ရှုံးနိမ့်မှုတွေကို အောင်မြင်မှုအဖြစ် ဘယ်လိုပြောင်းလဲမလဲ

ra2studio/Shutterstock

သင့်ဘ၀မှာ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ဖူးမှာပါ။ သင်မှမဟုတ်ပါဘူး လူတိုင်းက ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ဖူးကြတာချည်းပါပဲ။ တချို့ကလည်း ရှုံးနိမ့်မှု ဒဏ်ကို မခံနိုင်ပဲ လုံးဝကို အရှုံးပေးလိုက်ကြတယ်။ တချို့ကလည်း ရှုံးနိမ့်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး အောင်မြင်မှုအဖြစ် ပြန်လည်ပြောင်းလဲ ပစ်လိုက်ကြတယ်။

ကဲ…..။ ရှုံးနိမ့်မှုတွေကို အောင်မြင်မှုအဖြစ် ဘယ်လိုပြောင်းလဲမလဲ။ အောက်မှာပါတဲ့အချက်လေးတွေကို ဖတ်ကြည့်လိုက်ရအောင်။

(၁)။ ရှုံးနိမ့်မှုတွေကို လက်ခံပါ

ကိုယ်က တကယ့်ကို ကြိုးကြိုးစားစားလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး၊ ရလဒ်မကောင်းခဲ့ဘူးဆိုရင် အဲဒီအတွက် စိတ်ပျက်နေစရာမလိုပါဘူး။ ကိုယ့်ရဲ့ ရှုံးနိမ့်မှုကို ကျေကျေနပ်နပ်ကြီး လက်ခံရမှာဖြစ်ပြီး အဲဒီ အရှုံးကနေ သင်ခန်းစာ ပြန်ယူရမှာပါ။ ဒီတစ်ကြိမ်မှားပြီးပြီဆိုရင် နောက်တစ်ကြိမ်တော့ မှန်မှာပေါ့။

interstid/Shutterstock
(၂)။ အချိန်ပေးပါ

ဘာကြောင့်မို့ ကိုယ် ရှုံးနိမ့်သွားတယ်ဆိုတဲ့အကြောင်းကို သေချာ အချိန်ပေးပြီး စဉ်းစားပါ။ ဘာကြောင့် ကိုယ်မအောင်မြင်ခဲ့တာလဲ။ ဘာကြောင့် ကိုယ်နောက်ကျကျန်ခဲ့တာလဲဆိုတာကို သေချာစဉ်းစားဖို့အတွက် အချိန်တစ်ခုတော့ လိုပါလိမ့်မယ်။ ဒီတော့ သင်ကျရှုံးနေတဲ့အချိန်မှာ စိတ်ခံစားမှုနောက်ကို လိုက်ပြီး လုပ်ချင်ရာ လုပ်မနေပဲ အချိန်ပေးပြီး ပြန်စဉ်းစားတာက အကောင်းဆုံးပါ။

READ
ဗီယက်နမ်မှာ နာမည်ကြီးနေတဲ့ ကြက်ဥဘီယာ
(၃)။ နောက်တစ်ကြိမ်မှာ မလွဲမသွေအောင်မြင်ရမယ်လို့တွေးပါ

ဒီတစ်ကြိမ်မှာ ရှုံးခဲ့ပေမယ့် နောက်တစ်ကြိမ်မှာတော့ မလွဲမသွေ အောင်မြင်ရမယ်လို့သာ တွေးပါ။ သင့်အနေနဲ့ နောက်ထပ် လှေကားတစ်ဆင့်ကို တက်ဖို့အတွက် ဒီရှုံးနိမ့်မှုက သင့်ကို အထောက်အကူဖြစ်စေတယ်လို့သာ တွေးထားသင့်ပါတယ်။ အောင်မြင်တဲ့သူအများစုဟာ ရှုံးနိမ့်မှုတွေကို ကြိုးစားပြီး ဖြတ်သန်းခဲ့ရတယ်ဆိုတာ မမေ့ပါနဲ့။

crazystocker/Shutterstock
(၄)။ စွန့်စားရဲတဲ့စိတ်မွေးပါ

သင့်အနေနဲ့ နောက်ဆုံးလက်ကျန် အခွင့်အရေးတစ်ခု ရှိနေသေးတယ်ဆိုရင်တောင် အဲဒီအခွင့်အရေးကို အသုံးချဖို့ နောက်တွန့်မနေပါနဲ့။ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရပြီဆိုတဲ့အခါ နောက်တစ်ကြိမ်အောင်မြင်ပါဦးမလား ဆိုတဲ့အတွေးမျိုး သင်ဝင်လာမှာသေချာပါတယ်။ သင်သာ တကယ်အောင်မြင်ချင်တယ်ဆိုရင် လုပ်စရာရှိတာတွေကို ရဲရဲဝံ့ဝံ့သာလုပ်ပါ။ စွန့်စားစရာတွေရှိလာရင်လည်း စွန့်စားလိုက်စမ်းပါ။

(၅)။ ကိုယ့်ရဲ့အရည်အချင်းတွေကို ဒီ့ထက်ပိုတိုးတက်လာဖို့ကြိုးစားပါ

သင့်ဆီမှာ အရည်အချင်းမပြည့်ဝတာကြောင့် အောင်မြင်မှု မရသေးတာလို့ သင်ထင်နေရင် သင့်ရဲ့အရည်အချင်းတွေ ဒီ့ထက်ပို တိုးတက်လာဖို့ ကြိုးစားသင့်တာပေါ့။ သင် အောင်မြင်ချင်တဲ့ နေရာနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေကို ပိုပြီးကြိုးကြိုးစားစား လုပ်မယ်ဆိုရင် နောက်ဆုံးမှာ အောင်မြင်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုတာ အသေအချာပဲလေ။

READ
လက်ရှိအသက်ထက် ငယ်ရွယ်တဲ့ရုပ်ရည်ပိုင်ဆိုင်နိုင်မယ့်အလေ့အကျင့်များ
Halfpoint/Shutterstock

Linn

Source : Wikihow

SHARE