ဗုံးလန့်လို့ ထွက်ပြေးရာမှ သေလုနီးပါးဒဏ်ရာရခဲ့တဲ့ ဂျူဗင်တပ်စ် ပရိသတ်(၂)ဦး

ဂျူဗင်တပ်စ်အသင်းပရိတ်တွေဟာ ရီးယဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ သူတို့အသင်းကို
အားပေးခဲ့ကြပေမယ့် ”မြွေပါလည်းရှုံး သားလည်းဆုံး”ဆိုတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်ပရိသတ်(၂)
သောင်းဝန်းကျင်ခန့်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တူရင်မြို့တော်ရင်ပြင်မှာ တိုက်ရိုက်ကြည့်ရှုပြီး အားပေးခဲ့ကြပေမယ့် ပွဲပြီးခါနီး(၁၀)မိနစ်အလိုမှာ ဗုံးလန့်မှုကြောင့် အလန့်တကြားထွက်ပြေးရာမှ ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့တာဖြစ်ပါ တယ်။

ဗုံးလန့်မှုကြောင့် အုတ်အော်သောင်းနင်းဖြစ်သွားသော ဂျူဗီပရိသတ်များ

ချန်ပီယံလိဂ်ပွဲစဉ်ပြီးဆုံးခါနီးမှာ ဂျူဗင်တပ်စ်ပရိသတ်တွေထဲက တစ်စုံတစ်ဦးက မီးရှုးမီးပန်းဖောက်ခွဲခဲ့ပါတယ်။ အဲဒီအသံကို ပရိသတ်တွေက ဗုံးအသံလို့ထင်မှတ်ပြီး အလန့်တကြားထွက်ပြေးခဲ့တာကြောင့် အချင်းချင်းတိုက်လဲမိခဲ့ကြသလို တက်နင်း မှုတွေလည်းဖြစ်ခဲ့ကြပါတယ်။ တူရင်မြို့ အာဏာပိုင်တွေရဲ့အဆိုအရ အဲဒီဗုံးလန့်တဲ့ဖြစ်ရပ်ကြောင့် ဂျူဗင်တပ်စ်ပရိသတ် (၁၀၀၀)ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ထိခိုက်မိပြီး ငိုကြွေးနေတဲ့ ပရိသတ်အချို့

အဲဒီဒဏ်ရာရတဲ့သူတွေထဲကမှ အသက်(၃၉)နှစ်အရွယ်ရှိတဲ့ မိန်းကလေးတစ်ဦးဟာ ရင်ဘတ်ကို ထိခိုက်မှုများကြောင့် အသက်အန္တရာယ်စိုးရိမ်နေရသလို အသက်(၇)နှစ်အရွယ်ရှိတဲ့ ကလေးငယ်တစ်ဦးဟာ ဦးခေါင်းနဲ့ ရင်ဘတ်ထိခိုက်တဲ့ ဒဏ်ရာတွေကြောင့် စိုးရိမ်ရတဲ့အနေအထားမှာရှိခဲ့ပါတယ်။

READ
(၉-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
ဖိနပ်များနဲ့ ပစ္စည်းများ ပျံ့ကြဲနေပုံ

အထက်ပါဗုံးလန့်တဲ့ဖြစ်ရပ်ပြီးသွားတဲ့အချိန်မှာတော့ တူရင်မြို့ပြည်သူ့ရင်ပြင်မှာတော့ ဂျူဗင်တပ်စ်အသင်းပရိသတ်တွေရဲ့ ဖိနပ်တွေ၊ လွယ်အိတ်တွေ၊ အခြားအသုံးအဆောင်ပစ္စည်းတွေဟာ အများအပြားပြန့်ကြဲနေခဲ့သလို ရင်ပြင်ရှိ ရုပ်ထုတွေ၊ ထိုင်ခုံတွေဟာလည်း ပျက်စီးခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့ပါတယ်။

M2T(Shwemom)
Source; BBC
SHARE