များပြားလွန်းတဲ့ hate comments တွေကြောင့် TWICE အဖွဲ့ အတွက် စိုးရိမ်နေတဲ့ SUNMI

Instagram/Twice

Kpop girl group အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE အဖွဲ့ဟာဆိုရင် online မှာ များစွာသော hate comments တွေနဲ့ တိုက်ခိုက်ခြင်း  ခံနေရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး SUNMI က Kpop အနုပညာရှင်အချင်းချင်း စိုရိမ်မိတယ်ဆိုတဲ့ အကြောင်းကို You Tube channel တစ်ခုမှာ ပြောကြားထားပါတယ်။

 

View this post on Instagram

 

⭐ beauties 😍 #twice #jihyo #nayeon #jeongyeon #momo #sana #mina #dahyun #chaeyoung #tzuyu

A post shared by TWICE 트와이스 🇰🇷 (@officlal.twice) on

SUNMI က ဒီလို ဝေဖန်ခံရတဲ့ comments တွေနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ခုလို ပြောပြခဲ့ပါတယ် “ ဒါက ကျွန်မတစ်ယောက်တည်း ခံစားရတာ မဟုတ်ပါဘူး kpop အနုပညာရှင်တော်တော်များများဟာ ဒီလို မုန်းတီးတဲ့ သူတွေရဲ့ ဝေဖန်မှုကို ခံကြရတာပါ ဒီလူတွေဟာ ဇာတ်လမ်းတွေအမျိုးမျိုး ထွင်ပြီး တိုက်ခိုက်တတ်ကြပါတယ် ဒါတွေအားလုံးဟာ အမှန်တွေ မဟုတ်ပါဘူး” ဆိုပြီး သူမရဲ့ ခံစားမှုတွေကို ပြောပြသွားခဲ့ပါတယ်။

READ
အချစ်မှာသတ္တိရှိဖို့လိုတယ်ဆိုတာ လုပ်ပြသွားတဲ့ညီမလေးလို့ကို ချီးကျူးလိုက်တဲ့ အောန်ဆိုင်း

 

 

View this post on Instagram

 

👅👅👅

A post shared by SUNMI (@miyayeah) on

ပရိတ်သတ် တစ်ယောက်ကတော့ အဲဒီ့ကိစ္စနဲ့ ပတ်သက်ပြီး comment မှာ ခုလိုရေးသားထားပါတယ် “ TWICE အဖွဲ့တွေလည်း အဲဒီ့လိုပဲ ကြုံတွေ့နေရတာပါ အဲဒီ့ ဝေဖန်မုန်းတီးတဲ့ comments တွေကို သူတို့ဖတ်မိသွားမှာကို စိုးရိမ်မိတယ်” ဆိုပြီး ရေးသားထားပြီး SUNMI က “ ဟုတ်ပါတယ် ကျွန်မတို့ ဒါတွေကို မြင်မိတဲ့အခါ ဖြစ်လာတဲ့ ဒေါသကိုတော့ ထိန်းထားရမှာပါပဲ တစ်နေ့နေ့တော့ ဒီလို comments တွေကို ဂရုမစိုက်ဖို့ နည်းရှာတွေ့သွားမှာပါ ကျွန်မကိုယ်တိုင်တောင် TWICE အဖွဲ့ဝင်တွေ ကိုယ်စား ဒေါသဖြစ်မိပါတယ် သူတို့ရဲ့ ပရိတ်သတ်တွေကလည်း စိုးရိမ်ပြီး နာကျင်နေကြမှာပါ” ဆိုပြီး ပြန်လည်ရေးသားထားပါတယ်။

READ
ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာလေ့လာချင်တဲ့သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းများ

Khin

SHARE