‘Crash Landing on You’  ဇာတ်သိမ်းပိုင်း Behind-The-Scene Making ဗီဒီယိုဖိုင်

Image Source :tvN

‘Crash Landing on You’ ဇာတ်ကားကတော့ (၂၀၂၀) ဖေဖော်ဝါရီ (၁၆) ရက်နေ့ မှာ ပြသ ပြီးစီးခဲ့ပါပြီ။ပရိသတ်တွေ အရမ်း နှစ်သက် ခဲ့တဲ့ ဇာတ်ကား ကောင်းလေး ဖြစ်ခဲ့ပါတယ်။မိန်းကလေး ပရိသတ်တွေ ကြားမှာ ဗိုလ်ကြီးဆိုပြီး  တော်တော်လေး ရေပန်းစားခဲ့ပါတယ်။ ‘Crash Landing on You’ ကိုတော့  တောင်ကိုရီးယား၊ဆွစ် ဇလန်နဲ့ မွန်ဂိုလီးယားနိုင်ငံ တို့မှာ သွားရောက်ရိုက်ကူးခဲ့ပါတယ်။

Image Source :tvN
Image Source :tvN

ဇာတ်ကားပြသ ပြီးချိန်မှာတော့ tvN ကတေ ဇာတ်ကား ရိုက်ကွင်း နောက်ကွယ်က ဗီဒီယိုဖိုင် ကို ဖေဖော်ဝါရီ (၁၈) ရက်နေ့က ထုတ် ဖော်ပြ သ လိုက်ပါတယ်။နောက်ဆုံး အပိုင်း ရိုက်ခဲ့တုန်းက ရိုက်ကွင်း နောက်ကွယ်က ပုံရိပ်တွေ ပါ။ Yoon Seri ( Son Yejin ရဲ့ ဇာတ်ကောင်နာမည်) နဲ့  Ri Junghyuk ( Hyun Bin ရဲ့ ဇာတ်ကောင် နာမည်) တို့ ဆွစ်ဇလန် မှာ ဆုံကြတဲ့ ပျော်စရာ အခန်းလေး တွေ၊ နှုတ်ဆက်ခွဲ ခွာ ကြတဲ့ ဇာတ်ဝင်ခန်း နောက်ကွယ်က ရိုက်ကွင်း ပုံရိပ်တွေကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။

READ
ချစ်သူ G Fatt ကို ကျီစယ် ဂုဏ်ပြုပေးလိုက်တဲ့ နန်းဆုရတီစိုး

Gu Seungjoon (Kim Junghyun ရဲ့ ဇာတ်ကောင်နာမည်) နဲ့  Seo Dan (Seo Jihye ရဲ့ ဇာတ်ကောင်နာမည်)တို့ ရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်း ရိုက်ကွင်း နောက်ကွယ်က ပုံ ရိပ်တွေ လည်း ပါပါတယ်။ဒါ့အပြင် ‘Crash Landing on You’ အဖွဲ့ သားတွေက ဇာတ်ကား ဇာတ်သိမ်းသွားတာနဲ့ ပတ်သက်ပြီး သူတိုရဲ့ ခံစားချက် ထင်မြင် ယူဆ ချက်တွေကို ရင်ဖွင့်ထားတာလည်း ပါပါတယ်။

Source:tvN

SHARE