ပြောင်းလဲလာတဲ့ Body အချိုးအစား ရလဒ်အပေါ် ကျေနပ်နေတဲ့ ထွန်းထွန်း

ထွန်းထွန်းကတော့ ဂီတဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ ထူးချွန်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။ Exa mple ဆိုတဲ့ အဖွဲ့နဲ့ လက်တွဲပြီး သီချင်းတွေ သီဆိုတုန်းကလည်း အရမ်းပေါက်ခဲ့သလို နောက်ပိုင်း သရုပ် ဆောင် ပိုင်းကို ရောက်လာတော့လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရခဲ့သူပါ။ အခုဆိုရင်တော့ ထွန်းထွန်းက သူချစ်တဲ့ ပရိသတ် တွေ အတွက် Work Out တွေ ကြိုးကြိုးစားစားလုပ်ပြီး Body အချိုးအစားကို ပြောင်းလဲပစ်ခဲ့ပါတယ်။

ထွန်းထွန်းရဲ့ ခန္ဓာကိုယ် အချိုးအစားကတော့ သိသိသာသာကြီးကို ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တော်တော် များများက မျက်နှာက အရင်နဲ့စာရင် အရမ်းကျသွားတဲ့ အပေါ် စိုးရိမ်ပူပန် နေကြပါတယ်။ ဒါကြောင့် ထွန်းထွန်းက သူ့ရဲ့ မျက်နှာ အခုလို သိသိသာသာကြီး ကျသွားရတဲ့ အကြောင်းအရင်းကို အခုလိုပြောပြခဲ့ပါတယ်။

READ
ချီးကျူးသံတွေနဲ့အတူ ဝေဖန်သံတွေပါ ကပ်ပါလာတဲ့ ဆောင်ဂျွန်ကီရဲ့ Battleship Island

“ဂျုံးနေရသောမျက်နှာထားရဲ့ အဓိက တရားခံများအားတွေ့ရှိစဉ်…Body Goal လေ Body Goal ..” ဆိုပြီး သူ့ရဲ့ အပေါ် ပိုင်းဗလာကျင်းပုံနဲ့ အတူ တင်ထားပါတယ်။ထွန်းထွန်း အခုလို Body အချိုးအစားကို ပြောင်း လဲ ခဲ့ရတဲ့ အကြောင်းအရင်းကတော့ မိုးယံဇွန်နဲ့ အလောင်းအစားလုပ်ပြီး ပြောင်းလဲပစ်ခဲ့တာပါ။အဲ့ဒီတုန်းကလည်း ထွန်းထွန်းက သူ့ရဲ့ IG မှာ အခုလို တင်ခဲ့ပါသေးတယ်။

“အားလုံးမင်္ဂလာပါ
✨လိုချင်တဲ့ muscle type ကို gym မှာ ✨Moe Yan Zun နဲ့ အလောင်းအစား လုပ်ပီး
✨ရက်၃၀ အတွင်း အပြင်းစားလေ့ကျင့်ခန်းနဲ့
သူရှောင်ခိုင်းတာတွေရှောင်လိုက်ရတာ
အခုတော့ #KoKoTunTun အဲလိုတွေဖြစ်သွားပီ ဘယ်လိုလဲ!!!!!???? #… ဆိုပြီး တင်ထားပါတယ်။အနုပညာလှုပ်ရှားမှုအနေနဲ့ဆိုရင်တော့ ထွန်းထွန်းသရုပ်ဆောင်ထားတဲ့ “ကြာတော့သည်လည်း မောင့်စ ကား” ဆိုတဲ့ ရုပ်ရှင်ကားရုံတင်ပြသနေပါတယ်။ဒီကားမှာတော့ စိုင်းစိုင်း၊ဖွေးဖွေးတို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

READ
ဘာစီလိုနာမှာ ပရိတ်သတ်ကို လက်သီးနဲ့ထိုးခဲ့တဲ့ ဂျက်စတင်ဘီဘာ

Source ထွန်းထွန်း

kk

 

SHARE