်တာကြာပြီ Ok.?လိုက်နေတယ်ဆိုတဲ့ တလွဲတွေ တော်တော့….” ဆိုပြီး တင်ထားပါတယ်။

Image:fb/Tyron Bejay

တိုင်ရွန် ရဲ့ ရုပ်ရှင်ဇာတ်ကားအနေနဲ့ ကတော့ လက်တလောမှာ ပုရိသ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသလျက်ရှိပါတယ်။ဒီဇာတ်ကားမှာတော့ တိုင်ရွန်၊ခိုင်သင်းကြည်၊နေခြည်ဦး၊ထက်အောင်ရှိုင်း၊ရဲအောင်၊ကျော်ရဲအောင်…တို့ သရုပ်ဆောင် ထားပါတယ်။တိုင်ရွန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း Aroma ရဲ့ ဖက်ရှင်ရှိုးကို မင်းသမီးအိချောပိုနဲ့ အတူ တွဲပြီး လျှောက်ခဲ့ပါသေးတယ်။

READ
မြန်မာ့ရေမြေအလှမှာ ပျော်ရွှင်ချမ်းမြေ့ခဲ့ရတယ်ဆိုတဲ့ ကမ္ဘာကျော်တီဗွီ Presenter
Image:fb/aroma zulu wedding studio
Image:fb/Tyron Bejay
Image:fb/Tyron Bejay

Source : တိုင်ရွန်

SHARE