စက်ချို့ယွင်းကာ ဆူနာမီနီးနီးရှိတဲ့အင်အားဖြစ်သွားခဲ့တဲ့ဖြစ်သွားခဲ့တဲ့ တရုတ်ရေလှိုင်းတုကန်

YouTube/Patrikaidotcom

၂၀၁၉ ဇူလိုင်လ ၃၀ ရက်တုန်းက တရုတ်နိုင်ငံက လှိုင်းတုရေကန်အပန်းဖြေစခန်းတစ်ခုမှာ စက်ချို့ယွင်းမှုကြောင့်ဆိုပြီး ဆူနာနီနီးနီးအင်အားရှိတဲ့ ပြင်းအားနဲ့ လှိုင်းကြီးတစ်ခုဖြစ်ပေါ်ခဲ့တဲ့အတွက် ဒဏ်ရာရသူကရနဲ့ အုတ်အောသောင်းနင်းဖြစ်ခဲ့ကြတယ်လို့ တရုတ်မီဒီယာတော်တော်များများအပါအဝင် Times.com မှလည်း ဖော်ပြခြင်းခံခဲ့ရပါတယ်။

နေရာကတော့ တရုတ်နိုင်ငံ၊ Longing မှာ တည်ရှိတဲ့ Yuong Shuiyun ရေကစားဥယျာဉ်မှာပါဖြစ်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ကို အမှတ်မထင်မှတ်တမ်းတင်ထားမိခဲ့တဲ့ ဗီဒီယိုတစ်ခုဟာ တရုတ်လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ရာမှတစ်ဆင့် နာမည်ကြီးသွားခဲ့တာပါ။ ဗီဒီယိုထဲမှာတော့ ရုတ်တရက်ဆိုသလို ရေပြင်ဟာ အစနားကစပြီး တဖြေးဖြေးမြင့်တက်လာကာ အလယ်ပိုင်းရောက်တဲ့အခါမှာတော့ လှိုင်းကအောက်ကိုပြန်ကျပြီး အနောက်ဖက်မှာရှိနေတဲ့လူတွေကို အပေါ်စီးကနေ အားနဲ့ပုတ်ချပစ်လိုက်ပါတော့တယ်။

YouTube/Patrikaidotcom
YouTube/Patrikaidotcom

ကံအကောင်းဆုံးကတော့ အရှေ့ပိုင်းမှာနေနေတဲ့လူတွေပါပဲ။ လှိုင်းဟာ အဲဒီအရှေ့ပိုင်းကျမှ ပုတ်ချဖို့လုံလောက်တဲ့အမြင့်အတွက် အရှိန်စယူနေတာဖြစ်တဲ့အတွက် သူတို့ကတော့ ကောင်းကောင်းကြီး လွတ်သွားခဲ့ပြီး အလယ်ပိုင်းနဲ့ နောက်ပိုင်းမှာရှိတဲ့ လူတွေကတော့ တော်တော်လေးကို အထိနာခဲ့ကြပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်မှာတော့ လူပေါင်း ၄၄ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပြီး အဲဒီအထဲကမှ ၅ ယောက်ဟာတော့ ဆိုးဆိုးရွားရွားဖြစ်ခဲ့ကြလို့ ဆေးရုံကိုအရေးပေါ်တင်ခဲ့ရပါတယ်။

READ
သိပ္ပံပညာရှင်များ တွေ့ရှိခဲ့သည့် နှစ်ပေါင်း(၂၃၀၀)က ဓား၊ အခုထိ ထက်မြနေဆဲဖြစ်

လှိုင်းပြင်းမပြင်းကိုကတော့ ဗီဒီယိုထဲမှာ လှိုင်းပုတ်ချက်ဟာ ရေကန်ထဲတင်မဟုတ်ဘဲ အပြင်ဖက်အပေါ်ပိုင်းကလူတွေဆီကိုပါ လှမ်းပုတ်လိုက်တဲ့အတွက် အပေါ်မှာရှိနေတဲ့လူတွေတောင် အလဲလဲအပြိုပြိုဖြစ်ခဲ့ကြတာကိုပဲကြည့်ပါတော့။ ဒီလိုဖြစ်ပျက်သွားမှုကိုတော့ အပန်းဖြေဥယျာဉ်က တာဝန်ရှိတဲ့ ဝန်ထမ်းတွေကတော့ မီးပြတ်သွားလို့ စက်ချို့ယွင်းသွားတယ်လို့ ဖြေတဲ့သူကဖြေပြီး တချို့ဝန်ထမ်းတွေကတော့ ဒီပြောကြားချက်ကို မဟုတ်ဘူးလို့ ပြန်ငြင်းထားသူတွေလည်း ရှိနေပါတယ်။ အခုတော့ Yuong Shuiyun ရေကစားဥယျာဉ်ကို ယာယီပိတ်ထားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

https://www.youtube.com/watch?v=24-iwCaT2Pc

Penny

SHARE