လေဆိပ်အဟောင်းကြီးကို တစ်ဖန်အသက်သွင်းပြန်သွင်းထားတဲ့ ဟိုတယ်

နယူးယောက်ခ့်မြို့ရှိ John F. Kennedy အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟောင်းကို အခုအခါ ဟိုတယ်အဖြစ် ပြန်ပြောင်းဖွင့်လှစ်ထားပါတယ်။ ဟိုတယ်ရဲ့ နာမည်ကိုတော့ TWA လို့ သိရပြီး jet လေယာဉ်ခေတ် အငွေ့အသက်ကို အပြည့်ဝခံစားရမှာဖြစ်တယ်။

Jen Woo

ဒီ လေဆိပ်ဟာ (၂၀၀၁) ခုနှစ်မှာ လည်ပတ်ပြေးဆွဲမှုတွေကို ရပ်စဲခဲ့ပြီး အဲ့ဒီ့နှစ် အောက်တိုဘာလမှ ပိတ်ခဲ့ပါတယ်။ Eero Saarinen ရဲ့ ဒီဇိုင်ဖြစ်ပြီး (၁၉၆၂) ခုနှစ်တည်းက တည်ဆောက်ခဲ့တဲ့ မူလ လက်ရာမှာပဲ ဇိမ်ခံဟိုတယ်ကို ဖွင့်လှစ်ခဲ့တာဖြစ်တယ်။

Dwell

ဧည့်သည်တွေရဲ့ ကြိုတင်စာရင်းသွင်းမှုတွေကို ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ စတင်လက်ခံခဲ့ပြီး အခုလို ပြန်လည် အသက်သွင်း ပြင်ဆင်ခဲ့တဲ့သူတွေကတော့ နယူးယောက်ခ့်မြို့အခြေစိုက် ဒီဇိုင်ကုမ္ပဏီဖြစ်တဲ့ Lubrano Ciavarra, INC., Beyer Blinder Belle နဲ့ Stonehill Taylor တို့ဖြစ်ပါတယ်။

Jen Woo
Jen Woo

မူလရှိတဲ့ လေယာဉ်စောင့်တဲ့ ဧရိယာကိုလည်း လော်ဘီ၊ စီးပွားရေး စင်တာ၊ အခမ်းအနား ကျင်ပရာနေရာအဖြစ် ဆက်လက်ထားရှိတယ်။ အရင်တုန်းက နာမည်ကျော်ခဲ့တဲ့ The Beatles, The 5th Dimension စတဲ့ တီးဝိုင်အဖွဲ့တွေရဲ့ သီချင်းသံတွေဟာ ဟိုတယ်အတွင်း လွင့်ပျံနေတယ်။ နောက်ပြီး မုန့်ပဲသရေစာတွေ တင်ထားတဲ့ လှည့်ကိုလည်း အပြည့်တွေ့ရပြီး သောက်စရာ ယာမကာ အစုံအလင်ကိုလည်း ဟိုတယ် ဧည့်ခန်းမကြီးထဲမှာ ပြင်ဆင်ပေးထားပါတယ်။

READ
သခင်တွေနဲ့အတူ ဘတ်စ်ကားအိုလေးစီးကာ ကမ္ဘာပတ်ခဲ့တဲ့ ခွေးလေး 

အခန်းတွေဆီ သွားတဲ့ဖို့လမ်းကလည်း လေယာဉ်စီးသွားတဲ့ လှိုဏ်ခေါင်းလမ်းတစ်လျှောက် ၀င်သွားရပြီး Catch Me If You Can ဇာတ်ကားကိုတောင် သတိရသွားစေနိုင်ပါတယ်။ အခန်းအတွင်း အပြင်အဆင်တွေကလည်း အမေရိကန်နိုင်ငံရဲ့ မော်ဒန်ခေတ်လယ်တုန်းကအတိုင်း ထားရှိပေးထားပြီး အသုံးအဆောင်တွေကအစပါပဲ။

Jen Woo

ဧည့်သည်တွေအနေနဲ့ ပြည်တွင်း၊ ပြည်ပခေါ်ဆိုမှုတွေကို အကန့်အသတ်မရှိခေါ်ဆိုနိုင်ပြီး အရင်တုန်းက အသုံးပြုခဲ့တဲ့ လက်လှည့်ဖုန်းတွေကို ထားပေးထားတယ်။ မှန်ပြတင်းကကြည့်မယ်ဆိုရင် ပြေးလမ်းတစ်လျှောက် ရှုခင်းတွေကို ခံစားနိုင်မှာဖြစ်တယ်။

Jen Woo

ဂျက်လေယာဉ် အင်ဂျင်အသံဆူမှာ အတွက်လည်း စိတ်ပူစရာမရှိပါဘူး။ ကြမ်းကအစ မျက်နှာကျက်အထိ Fabbrica မှန်နဲ့ တည်ဆောက်ထားပြီး အဲ့ဒီ့မှန်အမျိုးအစားဟာ ကမ္ဘာပေါ်မှာ ဒုတိယအထူဆုံးဖြစ်တယ်လို့ သိရတယ်။ အခန်းထဲမှာဆိုလည်း ဘားအသေးစားလေး ထည့်ပေးထားပြီး ရှိန်ပိန်၊ ကော့ညက်တို့အပြင် ဂျိမ်းစဘွန်းသောက်တဲ့ မာတီနီတောင် စပ်သောက်လို့ ရအောင် စီစဉ်ပေးထားတယ်။

READ
စင်္ကာပူကိုမသွားခင် သိထားသင့်တဲ့ ဥပဒေများ
Jen Woo
Jen Woo
Jen Woo

အခမ်းအနားကျင်းပဖို့အတွက် လူဦးရေ (၁၆၀၀) ၀င်ဆံ့ပြီး ပေ (၅၀၀၀၀) ပတ်လည်ကျယ်ဝန်းတဲ့ နေရာရှိတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ၊ အားကစားတွေ လုပ်နိုင်ဖို့ ပေ (၁၀၀၀၀) ပတ်လည် ကျယ်တဲ့ အားကစားခန်းမရှိတယ်။ ကမ္ဘာအရပ်အရပ်က အစားအသောက်တွေ၊ အရသာတွေကို ခံစားနိုင်ဖို့လည်း စားသောက်ဆိုင် (၆) ဆိုင်ရှိတယ်။ သောက်ဖို့အတွက်ကတော့ ဘား (၈) ခုရှိတယ်။

Jen Woo

ဒီဟိုတယ်ဟာ မော်ဒန်ခေတ်လယ်ရဲ့ တိုးတက်မှုတွေ၊ ပရိဘောဂတွေ၊ အနုပညာလက်ရာတွေကို အပြည့်အ၀မြင်တွေ့ရမယ့် ဟိုတယ်တစ်ခုဖြစ်တယ်။ (၁၉၆၈-၁၉၇၁) က ၀တ်ဆင်ခဲ့တဲ့ လေယာဉ်မယ် ယူနီဖောင်းကိုလည်း ချိတ်ဆွဲပြသထားတယ်။

Jen Woo

လာမည့် မေလ (၁၅) ရက်နေ့ကစပြီး ခရီးသွားတွေ ရက်တို၊ ရက်ရှည် တည်ခိုးနိုင်ပြီဖြစ်သလို၊ မြန်မြန်ဆန်ဆန် ရေချိုးဖို့အတွက်ဖြစ်စေ၊ အီးမေးလ်တွေပဲ စစ်စစ်၊ လေ့ကျင့်ခန်းပဲ လုပ်ချင်လုပ်ချင်၊ စားဖို့သောက်ဖို့အတွက် ခရီးတစ်ထောက်နားချင်တာပဲဖြစ်စေ အားလုံးကို TWA ဟိုတယ်မှာ လုပ်နိုင်ပါတယ်။ အခန်းဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၂၄၉) ကျပ်က စတယ်လို့ သိရပါတယ်။

Dwell

Ref: Dwell

Matthew (ShweMOM)

 

 

SHARE