ဖုန်း၊TV နဲ့ ကွန်ပျူတာကို တစ်ချိန်လုံး ကြည့်တာက ကင်ဆာရောဂါဖြစ်နိုင်ချေ ပိုများစေ

Image:shutterstock / By aslysun

ကူးစက်ရောဂါ ကြောင့် အပြင်မထွက်ရပဲ အိမ်ထဲမှာေ နပြီး အချိန် ဖြုန်းနေတဲ့  အချိန် ၊အားလပ်နေတဲ့ အချိန် တွေမှာ အိမ်မှာပဲ နေပြီး TV၊ကွန်ပျူတာနဲ့ ဖုန်း တွေကို ကြည့်ပြီး အချိန်ဖြုန်းတာမျိုးက အရမ်း အန္တရာယ်များတယ်ဆိုပြီး Dr. Barbara Sturm  က သတိပေးလိုက်ပါတယ်။လူတွေ က တခြား လုပ်စရာမရှိတော့ ကိုယ်ကိုယ်တိုင် တောင် မသိလိုက်ပဲ ဒီလို အရာ တွေ အပေါ်မှာ အကြာကြီး အချိန်ဖြုန်း နေမိ တတ်ကြပါတယ်။

Image:shutterstock/By Milan Ilic Photographer

Screen တွေကို တစ်ချိန် လုံး ကြည့်နေတာမျိုးက HEV  လို့ ခေါ်တဲ့ High Energy Visible light  တွေ နဲ့ အများကြီး ထိ တွေ့ နေမိကြောင်း၊HEV ဟာ နေက နေ ထွက်တဲ့ UV(ultraviolet rays ) လို မျိုးပဲ အန္တရာယ် အရမ်း များတယ်လို့ Dr. Barbara Sturm က ပြောခဲ့ပါတယ်။HEV ကြောင့်  အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊အသားအ ရေ တွေ တွဲကျတာ၊ကင်ဆာရောဂါ ဖြစ်နိုင်ချေ ကို ပိုမြင့်တက်စေတာမျိုးအထိ ပါ ဖြစ် စေနိုင်တယ်လို့  မကြာသေးမီက လေ့လာ တွေ့ရှိချက်တစ်ခုမှာ ဖော်ပြ ထားပါတယ်။လူတစ်ယောက်ဟာ တစ်နေ့ ကို Screen တွေကို ကြည့်ချိန် (၁၀) နာရီ လောက်  ရှိကြောင်း၊Screen တွေ က ထွက်လာတဲ့ အလင်းတွေ ကို မျက်လုံးက တစ်ချိန် လုံး ထိ တွေ့ နေရ တယ်လို့ ဆိုပါတယ်။ဒါကြောင့် Dr. Sturm  ကတော့  နေပူထဲ ကို သွားတဲ့ အခါ မှာ UV ကို ကာကွယ်ဖို့ လုပ်သလို မျိုးပဲ ကိုယ့်အိမ်မှာပဲ နေပူထဲကို သွားရင် ကာကွယ်သလို မျိုးပဲ ကာကွယ်ကြဖို့ တိုက်တွန်းခဲ့ ပါတယ်။

READ
ကြက်သားစားသုံးခြင်းနဲ့ ကင်ဆာဟာ ဆက်စပ်နေကြောင်း လေ့လာချက်တစ်ခုက ဆို
Image: pixabay/StartupStockPhotos

အကာအကွယ် အ နေနဲ့ နေကာမျက်မှန် တပ်တာမျိုး၊အရေ အပြား အတွက် ထုတ်တဲ့ ထုတ်ကုန်တွေ ကို အသုံးပြု တာမျိုး၊Screen ကြည့်ချိန်ကို တက်နိုင်သ လောက် လျော့ ချ တာမျိုး လုပ်ဖို့ အကြံ ပြု ခဲ့ပါတယ်။အိပ်ချိန် ရောက်ရင် အိပ်ရမယ်ဆိုတာမျိုး မဖြစ် တော့ပဲ Cortisol လို့ ခေါ်တဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ ဟော်မုန်းကို ထုတ်ပေးတဲ့ အတွက် ဖုန်း၊ကွန်ပျူတာနဲ့ TV တွေ ကြည့်ရင် ညဖက် ကောင်းကောင်း အိပ်  မပျော် တာ မျိုး ဖြစ်စေပါတယ်။အမျိုးသားတွေ မှာဆိုရင် ဆီးကြိတ်ကင်ဆာ၊အမျိုးသမီးတွေ မှာဆိုရင်တော့ ရင်သားကင်ဆာ ဖြစ်နိုင် ချေ တွေ ကိုပါ ပိုမြင့်တတ် စေနိုင်ပါတယ်။

Ref;Dailymail

SHARE