COVID – 19 ကာကွယ်ကုသ ရေးအတွက် လိုအပ်နေတဲ့ ပစ္စည်းတွေကို လှူခဲ့တဲ့ ထွန်းကိုကို

Image: Fb/Yanpaing Tunko

ထွန်းကိုကို ကတော့ MISTER ၊မော်ဒယ်၊မင်းသား တစ်ယောက်ပါ။ချောမောတဲ့ရုပ်ရည်နဲ့ ယောက်ျားပီသပြီး ခန့်ညားတဲ့ Body အရပ် အ မောင်းတို့ကို ပိုင်ဆိုင်ထားသူပါ။ပရဟိတ လှုပ်ရှားမှု တွေ မှာ မကြာခဏ ဆိုသလိုပါဝင် ပေးနေသူပါ။ နာရေး ကူညီမှု အသင်းနဲ့ လက်တွဲပြီး အသုဘ အတွက် ကူညီပေးတဲ့ အရာတွေ အပြင် သဘာ ၀ ဘေးအန္တရာယ်၊ မီးသတ် တဲ့ အလုပ် တွေမှာပါ သူတက်နိုင်တဲ့ ဘက်က နေ ကူညီပေး နေသူပါ။ COVID-19 အ  ရေး မှာလည်း ထွန်းကိုကိုက သူတက်နိုင်တဲ့ ဘက်က နေ တက်နိုင် သ လောက် ကူညီ အားဖြည့် ပေး ခဲ့ပါတယ်။

Image: Fb/Yanpaing Tunko
Image: Fb/Yanpaing Tunko

ဝေဘာဂီ ဆေးရုံမှာ လိုအပ်နေတဲ့ ပစ္စည်းတွေကို သွားရောက်လှူဒါန်းပေးခဲ့တာပါ။ဝေဘာဂီ ဆေးရုံ အတွက် လို နေတဲ့ အောက်စီမီတာ (၁၀)ခု၊အပူချိန် တိုင်းကိရိယာ (၂)ခု၊သွေး ပေါင်ချိန်စက်ကြီး နှစ်လုံး၊သွေးပေါင်ချိန် စက် သေး (၁) လုံး တို့ကို လှူုဒါန်းခဲ့ပါတယ်။ဒီအကြောင်းကိုတော့ ထွန်းကိုကိုရဲ့ Fb မှာ…

READ
Shawn နဲ့ Camila တို့ရဲ့ ခပ်ဆန်းဆန်းအနမ်းကို မှတ်ချက်ပေးလိုက်တဲ့ Justin Bieber
Image: Fb/Yanpaing Tunko

“ကျွန်တော် ထွန်းကိုကို နှင့် ထွန်းကိုကိုချစ်ကြသူများမှ
COVID – 19 ရောဂါ စောင့်ကြည့်ကုသရေးအတွက်
လိုအပ်နေသော ပစ္စည်းများကို
#ဝေဘာဂီဆေးရုံကြီး သို့
သွားရောက်လှူ ဒါန်းခဲ့ပါခင်ဗျာ
#အောက်စီမီတာ (၁၀) ခု
#အပူချိန်တိုင်းသာမိုမီတာ (၂) ခု
#သွေးပေါင်ချိန်စက် ကြီး(၂) လုံး
#သွေးပေါင်ချိန်စက် သေး (၁)လုံး လှူ ဒါန်းခဲ့ပါတ်ခင်ဗျာ
အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေခင်ဗျာ
🙏🙏🙏.. ဆိုပြီး ထွန်းကိုကိုရဲ့ Facebook မှာ ဝေမျှထားပါတယ်။

Source:Fb/Yanpaing Tunko

SHARE