သတင်းတင်ဆက်နေစဉ် သွား,ကျွတ်သွားပေမယ့်၊ အလုပ်ကို ဆက်လုပ်ခဲ့တဲ့ အမျိုးသမီး

Instagram/Marichka Padalko

ပြီးခဲ့တဲ့ဇူလိုင်လ (၁၅)ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း ကိုဗစ်အခြေအနေ သတင်းထုတ်ပြန်မှုကို တင်ဆက်ခဲ့တဲ့ အမျိုးသမီးသတင်းတင်ဆက်သူတစ်ဦးဟာ သတင်းတင်ဆက်နေစဉ်မှာ သွားတစ်ချောင်း မတော်တဆ ကျွတ်ထွက်သွားခဲ့ပါတယ်။ သို့သော်လည်း သူမဟာ တင်ဆက်မှုကို ရပ်ဆိုင်းခဲ့ခြင်းမရှိဘဲ အရှိန်မပြတ် ဆက်လက်တင်ဆက်ခဲ့ပါ။

သတင်းတင်ဆက်သူရဲ့အမည်ကတော့ Marichka Padalko ဖြစ်ပါတယ်။ သူမဟာ TSN ရုပ်မြင်သံကြားဌာနရဲ့ သတင်းထောက်တစ်ဦးလည်း ဖြစ်သလို၊ အချိန်ပိုင်း သတင်းတင်ဆက်သူအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူပါ။ ယူကရိန်းနိုင်ငံရဲ့ ကိုဗစ်အခြေအနေကို တင်ဆက်နေစဉ်မှာ သွားကျွတ်ထွက်သွားခဲ့တာပါ။

https://www.instagram.com/p/CAF0uHjJz6q/

သူမ သွားတစ်ချောင်း ကျွတ်သွားတာကို စောင့်ကြည့်နေတဲ့ ပရိသတ်တစ်ချို့ကလည်း မြင်ခဲ့ရပါတယ်။ ဒီကိစ္စကို Marichka ကိုယ်တိုင် အင်စတာဂရမ်မှာ ဝန်ခံခဲ့ပါတယ်။ သူမက “ သတင်းတင်ဆက်တဲ့အတွေ့အကြုံ လုပ်သက် နှစ်(၂၀)လောက်မှာ ဒီအဖြစ်အပျက်က အစပ်စုခံရဆုံး ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ ”လို့ ရေးခဲ့ပါတယ်။

https://www.instagram.com/p/CALWwJBpljk/

READ
နိုင်ငံခြားသူချောချောလေးကို လက်ထပ်နိုင်ခဲ့ပြီးတော့ Dating Club ဖွင့်လှစ်ခဲ့တဲ့ အမျိုးသား

Marichka ဟာ လွန်ခဲ့တဲ့(၁၀)နှစ်လောက်က မတော်တဆမှုတစ်ခု ဖြစ်ခဲ့ဖူးပြီး၊ အဲဒီတုန်းကတည်းက ခပ်နဲ့နဲ့ဖြစ်နေတဲ့သွားက အခုမှ ကျွတ်ထွက်သွားတဲ့သဘောမျိုး ဖြစ်နိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ထိုစဉ်တုန်းက သမီးရဲ့ပယောဂနဲ့အတူ ခေါင်းပေါ်တည့်တည့် ချိတ်ထားတဲ့ သတ္ထုနာရီကြီးက Marichka ရဲ့ ပါးစပ်ပေါ် ပြုတ်ကျခဲ့တာပါ။

https://www.instagram.com/p/CCqr6gsJ-1_/

ဘယ်လိုပဲဖြစ်ဖြစ် ထင်မှတ်မထားတဲ့ အခြေအနေတစ်ခုမှာ မတော်တဆမှုတစ်ခုကြောင့် ဟန်ချက်မပျက်အောင် ထိန်းနိုင်ဖို့ဆိုတာ တော်ရုံလူ မလွယ်ကူပါဘူး။ လုပ်ငန်းတစ်ခုမှာ ပရိုကျကျ ဖြတ်သန်းနေသူတွေကတော့ ဖြစ်လာတဲ့အခြေအနေအပေါ်ကို ချော်လဲရောထိုင် ဟန်မပျက်ရင်ဆိုင်နိုင်ကြပါတယ်။

လင်းသူရိန်

SHARE