အမျိုးသားတစ်ဦးရဲ့ ကျောပေါ်ကအမွှေးတွေကို ထူးထူးခြားခြားပုံစံပြောင်းပစ်ခဲ့တဲ့ ဆံသဆရာ

တူရကီနိုင်ငံက ဆံသဆရာတစ်ဦးဟာ သူ့ရဲ့ ဆံသအစွမ်းကို ထူးထူးခြားခြား ပြသခဲ့ပါတယ်။ အဲဒါကတော့ သူဟာ ဆိုင်ကို လာတဲ့ ဧည့်သည်ရဲ့ နောက်ကျောပြင်က အမွှေးတွေကို စွပ်ကျယ်အင်္ကျီပုံပေါ်အောင် ရိတ်ပေးခဲ့တာပါ။ ဆံသဆရာနာမည်ကတော့ ဘီရတ်ပိုလာတာဂလူဆိုသူ အမျိုးသားပဲ ဖြစ်ပါတယ်။

instagram

ဘီရတ်ရဲ့ အံ့မခန်းဆံသပညာအစွမ်းကိုတော့ အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Dailymail သတင်းစာမျက်နှာရဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဗီဒီယိုထဲမှာတော့ စွပ်ကျယ်ဝတ်ထားတဲ့ အမျိုးသားဧည့်သည်တစ်ယောက်ဟာ ကျောပေးလျက် ထိုင်နေပါတယ်။ ထိုအမျိုးသားဧည့်သည်ဟာ ကျောဘက်မှာ အမွှေးအမျှင်တွေ ဗရပျစ်နဲ့ ရှိနေပါတယ်။ ဒီအခါ ဆံသဆရာဟာ ရိုးရိုးသင်တုန်းစက်ကိုယူပြီး ထိုဧည့်သည်ရဲ့ စွပ်ကျယ်အနားသတ်နေရာတွေကို ရှောင်ကာ ကျောပြင်အပေါ်ဘက်တစ်ခုလုံးကို သင်တုန်းစက်နဲ့ လိုက်ဖြတ်ခဲ့ပါတယ်။ အားလုံးပြီးတဲ့အခါမှာတော့ ဧည့်သည်အမျိုးသားရဲ့ ကျောပြင်မှာရှိတဲ့ အမွှေးတွေဟာ စွပ်ကျယ်ဝတ်ထားသလိုမျိုး ပုံပေါ်လာတာ ဖြစ်ပါတယ်။

 

View this post on Instagram

 

SONUNDA ISTEDİĞİNİZ OLDU KILLARINI KESTİK 🙏✂️😲👍(. Kıllının Son videosu FİNALİ YAPTIK ) @memetbruskmed

A post shared by Berat Polatoğlu (@beratpolatoglu) on

တွေ့ရတဲ့ ဆံသဆရာဟာ YouTube မှာတော့ ထင်ရှားသူတစ်ယောက်ဖြစ်ပြီး subscriber ပေါင်း (၂) သောင်း ရှိပါတယ်။ ဗီဒီယိုမှာ တွေ့ရတဲ့အတိုင်းဆို ဆံသဆရာက ဟာသဥာဏ်ရှိသူတစ်ယောက်ဖြစ်တယ်ဆိုတာ ထင်ရှားပေမယ့်လည်း သူဟာ အလုပ်အပေါ်မှာ စိတ်ပြင်းပြင်းပြပြထားသူတစ်ဦး ဖြစ်ပါတယ်။ အခုတွေ့ရတဲ့ ဗီဒီယိုအပြင် အခြားထူးဆန်းတဲ့ ဆံပင်စတိုင်မျိုးစုံကိုလည်း သူက ညှပ်ပေးနိုင်ပါတယ်။ အင်စတာဂရမ်ပေါ်မှာလည်း follower ပေါင်း (၁၈၀,၀၀၀) ရှိနေတဲ့ ဘီရတ်က သူ့ကိုယ်သူ ကမ္ဘာ့ထိပ်တန်းဆံပင်ပညာရှင်တစ်ဦးအဖြစ် ခံယူထားကြောင်းလည်း သိရပါတယ်။

READ
အချိုရည်တစ်ဘူးကြောင့် စတိုးဆိုင်ထဲမှာ ရုန့်ရင်းဆန်ခတ် ဖြစ်ခဲ့ရတဲ့အဖြစ်
instagram
instagram

လင်းလင်း (ShweMom)

SHARE