အလုပ်ခွင်ထဲကဖိအားတွေကို လျော့ချနိုင်မယ့် အကောင်းဆုံးနည်းလမ်း(၅)ခု

G-Stock Studio/Shutterstock

သင့်ရဲ့အလုပ်မှာ ဖိအားတွေများလွန်းလို့ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ဘာမှမလုပ်ချင်မကိုင်ချင်၊ ဘာမှလုပ်ဖို့ အားမရှိတော့ပဲ အိပ်ယာထဲ တန်းဝင်လိုက်ရတာမျိုး ဖြစ်နေလား။ ဒါမှမဟုတ် တစ်ချိန်လုံး အလုပ်အကြောင်းပဲ ခေါင်းထဲရောက်နေပြီး ဘ၀ကြီးက တခြားပျော်စရာတွေ မရှိသလို ခံစားနေရသလား။

ဒီလိုဆိုရင် အောက်မှာ ဖော်ပြထားတဲ့အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါနော်။ ဒီအချက်တွေက သင့်ရဲ့အလုပ်ခွင်ထဲက ဖိအားတွေကို လျော့ချနိုင်ဖို့ အကောင်းဆုံး ကူညီပေးမှာဖြစ်ပြီး သင့်ကို ပျော်စရာကောင်းတဲ့နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေလိမ့်မယ်။

(၁)။ မနက်စာကောင်းကောင်းစားပါ

ဘယ်လောက်ပဲ အလုပ်ရှုပ်တဲ့နေ့ကို ရင်ဆိုင်ရဖို့ရှိနေပါစေ မနက်စာကိုတော့ သင့်ရဲ့အကြိုက်ဆုံး မနက်စာ ဖြစ်နေအောင် ပြင်ဆင်ပြီး စားသင့်ပါတယ်။ ဒီကနေမှ သင့်ရဲ့စိတ်ကျေနပ်မှု စတင်လာမှာဖြစ်ပြီး သင့်အနေနဲ့ တစ်နေ့တာအလုပ်တွေအတွက် အဆင်သင့်ဖြစ်လို့နေမှာပါ။

monticello/Shutterstock
(၂)။ သင့်ရဲ့တစ်နေ့တာလုပ်စရာတွေကလွဲပြီး တခြားအရာတွေကိုခေါင်းထဲမထည့်ပါနဲ့

မနက်ဖြန်မှာ ဘာလုပ်စရာရှိလဲ၊ နောက်လမှာ ဘာလုပ်ရမလဲ…စတဲ့ ရှည်ရှည်ဝေးဝေး ကိစ္စတွေကို ခေါင်းထဲကနေ တတ်နိုင်သလောက် ထုတ်ထားတာက သင့်အတွက် အလုပ်ခွင်ထဲက ဖိအားတွေကို လျော့ချပြီးသား ဖြစ်မှာပါ။ ဒီနေ့တစ်နေ့တာအတွက် လုပ်စရာတွေကိုသာ အာရုံစိုက်ပြီး တစ်ခုချင်း ပြီးအောင်လုပ်သွားတာက သင့်ရဲ့ဖိအားတွေကို တစ်ဝက်လောက် လျော့ကျသွားပါလိမ့်မယ်။

READ
လူငယ်တွေကို လူကြီးတွေသိစေချင်တဲ့အချက်(၇)ချက်
(၃)။ ကိုယ့်ကိုယ်ကိုယ်ချီးကျူးပါ

အလုပ်တစ်ခုကို အောင်အောင်မြင်မြင်ပြီးဆုံးသွားတိုင်း တခြားတစ်ယောက်ချီးကျူးတာကို စောင့်မနေပဲ ကိုယ့်ကိုယ်ကိုယ်သာ အရင်ဆုံးချီးကျူးပါ။ တစ်ချို့ခက်ခဲတဲ့အလုပ်တွေကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ရင် ကိုယ့်အတွက်ကိုယ် လက်ဆောင်တစ်ခုဝယ်ပြီး အောင်မြင်မှုအတွက် ဂုဏ်ပြုလိုက်ပါ။

fizkes/Shutterstock
(၄)။ သင့်အိပ်မက်ကိုမမေ့လိုက်ပါနဲ့

သင်ဖြစ်ချင်တဲ့ သင့်ရဲ့အိပ်မက်နဲ့ လက်ရှိအလုပ်က ဘယ်လိုပဲ ကွာခြားနေပါစေ ဒါက အိပ်မက်ဆီကိုသွားဖို့ ခြေလှမ်းတစ်လှမ်းလို့ပဲ ခံယူထားပါ။ သင်အကောင်းဆုံးလုပ်နေလေလေ သင့်အိပ်မက်နဲ့ နီးလာလေလေ လို့ပဲတွေးပါ။ သင် အလုပ်မှာနေပျော်သွားပါလိမ့်မယ်။

(၅)။ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ညစာကောင်းကောင်းစားဖို့မမေ့နဲ့

အလုပ်များတဲ့အချိန်၊ အလုပ်တွေပိနေတဲ့အချိန် နေမကောင်းဖြစ်တာမျိုးက လူတင်မကပဲ စိတ်ကိုပါ မကျန်းမမာဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့တစ်နေ့တာအလုပ်ချိန်ပြီးပြီဆိုတာနဲ့ အပေါ့စားလေ့ကျင့်ခန်းလေးတွေ လုပ်ပေးဖို့ မမေ့ပါနဲ့။ ဒါ့အပြင် ညစာကိုလည်း ကောင်းကောင်းစားပြီး တစ်နေ့တာပင်ပန်းသမျှကို ညစာလေးနဲ့ ပြန်လည်ချေဖျက်ပစ်လိုက်ပါ။

TORWAISTUDIO/Shutterstock

Linn

Source : wikihow

SHARE