“Rocky” ထဲက လိပ်လေးတွေကို နှစ်(၄၀)ကျော်ကြာအောင် တယုတယနဲ့ မွေးခဲ့တဲ့စတားလုံး

Youtube/ cuff and link Instagram/officialslystallone

ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါ သရုပ်ဆောင်တဲ့လူတွေတင် ဇာတ်ကားတွေထဲ ထပ်ကာတလဲလဲပါဝင်တာ မဟုတ်ပါဘူး။ တိရစ္ဆာန်လေးတွေလည်း အလျဉ်းသင့်ရင် သင့်သလို သင့်တော်ရာဇာတ်ကားထဲ အကြိမ်ကြိမ် ပါဝင်သရုပ်ဆောင်ရလေ့ ရှိပါတယ်။ အခုဆိုရင်လည်း ကမ္ဘာကျော်ဝါရင့်သရုပ်ဆောင် မင်းသားကြီးတစ်လက်ဖြစ်တဲ့ ဆီလ်ဗက်စ်စတာစတားလုံးရဲ့ အော်စကာဆုရဇာတ်ကား Rocky ထဲမှာ ပါဝင်ဖူးတဲ့ လိပ်လေးတွေကို Creed 2 ဇာတ်ကားထဲမှာ ပြန်လည်တွေ့ရှိရတာ ဖြစ်ပါတယ်။

(၁၉၇၆) ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Rocky ဇာတ်ကားထဲမှာ ပါဝင်ခဲ့ဖူးတဲ့ စတားလုံးရဲ့ အချစ်တော် ခွေးဘီလူးကြီး ဘတ်ကပ်စ်ဟာ (၁၉၈၁) ခုနှစ်မှာ သေဆုံးသွားခဲ့ပါပြီ။ ဒါပေမယ့် ဇာတ်ကားထဲ ပါဝင်ခဲ့တဲ့ အခြားတိရစ္ဆာန်စတားနှစ်ကောင်ကတော့ ယနေ့တိုင်ကျန်ရှိနေဆဲပဲ ဖြစ်ပါတယ်။ အဲဒီတိရစ္ဆာန်တွေကတော့ လိပ်တွေပဲ ဖြစ်ပါတယ်။

Rocky ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ လိပ်ကလေးတွေဟာ Creed 2 ရိုက်ကူးစဉ်မှာတော့ အသက်(၄၄) နှစ်ရှိတဲ့ အရွယ်ရောက်ပြီး လိပ်ကြီးတွေ ဖြစ်နေပါပြီ။ စတားလုံးရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာတော့ သူ့နဲ့ နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးလာပြီဖြစ်တဲ့ လိပ်ကြီးတွေနဲ့ ဓာတ်ပုံအတူတွဲရိုက်ထားတာကို တွေ့မြင်ရမှာပါ။ လိပ်ကြီးနှစ်ကောင်ရဲ့ နာမည်ကတော့ Cuff နဲ့ Link ဖြစ်ကြောင်း သိရပါတယ်။ စတားလုံးဟာ Rocky ဇာတ်ကားရိုက်ပြီးတည်းက အဲ့ဒီလိပ်ကြီးနှစ်ကောင်ကို မွေးမြူထားခဲ့တာလည်း ဖြစ်ပါတယ်။

 

View this post on Instagram

 

In CREED 2 with my original buddies from the first Rocky … CUFF and LINK , now about 44 years old!

A post shared by Sly Stallone (@officialslystallone) on

လင်းလင်း (ShweMom)

SHARE